သတင်းတို

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းအားခန့်အပ်

This article has been converted from Zawgyi One to Unicode

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းအား ခန့်ထားလိုက်ကြောင်း နိုင်ငံတော် ယနေ့ ထုတ် အစိုးရ သတင်းစာများတွင်ဖော်ပြထားသည်၊ ပြီးခဲ့သည့် ရက်ပိုင်းက သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ဖယ်ရှား အရေးယူပြီးနောက် ယခုကဲ့သို့  ဒုဝန်ကြီးဦးစိုးဝင်းကို ဝန်ကြီးအဖြစ် တိုးမြှင့်ခန့် ထားလိုက်ခြင်းဖြစ်သည်၊ အသစ် ခန့်အပ်သည့်  ဦးစိုးဝင်းသည် ယခင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ပြီး၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာ့အလင်း သတင်းစာတိုက်တွင် ငွေကျပ် သိန်း ၈၀၀၀ ငွေစာရင်း ကွာဟမှု ဖြစ်ပေါ်ခဲ့ဖူးသည့်အတွက်  မကြာသေးမီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီကို ပြောကြားခဲ့သေးသည်။

Loading