သတင်းတို
KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်
This article has been converted from Zawgyi One to Unicode
ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော (အသက် ၉၄ နှစ်) သည် ဇွန်လ ၂၆ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲစရီယန်း ( မိုင်းလုံကြီး) ရှိ နေအိမ်မှာ ကွယ်လွန်သွားသည်၊ ဗိုလ်ချုပ်ကြီး တာမလာဘောသည် ၁၉၄၉ ခုနှစ် ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ခဲ့သူ တဦးဖြစ်ပြီး၊ သမီးဖြစ်သူ နော်စီဖိုးရာစိန်မှာ လက်ရှိ KNU ဒု ဥက္ကဋ္ဌ ဖြစ်ပြီး၊ သားများဖြစ်သည့် ဗိုလ်ချုပ် ဘီလပ်စိန်နှင့် ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA )တို့တွင် တာဝန်ထမ်းဆောင်နေသည်။