• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

“The Open Sky” လူ့အခွင့်အရေးရုပ်ရှင် ဘာကြောင့် မပြသလဲ

by မွန်မွန်မြတ်
27 June 2014
in Human Rights
A A
လူမျိုးရေး, ဘာသာရေး, အဓိကရုဏ်း,

လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ပိတ်ပွဲတွင် ဆုရကားတကားကို ဆုချီးမြှင့်စဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

15k
VIEWS
Share on FacebookShare on Twitter

အောင်မြင်ကျော်ကြားသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏နာမည်ကို လူမှုကွန်ယက်ပေါ်တွင် နာမည်ဖျက်ခြင်း၊ အွန်လိုင်း သတင်းစာ ဂျာနယ်များပေါ်မှ နာမည်ဖျက်ခြင်းများဖြင့်သာ နာမည်သေရမည်ဆိုလျှင်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုသည့် နာမည် သည်နိုင်ငံတွင် သေဆုံးခဲ့ပြီးသားဖြစ်ပါလိမ့်မည်။

နာမည်ဖျက်ခြင်း (Characters Assassination) ဆိုသည်က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို  ထိခိုက်ရုံသာဖြစ်သည်။ လူမျိုးရေး မုန်းတီးမှုများပေါ်ပေါက်လာစေရန်၊ ဘာသာရေး အဓိကရုဏ်းများဖန်တီးရန် ရည်ရွယ်ချက်ဖြင့် မမှန်ကန်သောသတင်းစကားများကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖြန့်ဝေခြင်းကတော့ ဆိုင်ဘာရာဇဝတ်မှုမြောက်ပါသည်။ ဆိုင်ဘာလူသတ်မှုမြောက်ပါသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
77
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
62
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
218

မြန်မာလိုရေးသော လူမှုကွန်ယက်များတွင်တော့ အမျိုးချစ်သည်ဟု ကြေငြာသူအတော်များများသည် နာမည်အတုများ၊ ပရိုဖိုင်းအတုများဖြင့် ရေးလေ့ရှိကြသည်။  “အမျိုး ဘာသာ သာသနာ” ဆိုသည့် ဆိုင်းဘုတ်တပ်၊ သာသနာ့အလံ (သို့မဟုတ်) နိုင်ငံ့အလံကို ပရိုဖိုင်တင်ပြီး အမှောင်ထဲမှနေ လက်သီးပုန်းထိုးချင်ကြသော သူရဲကောင်းများ လူမှုကွန်ယက်ပေါ်တွင် မှိုလိုပေါက်နေပြီး မြန်မာပြည်နိုင်ငံရေးကို အမှောင့်ပယောဂသွင်းဖို့ကြိုးစားနေကြသည်မှာ အသေအချာဖြစ်သည်။

ထူးဆန်းသည်တစ်ခုက ထိုပယောဂဆရာများကို ဘာအရေးယူမှုမျိုးမှမရှိသေးပဲ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားခြင်းပင်ဖြစ်သည်။ သို့တည်းမဟုတ် မည်သူကမျှ အရေးယူရန် တိုင်ကြားခြင်းမရှိသေး၍ အရေးမယူသေးတာလည်းပဲ ဖြစ်နိုင်ပါသည်။

အကယ်၍ ကမ္ဘာကြီးက ရွာတစ်ရွာဆိုလျှင် လူမှုကွန်ယက်ဆိုသည်က ထိုရွာထဲက အိမ်တစ်လုံးစာ မိသားစုတစုစာသာ ဖြစ်ပါလိမ့်မည်။ သန်းပေါင်း၆၀၀၀ ကျော်ထဲက လူတစ်ယောက်ကိုခြေရာခံဖို့ရာပင် မခက်ခဲလှသော သည်ခေတ်ထဲတွင် လူမှုကွန်ယက်ထဲက လူတယောက်ကို ဖေါ်ထုတ်ဖို့ကတော့ ကလေးကစားသလောက်ပင် လွယ်ကူပါသည်။
နာမည်အတုဖြင့်ရေးရေး၊ပရိုဖိုင်းပုံမတင်ပဲထားထား အထူးသဖြင့် ကိုယ့်ကိုယ်ကိုဖေါ် မသူတော်တွေများလှသော လူမှုကွန်ယက်ပေါ်တွင် အပြန်အလှန် ပြောဆိုရေးသားမှုများမှတဆင့် အလွယ်တကူ ခြေရာကောက်နိုင်ပါသည်။

ခြေရာခံခြင်း

မကြာသေးမီက လူမှုကွန်ယက်များပေါ်တွင် ပေါ်ထွက်ခဲ့သည့် အမျိုးမျိုးအဖုံဖုံသော ကောလဟာလများကြောင့် လူမျိုးရေးအဓိကရုဏ်းတခု ဖြစ်ပွားမည့် အန္တရာယ်ကို ရှောင်ရှားလို၍ လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်တွင် မပြသဖြစ်ပဲ ပြသရန် ရွှေ့ဆိုင်းခဲ့သည့် မှတ်တမ်းရုပ်ရှင်ကား တကားဖြစ်သည့် “The Open Sky”ကို ခြေရာခံကြည့်မည်ဆိုလျှင်တော့ ပြသနာအရင်းခံများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံမှ ထုတ်လုပ်သော ပြိုင်ပွဲဝင် ရုပ်ရှင်ကားငါးကားတွင် “The Open Sky” က တကားအပါအဝင် ဖြစ်သည်။ ထိုမှတ်တမ်းရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သူများမှာ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံမှ ဖွင့်လှစ်သည့် လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ရိုက်ကူးမှုသင်တန်းတွင်တက်ရောက်ခဲ့သည့် သင်တန်းသား ၁၂ ယောက်ဖြစ်သည်။

“The Open Sky” မှတ်တမ်းရုပ်ရှင်ကားမှာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းကို အခြေမခံပဲ တနယ်ထဲသား မိတ်ဆွေ ဘာသာမတူသည့် အမျိုးသမီးနှစ်ယောက်ကြားမှ မေတ္တာတရားကို အခြေခံသည့်၊ ဘာသာမတူသူများကြား အတူယှဉ်တွဲ နေထိုင်နိုင်မည့် ငြိမ်းချမ်းရေးကို ဖော်ကျူးကာ ရိုက်ကူးထားသည့် မှတ်တမ်းကားတကား ဖြစ်၍ ပြသသင့်သည်ဟု ယူဆကာ ခွင့်ပြုခဲ့သည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်ဆင်ဆာမှ တာဝန်ရှိသူတဦး ကိုယ်တိုင်ပြောကြားခဲ့သည်။

ဇွန် ၁၅၊ ၂၀၁၄

မိတ်ဆွေများထံမှ လူမှုကွန်ယက်တွင်ပြန့်နှံ့နေသည့် ကောလဟာလများနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုပြီး သတိပေးခဲ့သည့်နေ့က ရုပ်ရှင်ပွဲတော် စတင်သည့် ဇွန် ၁၅ ရက်နေ့ မနက် စောစောကတည်းကဖြစ်သည်။အောက်ပါ Screen Shot အရဆိုလျှင်လည်း လူမှုကွန်ယက်ပေါ်တွင် မိမိကိုယ်ကို Self employed and Anti-Bangali Activist ဘင်္ဂါလီဆန့်ကျင်သူအဖြစ် ခံယူထားသည့် လူပေါင်း ၆၂၀၀ ကျော် နောက်လိုက်ရှိသည့် Qing Minya (ရှင်မင်းယာ) အမည်ဖြင့် ဖွင့်ထားသော အကောင့်ပေါ်တွင် စတင်ဖြန့်ဝေခဲ့သည်မှာလည်း ဇွန်လ၁၄ရက်နေ့ကမှဖြစ်ပါသည်။

ဇွန်လ ၁၅ရက်နေ့တွင် နောက်ထပ် Post တခုကို ထပ်တင်ထားပြန်သည်။ ထူးဆန်းသည်က ရေးသားထားသည့်အချက်များထဲတွင် “Crew ထဲတွင် မြန်မာအမျိုးသား ၂ ဦးနှင့် မွတ်ဆလင်အမျိုးသမီး ၁ ဦးပါဝင်သည်” ဆိုသည့် အချက်အလက်က အတွင်းလူမှသာ သိနိုင်သည့် အချက်အလက်မျိုး ဖြစ်နေသည်။ နောက်တချက်ကတော့ ထိုရုပ်ရှင်ကားကို မပြသဖြစ်ရန်အတွက် သတင်းမှားများပေးကာ လှုံ့ဆော်ထားသည်ကို တွေ့ရသည်။ သံသယဖြစ်ဖွယ်ရှိသည်က သင်တန်းသားတယောက်နှင့် ဆက်စပ်နေသည့် အကောင့်တစ်ခုကို Share လုပ်ထားခြင်းပင်ဖြစ်သည်။

001ဇွန် ၁၆၊ ၂၀၁၄

ဇွန် ၁၆ ရက်နေ့ မနက်ခင်းမှာတော့ ထိုမှတ်တမ်းရုပ်ရှင် ရိုက်ကူးရာတွင်ပါဝင်သော မွတ်ဆလင်ကျောင်းသူလေးထံမှ စိတ်ချောက်ခြားနေပုံရသည့် ဖုန်းမက်ဆေ့(ချ)များဝင်လာသည်။ ထိုမိန်းကလေးက ရုပ်သံဖိုင်များကို ဖျက်ပေးရန် (သို့မဟုတ်) လုံခြုံစွာ သိမ်းထားရန် တောင်းပန်လာသည်။ သူ့နောက်မှ လူအချို့လိုက်လာတာမျိုး၊ ခြိမ်းခြောက်သည့် ဖုန်းမက်ဆေ့(ချ)များ ပို့တာမျိုး ရှိလာသည်။ ဝဇီရာရုပ်ရှင်ရုံ တာဝန်ခံက ထိုမှတ်တမ်းကားကိုပြသလျှင် ရုပ်ရှင်ရုံကို မီးရှို့မည်ဆိုသည့် ကောလဟာလကြောင့် မပြရန် မေတ္တာရပ်ခံသည်။ Junction Square ရုပ်ရှင်ရုံတာဝန်ခံက သက်ဆိုင်ရာမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်ဖြစ်သဖြင့် ထိုရုပ်ရှင်ကားကို ဖျက်ထားပေးရန် တောင်းဆိုသည်။ သို့နှင့် ရုပ်ရှင်ရုံ  ၂ ရုံလုံးတွင် ထိုကားမပြဖြစ်တော့။

မြန်မာပြည်တွင် ဆိုင်ဘာခြိမ်းခြောက်မှုပြုလုပ်ရတာ ဤမျှလွယ်ကူပါသည်။ထို့အတွက် ရှင်မင်းယာဆိုသည့် ဆိုင်ဘာသူရဲကောင်းက ဤသို့ ကျူးရင့်၏။သူ့ကိုယ်သူ မျိုးချစ်သူရဲကောင်းတစ်ယောက်လိုလို အမျိုးသားရေးတာဝန်ကြီးတစ်ခု ထမ်းဆောင်ပြီးသွားသယောင်ယောင် ဤသို့အမွှန်းတင်၏။

သို့နှင့် ထိုကားကိုရုပ်ရှင်ရုံ ၂ ရုံလုံးတွင် မပြဖြစ်တော့။ အကဲဖြတ်ဒိုင်လူကြီးများကလည်း ပြိုင်ပွဲဝင်ကားတကားအဖြစ် အကဲမဖြတ်နိုင်တော့။ ထိုကားတွင် အဓိက ပါဝင်သူများ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို အဓိကထား၍ ဆုပေးပွဲ အခမ်းအနားတွင်လည်း ထိုကားကို မပြသတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။ အမှောင်ထဲမှ ဆိုင်ဘာသူရဲကောင်းများကတော့ လက်သီးပုန်းတပြပြနှင့် အောင်ပွဲခံကောင်း ခံနေပေလိမ့်မည်။

ဇွန် ၁၉၊ ၂၀၁၄ ပိတ်ပွဲအခမ်းအနား

မည်သို့ပင်ဖြစ်စေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေ သတင်းသမားတွေကတော့ မိမိတို့၏ သတင်းရင်းမြစ်ကို အကာအကွယ်ပေးဖို့က အဓိကကျင့်ဝတ်တခု ဖြစ်သည်။

သို့ပေမယ့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေ သတင်းသမားတွေ ကိုယ်တိုင် မိမိတို့၏ တကိုယ်ရည် အောင်မြင်ကျော်ကြားမှုအတွက် ကျင့်ဝတ်ဖေါက်ဖျက်ပြီဆိုလျှင်တော့ လူ့အဖွဲ့အစည်းအတွက် အင်မတန်မှ အန္တရာယ်ကြီးပါသည်။

“The Open Sky” မှတ်တမ်းကားပြသခွင့်မရသော်လည်း သူငယ်ချင်းများ၏ အောင်မြင်မှုကို မြင်တွေ့ချင်စိတ်ဖြင့် ရိုက်ကူးရာတွင် ပါဝင်သော အဖွဲ့သားများ အားလုံး လာခဲ့သည်။ မိဘများ မသိအောင် ခိုးထွက်လာခဲ့ရသည့် မွတ်ဆလင်ကျောင်းသူလေးကတော့ မီဒီယာများ မမြင်အောင် ချောင်တစ်ချောင်တွင် ကပ်နေခဲ့သည်။ သူ့အနားကို ရောက်လာသူက သင်တန်းသား ၁၂ ယောက်ထဲက တယောက်ဖြစ်သည်။ သူက လက်ရှိလည်း မီဒီယာတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ “ဘယ်သူမှ မမြင်ရအောင် အစ်မ ဒီနားမှာနေ” ဆိုပြီး သူကိုယ်တိုင် နေရာချထားပေးခဲ့၏။ ပိတ်ပွဲ အခမ်းအနားတွင် ဆုရရှိသွားသည့် သူငယ်ချင်းများကိုကြည့်ပြီး “The Open Sky” အဖွဲ့သားများ ပြန်သွားခဲ့သည်။

ထိုညမှာပင် သူတို့နောက်ကျောကို ဓားနှင့်ထိုးခဲ့သူဟာ သင်တန်းသား ၁၂ ယောက်ထဲက တယောက်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရတော့သည်။ ထိုသင်တန်းသားဟာ ချောင်တစ်ချောင်မှာ ပုန်းနေခဲ့သည့် မွတ်ဆလင်သင်တန်းသူကို ဓာတ်ပုံခိုးရိုက်ဖို့ အချက်ပြပေးခဲ့သူဖြစ်တယ်ဆိုတာ ရှင်မင်းယာရဲ့ စာမျက်နှာတွင် တက်နေသည့် ဓာတ်ပုံတပုံက သက်သေခံနေခဲ့သည်။ သူတို့ သူငယ်ချင်းနှစ်ယောက်တည်း ပြောခဲ့သည့် စကားတွေထဲက အချို့ဟာ ရှင်မင်းယာ၏ စာမျက်နှာမှာတွင် ပါလာခဲ့သဖြင့် သူ့သူငယ်ချင်းနှင့် ရှင်မင်းယာ၏ အဆက်အစပ်ကို ဆုပေးပွဲ အခမ်းအနား ညကျမှ ရှင်းရှင်းလင်းလင်း သိလိုက်ရတော့သည်။

ဒါဟာ နာမည်ဖျက်ခြင်း (Characters Assassination) သက်သက်မကပဲ လူမျိုးရေး မုန်းတီးမှုများ ပေါ်ပေါက်လာစေရန်၊ ဘာသာရေး အဓိကရုဏ်းများ ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် မမှန်ကန်သော သတင်းစကားများကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖြန့်ဝေခြင်းဖြစ်၍ ဆိုင်ဘာရာဇဝတ်မှုမြောက်ပါသည်။အ ကယ်၍ ဤဓာတ်ပုံကို အွန်လိုင်းမှတွေ့ရှိပြီး ဓာတ်ပုံတွင်ပါဝင်သည့် The Open Sky ရိုက်ကူးရာတွင် ပါဝင်ခဲ့သည့် မွတ်ဆလင်အမျိုးသမီးကို တစုံတယောက်က သတ်ဖြတ်ခဲ့ပါက ဆိုင်ဘာလူသတ်မှုမြောက်ပါသည်။

အထူးသဖြင့် မှတ်တမ်းရုပ်ရှင်သမား၊ သတင်းသမား တယောက်လည်းဖြစ်၊ သူငယ်ချင်းချင်း သစ္စာဖေါက်ခြင်းလည်း ဖြစ်၍ ပိုပြီး အပြစ်ကြီးပါသည်။

002ရှင်မင်းယာ၏မိတ်ဆွေ ၃၈၀၀ ကျော်ထဲတွင် နာမည်ကြီးသတင်းသမားများလည်း ပါဝင်ပါသည်။ သူတို့တွေကိုယ်တိုင်လည်း သည် Posts တွေကို နေ့တိုင်းဖတ်နေရမှာဖြစ်၍ ရှင်မင်းယာသည် သည်လို ဆိုင်ဘာရာဇဝတ်မှုမျိုးတွေအတွက် အဓိက တာဝန်ရှိသူဖြစ်သည်ဆိုသည်ကို သိကြမည်ထင်ပါ၏။

အကယ်၍များ အောက်မှာပါသည့် Post မျိုးကို Share လုပ်မိမည်ဆိုလျှင်တော့ သတင်းသမားတွေကိုယ်တိုင်သည်ပင် ဒီဆိုင်ဘာရာဇဝတ်မှုများထဲတွင် ကြံရာပါများ ဖြစ်နိုင်သည်ဆိုသည်ကို သတိပြုသင့်ပါသည်။ မသီတာထွေး၏ ဓာတ်ပုံတပုံ အွန်လိုင်းတွင် ပြန့်နှံ့ရာမ ှအစပြုကာ မြန်မာနိုင်ငံတွင် ဘာသာရေးလူမျိုးရေး ပဋိပက္ခ ဤမျှထိပြင်းထန်လာသည်ကို သတိပြုမိသည်ဆိုလျှင်တော့ အောက်ပါ ဓာတ်ပုံမျိုးကိုတွေ့လျှင် ဖြန့်ချိသည့် Account ပိုင်ရှင်ကို Cyber Harassment ပြုလုပ်သူအဖြစ် သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများကိုတိုင်ကြားခြင်း (သို့မဟုတ်) အနည်းဆုံး ဖေ့ဘွတ်တွင် Report ပြုလုပ်ခြင်းကသာလျှင် ဘာသာရေး လူမျိုးရေးအဓိကရုဏ်းများကို အမှန်တကယ် တားဆီးနိုင်မည်ဖြစ်ပါသည်။

003အချက်အလက် မှန်မှန်ကန်ကန်ဖြင့် အမည်ရင်း ဓာတ်ပုံအမှန်နှင့် ရေးသားသူ မည်သူမဆို အမှောင်ထဲမှ လက်သီးပုန်းများကို ကြောက်စရာမလိုပေ။ အမှောင်ထဲမှ လက်သီးပုန်းထိုးတတ်ကြသူများမှာ သတ္တိနည်းသူ သူရဲဘောကြောင်သူများသာဖြစ်ကြသည်။

(စာရေးသူသည် ရန်ကုန်အခြေစိုက် ကဗျာဆရာ၊ သတင်းစာဆရာ ဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရုပ်သံမှတ်တမ်းများကိုလည်း စီစဉ်ရိုက်ကူးထုတ်လုပ်သည်။)

Your Thoughts …
မွန်မွန်မြတ်

မွန်မွန်မြတ်

မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မူးယစ်ဆေးဝါး, စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ, UNODC , အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးနေ့ , ကမ္ဘာ့ကုလသမ၈္ဂ

ဖမ်းမိသည့် မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုး မီးရှို့ဖျက်ဆီး

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး, မြစ်ကြီးနားမြို့ , ကချင်ပြည်နယ် , အမေရိကန် သံရုံး , Mr. Tom Malinowski , စစ်ဘေးရှောင် ဒုက္ခသည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ မြစ်ကြီးနားကို သွားခွင့်မရ

Please login to join discussion
No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate