Crime

ဖမ်းမိသည့် မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုး မီးရှို့ဖျက်ဆီး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည် တပြည်လုံးတွင် ဖမ်းဆီး ရမိထားသည့် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့က မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

ထို မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုကို ရန်ကုန်တိုင်း၊ မန္တလေး တိုင်းနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့များတွင် ပြုလုပ်ခဲ့ကြောင်း၊ မူး ယစ် ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့ ရန်ကုန် အနောက်ပိုင်း တပ်ဖွဲ့ တပ်စုမှူး ရဲမှူး ဦးခင်မောင်သိန်းက ဇွန်လ ၂၆ ရက်က ပြုလုပ်သည့် ၂၇ ကြိမ်မြောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ တွင် ပြောကြားခဲ့သည်။

“ရှမ်းပြည်နယ်မှာ အများဆုံး ဖမ်းမိပါတယ်။ ရှမ်းပြည်နယ်က နယ်စပ်ဒေသဖြစ်တဲ့အတွက် နေရာအနှံ့က မူးယစ်ဆေးဝါးတွေဝင် ရောက်လာတယ်။ စိတ်ကြွဆေးပြားတွေက ပိုများတယ်။ ကျနော်တို့ အနေနဲ့ကတော့ မူးယစ်ဆေးဝါး ပပျောက်ဖို့ အရှိန်အဟုန် နဲ့ လုပ်ဆောင်နေပါတယ်”ဟု ဦးခင်မောင်သိန်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် မူးယစ်ဆေးဝါး တန်ဖိုး ဒေါ်လာ ၉.၇ သန်း၊ မန္တလေးတွင် ဒေါ်လာ ၃၃.၃ သန်းနှင့် ရှမ်းပြည်နယ် တောင် ကြီး တွင် ဒေါ်လာ ၈၈.၀၉ သန်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနစ် မှ ၂၀၁၃-၂၀၁၄ ခုနစ်အထိ သတ်မှတ် ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနစ်တွင် ဘိန်းစိုက်ပျိုး ဟက်တာ ၅၁၁၀၀ နှင့် ထုတ်လုပ်မှုတန် ၆၉၀ ရှိနေသေးကြောင်း၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး နှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) နှင့် ပူးပေါင်း တိုင်းတာချက်အရ သိရှိရကြောင်း၊ ဘိန်းစိုက်ပျိုးမှု ပပျောက်စေရန် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသဖြင့် နောက်ထပ် ၅ နှစ်စီမံကိန်း ၂၀၁၉ ခုနှစ်အထိ တိုးမြှင့်ဆောင်ရွက် သွားရခြင်း ဖြစ်ကြောင်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဒု ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းနိုင်က ပြောကြားခဲ့သည်။

“ဘိန်းအစားထိုး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ၊ ဒေသဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများကို ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ဖို့ပူး ပေါင်းလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမယ်”ဟု ရဲမှူးကြီး ဝင်းနိုင်က ဆို သည်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သုံးစွဲရေးနှင့်ပတ်သက်ပြီး ပညာပေးမှု အားနည်းနေကြောင်း၊ မူး ယစ်ဆေးဝါး သုံးစွဲရေး ပညာပေးမှုပိုင်းကိုလည်း သက်နိုင်သမျှ ဆောင်ရွက်သွားမည်ဟုလည်း ရဲမှူး ဦးခင်မောင်သိန်းက ပြော ဆို သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကမ္ဘာ တဝန်း ကျင်းပခဲ့ကြောင်း သိရသည်။

၁၉၈၇ ခုနစ် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ က ဇွန်လ ၂၆ ရက်ကို ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ် ခဲ့ကြောင်း၊ ၁၉၇၄ ခုနစ်တွင် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ မူး ယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ၁၉၇၄ ခုနစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ ကွန်ဗင်းရှင်းများပါ ပြဌာန်းချက်နှင့် အညီ ၁၉၉၃ ခုနစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့သည်။

UNODC က မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများထဲတွင် ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် အာဖဂန်နစ္စတန် နိုင်ငံနောက်မှာ ရပ်တည်နေကြာင်း၊ UNODC ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်း စစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ ဘိန်းဖျက်ဆီး နှိမ်နင်းမှုများ လုပ်နေသော်လည်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံး တိုးတက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဟက်တာ ၅၁၀၀၀ ရှိရာက ၂၀၁၃ ၌ ဟက်တာ ၅၇၈၀၀ အထိ ၁၃ ရာခိုင်နှုန်း တိုးလာ ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading