• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ မြစ်ကြီးနားကို သွားခွင့်မရ

by လင်းသန့်
27 June 2014
in Ethnic Issues
A A
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး, မြစ်ကြီးနားမြို့ , ကချင်ပြည်နယ် , အမေရိကန် သံရုံး , Mr. Tom Malinowski , စစ်ဘေးရှောင် ဒုက္ခသည်

မြစ်ကြီးနား ဒုက္ခသည် စခန်းတခုအတွင်း တွေ့ရသည် သူ၏ကလေးငယ်ကို ချီပိုးထားသော စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီး တဦးကို ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်က ဤသို့တွေ့ရ(ဓာတ်ပုံ - Reuters)

2.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အဆင့်မြင့်သံတမန်အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လေ့လာ ရေး သွားရောက်ရန် မေတ္တာ ရပ်ခံချက်ကို မြန်မာ အစိုးရဘက်က ငြင်းပယ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းများ ရှိရာ ဖားကန့်မြို့ကိုတော့ သွားရောက် လည်ပတ် လေ့လာလို့ ရနိုင်တယ်လို့ မြန်မာ အစိုးရဘက်က ပြောတယ်လို့လည်း သိရပါတယ်။

RelatedPosts

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

20 June 2025
6
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

20 June 2025
769
ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
238

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski က ဦးဆောင်တာဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာန တို့မှ အဆင့်မြင့် အရာရှိ များ ပါဝင်ပါတယ်။

ရန်ကုန်မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ကို သွားရောက် လေ့လာရေး အတွက် အမေရိကန်ဘက်က မေတ္တာ ရပ်ခံခဲ့တယ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“ကချင်ပြည်နယ်ကို သွားဖို့ မြန်မာအစိုးရဆီက ခွင့်ပြုချက်ရရေး ကျနော်တို့က မေတ္တာ ရပ်ခံခဲ့တာ မရှိပါဘူး”လို့ ရန်ကုန်ရှိ အမေရိကန် သံရုံး ပြောခွင့်ရသူက ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံတွင် ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိနိုင်ရန် အဖွဲ့အစည်းအားလုံးကို အားပေးထောက်ပံ့ရာမှာ ထိတွေ့ ဆက်ဆံမှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အကောင်းဆုံး တွေ့ဆုံဆွေးနွေးမှုတွေကို အမေရိကန် အစိုးရက လုပ်ဆောင်မယ့် နည်း လမ်း တွေ အများကြီး ရှိပြီး ခရီးစဉ်အတွင်း ကိစ္စ တခုချင်းစီကို ခြုံငုံမိစေဖို့ တွေ့ဆုံရမယ့် ကိစ္စတွေ များပြားနေတာကြောင့် ဖြစ်တယ်လို့လည်း အမေရိကန်သံရုံး ပြောခွင့်ရသူက ဆက်ပြောထားပါတယ်။

ဒါပေမယ့် ကချင်တက်ကြွလှုပ်ရှားသူများနဲ့ နေပြည်တော်က သတင်းရင်းမြစ်များကတော့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လည်ပတ်ကာ ဒေသခံ လူထူအခြေပြု အဖွဲ့တွေအပါအဝင် ဒေသခံတွေနဲ့ပါ တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့တယ်လို့ အခိုင်အမာ ပြောကြပါတယ်။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်း လှည့်လည်လေ့လာရေး ခရီးစဉ်ကို ဇွန်လ ၂၂ ရက်နေ့က စတင် ကာ ၂၈ ရက်နေ့ထိ ဖြစ်ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်၊ နေပြည်တော် အပါအဝင် မွန်ပြည်နယ် မော်လမြိုင်နဲ့ ကရင်ပြည်နယ် ဖားအံမြို့ တို့ကို သွားရောက် လည်ပတ်ခွင့်သာ မြန်မာအစိုးရဘက်က ပေးခဲ့လို့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ထုတ်ပြန် ကြေညာချက် မှာ အဲဒီ ဒေသတွေသွားမယ့် အကြောင်းသာ ထုတ်ပြန်တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံတွင်း လှည့်လည် လေ့လာတာမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို သွားရောက်လေ့လာကာ လူထု အခြေပြု အဖွဲ့တွေ၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ခရီးစဉ်ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW အရာရှိဟောင်း လက်ရှိ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံ ကြီး နောက်ပိုင်း မြန်မာ့အရေးကို အနီးကပ် လှုပ်ရှားလာခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ အစိုးရ စစ်တပ်တို့ဟာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးကျိုးပေါက်ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခဲ့ရာ စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်း ၂ သောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ ဒီအထဲက တချို့တွေလည်း နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံဘက်ကို မကြာခဏ ထွက်ပြေးနေရတဲ့ အခြေအနေဖြစ်နေတာပါ။ အခုထိလည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပေါ် နေပါတယ်။

ကချင် လက်နက်ကိုင် အဖွဲ့ကတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စကားပြောဆိုမှုတွေမှာ အမေရိကန်က ပါဝင်မှုရစေဖို့ တောင်း ဆိုခဲ့တာ သိရပါတယ်။ ဒါပေမယ့် KIA နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ကိစ္စမှာ အမေရိကန် ပါဝင်လာမှာကို အထူးသဖြင့် တရုတ် နိုင်ငံဘက်က လိုလားဟန်တော့ မရှိပါဘူး။

တဖက်မှာလည်း မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ကချင် လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အပစ်အခတ် ရပ်စဲ ရေး၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်ဖို့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သလို လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာစေရေး၊ မြန်မာ့တပ်မတော် အရာရှိကြီးတွေနဲ့ တွေ့ဆုံကာ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စတွေ စတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ဆိုတာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Your Thoughts …
Tags: USA
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

by ဧရာဝတီ
13 June 2025
336

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ ခရီးသွားပိတ်ပင်မှု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် မရှိတော့ပါဘူး။

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

by အဲရစ်ကာ ကင်နက်ဇ် နှင့် မက်သယူး ပန်နင်တန်
23 May 2013
3.8k

လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။

အိုဘားမား မြန်မာပြည် နိုဝင်ဘာ ၁၉ လာမည်

အိုဘားမား မြန်မာပြည် နိုဝင်ဘာ ၁၉ လာမည်

by လင်းသန့်
9 November 2012
6.4k

အမေရိကန် အစိုးရနှင့် ရန်ကုန်ရှိ အမေရိကန် သံရုံးက မည်သည့်နေ့ရက် လာရောက်မည်ကို အတည်မပြုသေး သော်လည်း အမည်မဖော်လိုသူ မြန်မာအစိုးရ အရာရှိတဦးကို ကိုးကား၍ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည်ဟု ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြထားသည်

Next Post
နိုင်ငံရေး, ဒီမိုကရေစီ, ဖွဲ့စည်းပုံ အခြေခံဥပဒေ

"လူမျိုးစုံ ချစ်ကြည်ရင်းနှီးနိုင်ငံများ” ပေါ်ထွန်းလာခြင်း (နိဂုံး)

မဟာသန္တိသုခကျောင်း, ပီနန်ဆရာတော်, ဆရာတော် ဦးဥတ္တရ, မဟန, စစ်အစိုးရ, ဦးခင်ညွှန့်

မဟာသန္တိသုခကျောင်း အမှု သံဃာတော် ၅ ပါးကို ရုံးချိန်း ထပ်ချိန်း

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

23 hours ago
5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate