တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်သည့် ကာကွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များပါ အဖွဲ့တဖွဲ့တို့ ယမန်နေ့နံနက်က နေပြည်တော် တွင် တွေ့ဆုံကာ၊ မြန်မာနိုင်ငံ၌ လက်ရှိဖော်ဆောင်နေသည့် ဒီမိုကရေပြောင်း လဲရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ သိမ်းဆည်းမြေယာစွန့်လွှတ်မှု၊ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံတပ်မတော် အကြား ဆက်ဆံရေးတိုးမြှင့်ရန်အတွက် ဆွေးနွေးကြောင်း ယနေ့ အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။