သတင်းတို

အဓမ္မပြုကျင့်မှု ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သူ ၄ ဦး ကို မတူပီ ရဲစခန်းက အမှုဖွင့်

This article has been converted from Zawgyi One to Unicode

အစိုးရ စစ်သားများက ချင်းအမျိုးသမီးများအား အဓမ္မပြုကျင့်မှုများပြုလုပ်နေခြင်းကို ရပ်တန့်ရန် ရည်ရွယ်၍၊ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့သော ချင်းအမျိုးသမီးအဖွဲ့အစည်းများမှ အဖွဲ့ဝင် ၄ဦးကို မတူပီရဲစခန်း က ခွင့်ပြု ချက်မဲ့ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ မတူပီရဲစခန်းမှ တာဝန်ရှိရဲအရာရှိတဦးကလည်း ဆန္ဒထုတ်ဖော်ခဲ့သူ ၁၃၀ဦးထဲမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးကို အမှုဖွင့်ထားခြင်းဖြစ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းထားကြောင်းပြောသည်။

Loading