သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများ ပါဝင်သည့် အဖွဲ့ ယမန်နေ့ နံနက်က တရုတ်ပြည်သို့ သွားရောက်ကာ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုေးရးကဏ္ဍ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်၊ ယခု သမ္မတဦးသိန်းစိန်၏ တရုတ်ပြည်ခရီး စဉ်သည် ၄ရက်ကြာမည်ဖြစ်ပြီး၊ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်သည့် ကာကွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များပါ အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။