• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

တရုတ်က မြန်မာကို တန်းတူရည်တူ ဆက်ဆံသလား

by ညီစောလွင်
30 June 2014
in Politics
A A
တရုတ်က မြန်မာကို တန်းတူရည်တူ ဆက်ဆံသလား

အလည်အပတ် ရောက်လာသော မြန်မာသမ္မတ ဦးသိန်းစိန်ကို တရုတ်သမ္မတနှင့် ဂုဏ်ပြုတပ်ဖွဲ့က လက်ခံကြိုဆိုစဉ် (ဓာတ်ပုံ - Reuters)

6.4k
VIEWS
Share on FacebookShare on Twitter

မြန်မာအစိုးရ အကြီးအကဲ ဦးသိန်းစိန်ကပဲ တရုတ်ပြည်ဆီ ခဏခဏသွားပေမယ့် တရုတ်သမတသစ်က မြန်မာပြည်ကို တခေါက်မှ မလာသေးတာကလည်း တရုတ်အစိုးရက မြန်မာအစိုးရကို တူတူတန်တန် ဆက်ဆံရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ အခုတခေါက် သမတ ဦးသိန်းစိန်ရဲ့ ငါးကြိမ်မြောက် တရုတ်ပြည် ခရီးကတော့ အချိန်အများစု ချောင်ထိုးခံထားရတဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ရဲ့ နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းသာယာစွာ ယှဉ်တွဲနေထိုင်ရေးမူကြီးမူငါးရပ်နဲ့ ပတ်သက်လို့ အဲဒီအချိန်က တရုတ်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့နဲ့ အတူ ပူးတွဲပန္နက်ချခဲ့တဲ့ မြန်မာဝန်ကြီးချုပ် ဦးနုက တရုတ်ပြည်မှာ မိန့်ခွန်းရှည်ကြီး ပြောခဲ့ဖူးပါတယ်။ အနှစ်ချုပ်ကတော့ တနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို တနိုင်ငံက လေးစားဖို့၊ တဦးနဲ့တဦး နယ်မြေမကျူးကျော်ရေး၊ တနိုင်ငံရဲ့ ပြည်တွင်းရေးမှာ တဦးက ဝင်မစွက်ဖို့၊ တန်းတူညီမျှစွာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးကို ထူထောင်ဖို့နဲ့၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးတွေ ပါဝင်ပါတယ်။ ဒါပေမ့ယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကို သဘောတူပြီး နောက်ပိုင်းနှစ်တွေမှာ တရုတ်နဲ့ အိန္ဒိယတို့ စစ်ဖြစ်ခဲ့ကြတယ်။ တရုတ်က ယဉ်ကျေးမှု တော်လှန်ရေးကို မြန်မာပြည်ကို တင်ပို့ခဲ့လို့ မြန်မာပြည်ထဲမှာ တရုတ်မြန်မာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့တယ်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
53
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
95
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
87

တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်းကို ပြောမယ်ဆိုရင် အကိုးကား သင့်ဆုံး မြန်မာ ခေါင်းဆောင်ဟာလည်း ဦးနုပါပဲ။ မြန်မာပြည်ဟာ အင်အားကြီး နိုင်ငံတွေကြားမှာ ညှပ်နေလို့ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေကို “ဆူးကြားက ဘူးခါး” ဆိုပြီး စကားဥပမာနဲ့ ပြောခဲ့တယ်။ တရုတ်နဲ့ မြန်မာဟာ အစစအရာရာမှာ “ဆင်နဲ့ ဆိတ်” လို ကွာတယ်လို့လည်း ဦးနုက ဥပမာ ပေးခဲ့ပါသေးတယ်။ ဆင်ကျီစယ်ရာ ဆိတ်မခံသာ” ဆိုတဲ့ မြန်မာစကားပုံအတိုင်းပဲ လွတ်လပ်ရေး ရခါစ မြန်မာပြည်ကို ခေါင်းဆောင်ခဲ့ကြတဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့ အားလုံးဟာ တရုတ်အန္တရာယ်ကို စိုးရိမ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေနေတဲ့ အချိန်မှာ မြန်မာ ခေါင်းဆောင်တွေက တရုတ်ခေါင်းဆောင်တွေ ရှေ့မှာပဲ ဝန်ခံခဲ့ကြပါတယ်။ ဒီလို စိုးရိမ်တာက အတိတ်က စစ်ဖြစ်ခဲ့ဖူးတဲ့ သမိုင်းနဲ့ သာမက ခေတ်ပြိုင် သမိုင်းနောက်ခံနဲ့လည်း ဆိုင်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက စတင်အာဏာရတဲ့ အချိန်က ကျင့်သုံးတဲ့ နိုင်ငံခြားရေးမူဝါဒက တလမ်းသွားပါပဲ။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုနောက်ပိုင်းမှာ အမေရိကန်သမတ ဂျော့ဒဗလျူ ဘုရှ်ရဲ့ ရပ်တည်ချက်မျိုးအတိုင်းပဲ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုးပဲ ခွဲခြားခဲ့တယ်။ ဥက္ကကြီး မော်စီတုန်းက ဆိုရှယ်လစ်မဟုတ်တဲ့ နိုင်ငံတွေ အားလုံးကို နယ်ချဲ့လက်ကိုင်တုတ်၊ နယ်ချဲ့ နောက်လိုက်ခွေး လို့ပဲ သတ်မှတ်ခဲ့တယ်။ လွတ်လပ်ရေးရခါစ မြန်မာပြည်ရဲ့ ဝန်ကြီးချုပ် ဦးနုကို ဖောက်ပြန်ရေးသမား၊ သမတ စဝ်ရွှေသိုက်ကိုလည်း ပဒေသရာဇ် မြေရှင်ကြီးလို့ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီက သဘောထားခဲ့ပါတယ်။ မြန်မာအစိုးရဟာ ပစ္စည်းမဲ့တွေရဲ့ ရန်သူဖြစ်တဲ့ မြေရှင်ကြီးတွေနဲ့ ဘူဇွာတွေကို ကိုယ်စားပြုတာထက် ဘာမှမပိုဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ မြန်မာပြည်ကို အပြည့်အ၀ လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ အသိအမှတ်မပြုခဲ့ပါဘူး။ မြန်မာ ခေါင်းဆောင်တွေက လည်း တရုတ်ကွန်မြူနစ်ပါတီကို ဟစ်တလာလိုပဲ ကြောက်ခဲ့ကြတယ်။

သမိုင်းမှာ တရုတ်ပြည်သစ်ကို ပထမဆုံး အသိအမှတ်ပြုကြတဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်တာကို ပြောကြပေမယ့် နောက်ကွယ်က အကြောင်းတွေကို သိသူနည်းပါတယ်၊ ဆိုဗီယက် ပြည်ထောင်စုရဲ့ အပြင်ဘက်မှာတော့ မြန်မာက ပထမဆုံး ဖြစ်ခဲ့ပါတယ်၊ ဒီလို ပထမဆုံးဖြစ်ချင်လို့ အိန္ဒိယက ခဏဆိုင်း ထားပေးဖို့ မြန်မာဘက်က မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် မြန်မာရဲ့ ကမ်းလှမ်းမှုကို တရုတ်ဘက်က လိုလိုလားလား လက်ခံခဲ့တာ မဟုတ်ပါဘူး။ မြန်မာနဲ့ ဆက်ဆံရေးကိစ္စကို သေချာစိစစ်ဖို့ မော်စကိုမှာ ရောက်နေတဲ့ မော်စီတုန်းက ဝန်ကြီးချုပ် ချူအင်လိုင် ဆီကို ကြေးနန်းစာနဲ့ ညွန်ကြားခဲ့ပါတယ်။

အဓိက အားဖြင့် အဲဒီအချိန်က ရန်ကုန်မှာ ကူမင်တန် သံရုံးဖွင့်ထားတာကို မယုံသင်္ကာဖြစ်ခဲ့တာပါ၊ ဒါကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ဖို့ မြန်မာဘက်က ၁၉၄၉ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စတင် ကမ်းလှမ်းခဲ့ပြီး ရှစ်လအကြာ ၁၉၅၀ သြဂုတ်လကုန်ကျမှ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီးကို ရန်ကုန်မှာ ခန့်ခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အေးတိအေးစက် အခြေအနေကနေ မပြောင်းလဲခဲ့ပါဘူး။ ဒီကြားထဲမှာ တရုတ်မြန်မာ နယ်စပ်မှာ ဆူပူသောင်းကျန်းတဲ့ ကေအမ်တီ အန္တရာယ်ကို အကြောင်းပြပြီး တရုတ်က မြန်မာကို ကျူးကျော်မှာကို မြန်မာခေါင်းဆောင်တွေက စိုးရိမ်ခဲ့ကြပါတယ်။

ဒီနေ့ လူသိများနေတဲ့ တအူတုံဆင်း “ပေါက်ဖော်” ဆက်ဆံရေးကတော့ ၁၉၅၄ ခုနှစ်မှာ စတင်ခဲ့တယ်။ တရုတ်ဘက်က မူဝါဒ အပြောင်းအလဲကြောင့် ဖြစ်လာတာပါ၊ အမေရိကန်က တရုတ်ကို ထိန်းချုပ်ရေး၊ ဝိုင်းပတ်ရေး မူဝါဒကို ခုခံဖို့ ဒေသတွင်းနိုင်ငံတွေကို ပြန်စည်းရုံးတဲ့ သဘောဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားတဲ့ နိုင်ငံတွေကို စုစည်းပြီး ငြိမ်းချမ်းတဲ့နယ်မြေ ကို ချဲ့ထွင်တယ်လို့ တရားဝင်ပြောခဲ့ပေမယ့် တကယ်ကတော့ တရုတ်ပြည် လုံခြုံရေး၊ စီးပွားရေး ပြန်လည်ထူထောင်ပြီး အင်အားကြီး နိုင်ငံ အဆင့်ကို တက်လှမ်းနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်က အမေရိကန်နဲ့ အနောက်ရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ကြားခံနယ်မြေထူထောင်ချင်တယ်။ တိဘက်ဒေသကို တရုတ်တပ်တွေ ကျုးကျော်ခဲ့တာနဲ့ ကိုရီးယား စစ်ပွဲနမူနာကို ကြည့်ပြီး တရုတ် အန္တရာယ်ကို စိုးရိမ်နေတဲ့ မြန်မာ ခေါင်းဆောင်တွေကလည်း တရုတ်နဲ့ ရွှေလမ်းငွေလမ်းခင်းထားချင်တယ်။ ဒီလိုနဲ့ သမိုင်းမှာ အရေးကြီးတဲ့ ငြိမ်းချမ်းရေး မူငါးရပ် ပေါ်ပေါက်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ တရုတ်-မြန်မာ အရေးအခင်း ၁၉၆၇ မတိုင်ခင်အထိ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်။ ခေါင်းဆောင်တွေ အကြားမှာ လူချင်းရင်းနှီးမှုကလည်း အထွဋ်အထိပ်အထိ ရောက်ခဲ့ပါတယ်။ ၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာရှိတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေ၊ တရုတ်ကျောင်းတွေ၊ ဘဏ်တွေ ပြည်သူပိုင် အသိမ်းခံရပေမ့ယ် နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်ခဲ့ပါဘူး။

တရုတ်-မြန်မာ အဓိကရုဏ်းကြောင့် ပျက်စီးသွားတဲ့ တရုတ်မြန်မာ ဆက်ဆံရေးဟာ တရုတ်ပြည်မှာ ယဉ်ကျေးမှု တော်လှန်ရေး အလွန် ၁၉၇၀ နောက်ပိုင်းမှာ ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို ရောက်ခဲ့ပြန်ပါတယ်၊ ဒီတကြိမ်မှာလည်း တရုတ်က ယဉ်ကျေးမှု တော်လှန်ရေးကြောင့် အထီးကျန် သွားတာနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ပုံပျက်သွားတဲ့ တရုတ် ဥပဓိရုပ်ကို ပြန်အဖတ်ဆယ်ဖို့ပါပဲ။ ဒါပေမယ့် အဲဒီကာလ တရုတ်ရဲ့ “လက်သည်းဝှက်” ပေါ်လစီနဲ့ ပြည်တွင်း စီးပွားရေးနဲ့ တည်ငြိမ်ရေးကို ကြိုးစားရတဲ့ အချိန်က ပိုများခဲ့ပြီး၊ အရင် အခြေအနေကို ပြန်မရောက်ခဲ့ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံနဲ့ တီယန်နန်မင် အရေးတော်ပုံ နောက်ပိုင်း နှစ်တွေကျတော့ အာဏာရှင် အစိုးရနှစ်ခုဟာ နိုင်ငံတကာမှာ ဝေဖန်ခံရတဲ့ ဘဝတူတွေဖြစ်ပြီး စည်းလုံးခဲ့ကြပြန်ပါတယ်။ ဒီတကြိမ်မှာတော့ မြန်မာက တရုတ်အတွက် ဈေးကွက်၊ စွမ်းအင်နဲ့ သဘာ၀ သံယံဇာတ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမက အမေရိကန်နဲ့ အနောက် အုပ်စုရဲ့ တရုတ်ပြည် ဝိုင်းပတ်ရေးမူဝါဒကို ကြောက်တဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ အမေရိကန်ရဲ့ မြန်မာပြည် အစိုးရ အပြောင်းအလဲ ပေါ်လစီကို စိုးရိမ်တဲ့ စစ်အစိုးရတဲ့ကြားမှာ မဟာဗျူဟာ မိတ်ဖက်တွေ ဖြစ်လာပါတယ်။

နှစ်ပေါင်း ၆၀ ခရီးကို ပြန်ကြည့်တဲ့ အခါ တရုတ်ဘက်က မြန်မာကို တန်းတူရည်တူ ဆက်ဆံတာမျိုး ထက် အသုံးချခဲ့တာက ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာဘက်က တရုတ်ရန်ကို စိုးရိမ်လို့ပဲ ဖြစ်ဖြစ် ဘက်မလိုက်ကြားနေမူဝါဒကို တလျှောက်လုံး ကျင့်သုံးခဲ့တယ်။ ဦးနုရဲ့ တရုတ်ပြည်ခရီးစဉ်မှာရော၊ ဦးနေဝင်းရဲ့ တရုတ်ပြည်ခရီးစဉ်မှာပါ မြန်မာပြည်မှာ ဘယ်နိုင်ငံကိုမှ ခြေကုန်စခန်း မဖြစ်စေရဘူးလို့ အာမခံခဲ့တယ်။ တာတေ စနေသားထဲမှာ ဦးနုက တည့်မတ်စွာ ကြားနေရေးဝါဒရဲ့ နမူနာတခု အနေနဲ့ ရန်ကုန်မှာ တပြိုင်တည်း ရောက်နေတဲ့ တရုတ်ဘဲလေး အဖွဲ့နဲ့ အမေရိကန် သဘင်အဖွဲ့ကို  တန်းတူရည်တူလို ဧည့်ခံပြီး နှစ်ပွဲစလုံးကို သွားကြည့်ခဲ့တဲ့ အကြောင်းရေး ထားပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီကလည်း အနောက်ရဲ့ တရုတ်ပြည်ကို ပိတ်ဆို့ရေး ပေါ်လစီကြားထဲမှာ မြန်မာပြည်က ဟာကွက်ဖြစ်နေတယ်ဆိုပြီၤး မြန်မာရဲ့ ဘက်မလိုက်ကြားနေဝါဒကို အားမလို အားမရ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းတဲ့ နောက်ပိုင်းမှာလည်း ကြားနေမူဝါဒဟာ အသက်ဝင်ခဲ့ သေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အမျိုးမျိုး ပြောင်းလဲခဲ့ပြီး မြန်မာပြည်နဲ့ ဆက်ဆံရေး ပုံစံကလည်း အေးတလှည့် နွေးတလှည့်ဖြစ်ခဲ့ပါတယ်။

ဒီနေ့ အခြေအနေကို ပြန်ကြည့်ရင် သမိုင်း တကျော့ပြန်တယ်လို့ ပြောရပါမယ်။ အဓိက အားဖြင့် အမေရိကန်ရဲ့ အာရှမဏ္ဍိုင်ပြုမူဝါဒသစ်ဟာ အာရှမှာ တရုတ် အင်အားကြီးထွားလာတာကို ထိန်းညှိတဲ့ မူဝါဒ အနေနဲ့ ကျယ်ကျယ်ပြန်ပြန် ယူဆထားကြတယ်။ တောင်နဲ့ အရှေ့ တရုတ် ပင်လယ်ပြင်မှာ တရုတ်က တဖက်၊ အမေရိကန်နဲ့ မဟာမတ်တွေက တဖက် ပူညံပူညံ ဖြစ်နေတဲ့ အချိန်ပါ။ အမေရိကန်ရဲ့ အာရှ ရေးရာပေါ်လစီကို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ဖို့ကလည်း အဓိက အခန်းက ပါဝင်လာတယ်။ ဒီလိုနဲ့ ဦးနုပြောတဲ့ “ဆူးကြားက ဘူးခါး” တိုင်းပြည်ငယ်လေးဟာ အင်အားကြီး နိုင်ငံတွေရဲ့ အကျိုးစီးပွားကစားပွဲထဲမှာ ပါနေရပြန်ပါတယ်။

ဒါပေမယ့် ဒီတကြိမ်မှာတော့ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ပေါ်လစီနဲ့ နိုင်ငံတကာမှာ ပုံရိပ်ကောင်း တည်ဆောက်ရေးမှာ မြန်မာကို အသုံးချတာမျိုး မဖြစ်သင့်တော့ပါဘူး။ လောလောဆယ် မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့်မားနေတာဟာ လွန်ခဲ့တဲ့ နှစ်တွေက တရုတ်ပြည်ရဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒတွေကို ရောင်ပြန်ဟပ်တဲ့ သဘောပါ။ လက်ရှိ အခြေအနေကို ကုစားဖို့က ငြိမ်းချမ်းသာယာစွာ ယှဉ်တွဲ နေထိုင်ရေးမူထဲက တန်းတူညီမျှစွာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးမူကို လက်တွေ့ကျင့်သုံးဖို့ လိုပါတယ်၊ နိုင်ငံရေးအရ သာမက စီးပွားရေး နယ်ပယ်အထိ ဖြန့်ကျက်ပြီး သူမနာ ကိုယ်မနာ ရလဒ်မျိုး ထွက်လာအောင် အာရုံစိုက်ဖို့ လိုပါတယ်။ ဥပမာ အနေနဲ့ မြန်မာပြည်သူတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံ စီမံကိန်းကို လုံးဝစွန့်လွှတ်ကြောင်း တရုတ်အစိုးရက တရားဝင်ကြေညာတာမျိုးပါ။ ၂၀၀၉ ခုနှစ်မှာ ဒုသမဘဝနဲ့ မြန်မာပြည်လာပြီး မြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်း တောင်ကြေး နီစီမံကိန်း စာချုပ်တွေမှာ လက်မှတ်ထိုးသွားခဲ့တဲ့ လက်ရှိသမ္မတ ရှီကျင့်ပင်ကိုလည်း မြန်မာပြည်ကို နောက်တခေါက် အလည်လာ စေချင်ပါတယ်။ အိမ်နီးချင်း ဆွေမျိုးရင်းခြာ တယောက်လို မြန်မာပြည်သူတွေက  လှိုက်လဲှကြိုဆိုတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ ရေခြားမြေခြားကနေ လာတဲ့ အမေရိကန် သမ္မတ အိုဘားမားထက်မလျှော့တဲ့ နွေးထွေးမှုမျိုးကို ရစေချင်ပါတယ်။

ငြိမ်းချမ်းသာယာစွာယှဉ်တွဲနေထိုင်ရေးမူငါးရပ် အနှစ် ၆၀ ပြည့်တဲ့ အခုလို ကာလဟာ တရုတ်မြန်မာ ဆက်ဆံရေးမှာ စာမျက်နှာသစ်ဖွင့်လှစ်ဖို့ အချိန်ကောင်းပါပဲ။  ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဆိုတာ မြန်မာတွေရဲ့ မိခင်ဧရာဝတီမြစ်ကို တရုတ်က ယူပြီး တရုတ်ပြည်က ဗုဒ္ဓမြတ် စွယ်တော်လည်း မြန်မာတွေက ရှိခိုးရတာမျိုး မဖြစ်သင့်တော့ပါဘူး။

Your Thoughts …
Tags: China
ညီစောလွင်

ညီစောလွင်

Contributor

Similar Picks:

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
663

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

တရုတ်က TNLA နဲ့ စစ်တပ်ကို သီးသန့်စီ ခေါ်ယူတွေ့ဆုံ (ရုပ်/သံ)

တရုတ်က TNLA နဲ့ စစ်တပ်ကို သီးသန့်စီ ခေါ်ယူတွေ့ဆုံ (ရုပ်/သံ)

by ဧရာဝတီ
5 July 2025
363

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တရုတ်အစိုးရက သီးသန့်စီခေါ်ယူတွေ့ဆုံကာ နှစ်ဖက်အပစ်ရပ်ဖို့ ပြောဆိုမှုရှိတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

by ဧရာဝတီ
3 April 2015
75.6k

Chinese Academy of Sciences Kunming Institute of Zoology မှ သုတေသီများက တရုတ်ပြည် အနောက် တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး...

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

by ယဉ်မွန်
19 October 2024
257

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

by ဧရာဝတီ
26 June 2025
192

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး အမြန်ဆုံးအကောင်အထည်ပေါ်ဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲမှာ ထုတ်ပြောလိုက်ပါတယ်။

Next Post
တရုတ်, မှောင်ခို, ကျောက်မျက် ရတနာပြပွဲ, ကျောက်စိမ်း, ကချင်, အမေရိကန်ဒေါ်လာ, ယူရို , ဖားကန့်, KIA , ကချင်လွတ်လပ်ရေးတပ်မတော်, စစ်တပ်

တရုတ်မှောင်ခို တွေကြောင့် ဝင်ငွေစံချိန် မချိုးနိုင်တော့တဲ့ မြန်မာ့ ကျောက်မျက် ရောင်းချပွဲ

ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်

Please login to join discussion
No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate