• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲပြီ

by နန်းဆိုင်နွမ်
30 June 2014
in Women
A A
အမျိုးသမီး, အကြမ်းဖက်မှုပပျောက်ရေး, ဥပဒေမူကြမ်း, မေစံပယ်ဖြူ,

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်သော အမျိုးသမီးခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းတခု (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

2.3k
VIEWS
Share on FacebookShare on Twitter

အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်းကို လူမှုအဖွဲ့အစည်းနှင့် အစိုးရ အဖွဲ့ဝင်များ ပါဝင် ရေးဆွဲနေကြောင်း သိရသည်။

အဆိုပါ မူကြမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသမီးများကို ကိုယ်စားပြု ရေးဆွဲထားကြောင်း၊ မူကြမ်းတွင် အခန်း ၁၉ ခန်း ပါဝင်ပြီး လက်ရှိ အခန်း ၅ ခန်း ဆွေးနွေးပြီးပြီ ဖြစ်ကြောင်း၊ အမျိုးသမီး အကြမ်းဖက်မှု မျိုးစုံကို ကာကွယ်ပေးသည့် ဥပဒေ ဖြစ်လာမည် ဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေး အတွက် တက်ကြွ လှုပ်ရှားနေသည့် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူက ဧရာဝတီသို့ ပြောသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
16
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
630
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
83

“ဒီနှစ်ထဲမှာ ဥပဒေ မူကြမ်း အပြီးထွက်မယ်လို့ မျှော်လင့်ပါတယ်။ မူကြမ်းမှာက အဓိက အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကာကွယ်ပေးမယ့် ဥပေဒေပါ” ဟု မေစံပယ်ဖြူက ဆိုသည်။

၂၀၁၄ ခုနစ် ဇွန်လအတွင်းက လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ပဋိပက္ခ အခြေအနေအတွင်း လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကမ္ဘာ့ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၃
နိုင်ငံမှ ကိုယ်စားလှယ် ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

လူ့အသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်မှာ ပဋိပက္ခ
အခြေအနေများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ရေးပင် ဖြစ်ကြောင်းလည်း ကမ္ဘာထိပ်သီး ဆွေးနွေးပွဲ လုပ်ငန်း အစီအစဉ် ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျမတို့အနေနဲ့ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ဆက်လက် ရေးဆွဲနေပါတယ်။ အမျိုးသမီးတွေနဲ့လည်း သုတေသန ပြုလုပ်နေပါတယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ပြည်ထောင်စု
ဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒေါက်တာ မြတ်မြတ်အုန်းခင်က ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာအစိုးရများ အနေဖြင့် ပဋိပက္ခ အခြေအနေများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှု အားနည်းနေကြောင်း၊ အမျိုးသမီး အကြမ်းဖက်မှုကို အောက်ခြေအဆင့်အထိ ရောက်အောင် ကူညီပေးနေသည့် သူများ၏ အသံကို သိပ်မကြားရကြောင်း၊ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျဉ်း ဆွေးနွေးသည်ကိုသာ တွေ့ရကြောင်းကို ဒေါ်မေစံပယ်ဖြူက လန်ဒန်တွင် ဆွေးနွေးခဲ့သည့် အကြောင်းနှင့် ပတ်သက်ပြီး ပြောပြသည်။

အမျိုးသမီး ကိစ္စနှင့်ပတ်သတ်ပြီး နိုင်ငံတကာအစိုးရများမှ မည်သို့ပြုလုပ် ဆောင်ရွက်မည်ကို မြန်မာအမျိုးသမီး တက်ကြွ လှုပ်ရှားသူများက စိတ်ဝင်စားနေကြသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခုကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့်စေလိုကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျှက် ရှိသည်။

Your Thoughts …
Tags: Rape
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
254

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

by ညီစောလွင်
9 September 2013
10.1k

ဒီကြားထဲ မုဒိမ်းကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ မိန်းကလေးတွေကို ဆရာဝန်တွေက လက်နှစ်ချောင်းနဲ့ မုဒိမ်းကျင့်ခံရတာ တကယ် ဟုတ်မဟုတ်၊ အပျိုဟုတ်မဟုတ် စမ်းသပ်နေတုန်းလို့ ဆိုတယ်။

မုဒိမ်းမှု,

မုဒိမ်းမှုတွေ ဘာကြောင့် ပိုများလာတာလဲ

by မေစစ်ပိုင်
15 August 2014
12.2k

မြို့ကြီးပြကြီးများတွင် မုဒိမ်းမှုများ ဖြစ်ပွားသကဲ့သို့ ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသား ဒေသများနှင့် ပဋိပက္ခများဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ၊ အရွယ်မရောက် သေးသော အမျိုးသမီးငယ် ကလေးများမှာလည်း စစ်တပ်၏ လိင်အကြမ်း ဖက်မှုများကို ခံစားနေကြရသည်

ကျန်းမာရေး , လိင်ပညာပေး , မုဒိမ်းမှု

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှုတွေကို ဘယ်လိုကာကွယ်မလဲ

by အေးမင်း
20 June 2015
204.7k

၂ ဦး သဘောတူချိန်းဆို တွေ့ဆုံမှုမှာတောင်မှ ကာမကို အင်အားသုံးပြီး အတင်းရယူရင် မုဒိန်းမှုမြောက်ပါ တယ်။ တကယ်ချစ်တဲ့ သူက ဘယ်တော့မှ အင်အားသုံးမှာ မဟုတ်ပါဘူး

အဓမ္မပြုကျင့်မှု, ဥပဒေ , တရားစီရင်ရေး စနစ် , ပုဒ်မ ၃၇၆

အဓမ္မပြုကျင့်မှု ဆိုင်ရာ တရားစီရင်ရေးစနစ် အားနည်းနေသေး

by နန်းဆိုင်နွမ်
2 January 2015
7.5k

အဓမ္မပြုကျင့်မှု ကျူးလွန်ပါက ဥပဒေအရ တရားခံကို ပုဒ်မ ၃၇၆ နှင့်အရေးယူရမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် (သို့) ထောင်ဒဏ် တသက်တကျွန်း ကျခံရမည်ဟု ပြဌာန်းထားသော်လည်း လက်ရှိတွင် တရားခံများကို...

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

by စမ်းယမင်းအောင်
3 February 2017
8.2k

ဒေါ်ခင်စောဝေ အဆိုပြုလာသည့် ပြင်ဆင်ချက်တွင် သက်ငယ်မုဒိန်း (အသက် ၁၆ နှစ်အောက် မိန်းကလေး ကို မတရားပြုကျင့်ခြင်း)အား ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) သို့ မဟုတ် သေဒဏ် အထိချမှတ်ရန် ပြစ်ဒဏ်ကို တိုးမြှင့်ထားပြီး၊...

Next Post
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း , SSPP/SSA, အစိုးရစစ်တပ် , ရှမ်းပြည်နယ်, ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး , တိုင်းရင်းသား,

SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားမှု အစိုးရစစ်တပ်မှ ၈ ဦးကျဆုံး

သာသနာရေး ဝန်ကြီးဌာန, ဦးဥတ္တရ, သန္တိသုခကျောင်းတော်ကြီး, မဟန

“သာသနာ တခုလုံးနဲ့ သက်ဆိုင်တယ်”

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate