တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်နိုင်ငံသို့ ယမန်နေ့က သွားရောက်ကြောင်း အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။ အာဆီယံဥက္ကဋ္ဌ တာဝန် ယူထားသည့် မြန်မာနိုင်ငံ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံနှင် ရေပိုင်နက် အငြင်းပွားနေသည့် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး၊ ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေး လိမ့်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။