• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

ကန့်ဘလူ၌ ထွန်တုံးတိုက်ပွဲဝင် လယ်သမားများနှင့် လယ်မြေသိမ်း စစ်တပ် တင်းမာမှု ဖြစ်ပွားနေ

by မင်းနိုင်သူ
2 July 2014
in Human Rights
A A
စစ်ကိုင်းတိုင်း, ကန့်ဘလူ , ထွန်တုံးတိုက်ပွဲ , တပ်မ ၃၃ , စစ်တပ် လယ်မြေသိမ်း

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့ ညောင်ဝန်း ကျေးရွာ၌ ဇွန်လဆန်းပိုင်းက စစ်တပ်သိမ်း လယ်မြေများ ပြန်ရရေး အတွက် ထွန်တုံး တိုက်ပွဲ ဆင်နွှဲနေသော လယ်သမားများ (ဓာတ်ပုံ – ဟန်ဝင်းအောင် ဖေ့စ်ဘုတ်)

2.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအနီးရှိ စစ်တပ်က သိမ်းယူထားသည့် လယ်မြေ ဧက ၃၀၀ ကျော် ပြန်လည်ရရှိရေး အတွက် တလ နီးပါး ထွန်တုံးတိုက်ပွဲဝင်နေကြသော မူလပိုင်ရှင် လယ်သမားများနှင့် စစ်တပ်အကြား တင်းမာမှု ဖြစ်ပွားနေကြောင်း သိရသည်။

ထိုလယ်မြေ ဧက ၃၀၀ ကျော် သိမ်းယူထားသော စစ်ကိုင်း ရွာထောင် အခြေစိုက် တပ်မ ၃၃ က ဇွန်လ ၃၀ ရက် နံနက် ၆ နာရီခွဲ ခန့်က စပြီး ထွန်တုံးတိုက်ပွဲဝင် လယ်မြေများပေါ် သေနတ်ပစ်ကွင်း သတ်မှတ်၍ သေနတ်ပစ် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ လယ်သမားများကိုလည်း ထွန် တုံး တိုက်ပွဲဝင် လယ်မြေများအတွင်း အဝင်အထွက်ပြုလုပ်၍ မရရန် စိစစ်တားမြစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံရွာသားများက ပြောပြသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
82
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.3k

စစ်သည် အင်အား ၁၀၀ ခန့်သည် သိမ်းဆည်းထားသော လယ်မြေများပေါ်တွင် သေနတ်ပစ်ကွင်းပြုလုပ် ပစ်ခတ်နေကြပြီး ထွန်တုံး တိုက်ပွဲဝင်နေကြသူများအား ပြန်ထွက်သွားပြီးက ပြန်မလာရန်နှင့် လယ်ကွင်းအတွင်း ရှိနေသူများအတွက် အစာရေစာပေးပို့မှုများကိုလည်း စိစစ်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ကိုယ့်လယ်ကို ပြန်ထွန်တဲ့ တောင်သူတွေထဲမှာ အမျိုးသမီးတချို့နဲ့ ကလေးတွေလည်း ပါတယ်။ သူတို့ထဲက တချို့ရွာပြန်သွားကြ တယ်။ ပြန်ဝင်တာ လက်မခံဘူး။ ကျန်တောင်သူတွေကတော့ ကိုယ့်လယ်ကို ပြန်မရမချင်း မထွက်ပေးဘူးလို့ ဆုံးဖြတ်ထားကြ တယ်”ဟု မြေမွန်ရွာသား ကိုဝင်းကြည် က ပြောသည်။

ပြီးခဲ့သည့် ဇွန် ၈ ရက်မှ စတင်ပြီး အသိမ်းခံ လယ်မြေများ ပြန်ရရေးအတွက် မြေမွန်ရွာခံများက ထွန်တုံးတိုက်ပွဲပြုလုပ် နေခြင်း ဖြစ် သည်။

မြေမွန်ရွာအနီးမှ လယ်မြေဧက ၅၀၀ ခန့်ကို ၁၉၉၂ ခုနှစ်မှ စတင်ပြီး တပ်မ ၃၃ ၊ မုံရွာ အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၁၆ ၊ ခမရ ၁၃ တို့က သိမ်းယူ၍ တပ်မြေအဖြစ်လည်း အသုံးမပြုဘဲ သီးစားချ အငှားပေးထားခဲ့ကြောင်း သိရသည်။

ခမရ ၁၆ နှင့် ခမရ ၁၃ တို့က ၎င်းတို့ သိမ်းယူထားသော လယ်မြေဧက ၁၈၆ ဧကကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သော် လည်း တပ်မ ၃၃ က လယ်မြေ ဧက ၃၀၀ ကျော်ကို ပြန်လည်မပေးဘဲ ယခုကဲ့သို့ သေနတ်ပစ် လေ့ကျင့်နေကြခြင်းဖြစ်သည်ဟု ဆို သည်။

တောင်သူ လယ်သမား သမဂ္ဂဖြစ်မြောက်ရေး ဆောင်ရွက်နေသော ခင်ဦးမြို့နယ်မှ ဦးတင်အုန်းကျော် ဆိုသူကလည်း“မနေ့က ကျနော်တို့ ဖြစ်စဉ် သိရဖို့ မြေမွန်ရွာဘက်ကို သွားကြည့်တယ်။ ထွန်တုံး တိုက်ပွဲဝင်နေကြတဲ့ မူလပိုင်ရှင်တွေ လက်ထဲကို ပြန်မထည့်ဘဲ သေနတ်ပစ်နေကြတဲ့အပြင် သူတို့ သီးစားချပေးထားတဲ့ လူတွေကိုပဲ ထွန်ခိုင်းထားတာ မြင်ရတော့ အင်မတန် ရင်နာရပါတယ်”ဟု ပြောသည်။

စစ်တပ်က သိမ်းဆည်းထားသော လယ်မြေများအား ရွှေဘိုနယ် ဝက်လက် ၊ ထနောင်းကိုင်း ၊ အောင်ချမ်းသာ စသည့် ကျေးရွာများသို့ သီးစားချထားပေးခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

“သီးစားချထားမှုကို အဓိက ခြယ်လှယ်နေတာက တပ်မ ၃၃ က ဒုတပ်ကြပ် ဇော်မြင့်၊ သူက အဓိကပဲ၊ ဒုတပ်ကြပ်သာပြောတာ ရွှေဘိုမှာလည်း တိုက်ကြီးက ဟီးလို့ ၊ ဒီလယ်မြေတွေကို သူက ထင်သလိုလုပ်နေတယ်”ဟု မြေမွန်ရွာသား တဦးက ပြောသည်။

လယ်မြေများအတွင်း သေနတ်ပစ်လေ့ကျင့်နေသော တပ်မှ အရာရှိတဦးထံ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သော် လည်း ခေါ်ဆို၍ မရခဲ့ပေ။

Your Thoughts …
Tags: Rule of Law
မင်းနိုင်သူ

မင်းနိုင်သူ

Contributor

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
မန္တလေးတိုင်း, ဘာသာရေး , လူမျိုးရေး, အဓိကရုဏ်း, ဗုဒ္ဓဘာသာ, မွတ်စလင်, အစ္စလမ်, မုဒိမ်းကျင့်မှု, ရဲတပ်ဖွဲ့, အကြမ်းဖက်မှု

မန္တလေး အဓိကရုဏ်း ရဲတဦး အပါအဝင် ၆ ဦးဒဏ်ရာရ

ခရိုနီ, စစ်အစိုးရ, UNICEF, ယူနီဆက်ဖ်, အိမ်ခြံမြေ

ဒေါ်လာ ၁ သန်း ရှိခဲ့မယ်ဆိုရင် …

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

23 hours ago
4k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate