မန္တလေးမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို မန္တလေး တိုင်းပြည် သူ့ရဲတပ်ဖွဲ့ရုံးတွင် ယနေ့နံနက် ပြုလုပ်ကြောင်းသတင်းရသည်၊ ယမန်နေ့ကလည်း ပထမအကြိမ် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့သေးသည်၊ ပြီးခဲ့သည့် အင်္ဂါနေ့ညက ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခတွင် ရဲတဦး အပါအဝင် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရပြီး၊ အခြေအနေမှာ ငြိမ်သက်ခဲ့သော်လည်း၊ မနေ့ညကမူ တဖန်ပြန်လည်၍ ဖြစ်ပွားခဲ့ရာ လူအသေအပျောက် ရှိသည်ဟုသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။