စင်ကာပူ နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ အိမ်အကူ အလုပ်သမားများနှင့်မြန်မာနိုင်ငံသားများအားလုံး၏ အခက်အခဲများကို မြန်မာ အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ ကူညီပေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထား သည်။ နည်းလမ်း အမျိုးမျိုး၊ နေထိုင်ခွင့် ပုံစံအမျိုးမျိုးဖြင့် စင်ကာပူသို့ ရောက်ရှိနေကြသည့် အမျိုးသမီးများ အပါအဝင် မြန်မာနိုင်ငံ သားအားလုံးကို ဥပဒေ ဘောင်အတွင်းမှ အလုပ်လုပ်ကိုင်ခွင့်ရရေး၊ အခွင့်အရေးများ အပြည့်အ၀ ရရေး အတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ကူညီပေးသွားမည်ဟု သတင်းစာများ က ဖော်ပြထားသည်။ စင်ကာပူ နိုင်ငံတွင် အိမ်အကူ အဖြစ် လုပ်ကိုင်ရန် ရောက်ရှိနေကြသည့် မြန်မာ၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား နိုင်ငံတို့မှ အမျိုး သမီးများကို ဈေးဝယ် စင်တာများ၌ ပစ္စည်းများဝယ်ယူနိုင်သကဲ့သို့ ရောင်းချနေမှုများကို အယ်လ်ဂျာဇီးယား သတင်းဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေးသား ဖော်ပြခဲ့သည်။ ထိုသတင်းသည် ကမ္ဘာတဝှမ်း ပြန့်နှံ့သွားပြီး သက်ဆိုင်ရာ နိုင်ငံ အစိုး ရ များ က လည်း ထိုလုပ်အပေါ် ကန့်ကွက်နေကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။