• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

မန္တလေး အဓိကရုဏ်း ဒုတိယနေ့ ၂ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

by ဧရာဝတီ
3 July 2014
in Crime
A A
မန္တလေး အဓိကရုဏ်း, ပဋိပက္ခ, မွတ်စလင်, ဗုဒ္ဓဘာသာ, အစ္စလမ်

လက်နက် ကိုင်ဆောင်ထားသော ဆူပူအုံကြွသူတချို့ (ဓာတ်ပုံ - ဧရာဝတီ)

21.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့တွင် အမျိုးသမီးငယ်တဦး မုဒိမ်းကျင့်ခံရသည်ဆိုသော အမှုတိုင်ကြားချက်ပေါ်မူတည်၍ ဘာသာရေးနှင့် လူမျိုးရေး အသွင်ဆောင်သည့် အဓိကရုဏ်းများ ဇူလိုင်လ ၁ ရက်နေ့ညပိုင်းစတင်ဖြစ်ပွားခဲ့ရာ ဇူလိုင် ၂ ရက်နေ့ ညပိုင်း တွင်လည်း ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၁၄ ဒဏ်ရာရရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂ ရက်နေ့ ည ၁၁ နာရီ ခန့် က ၃၅လမ်းနဲ့ ၈၃ လမ်းထောင့်တွင် ဆိုင်ကယ်စီးနင်းလာသော ကိုထွန်းထွန်း ကို အမည်မသိလူတစု က ဝိုင်းဝန်းရိုက်နှက်ပြီး ဓားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်၊ ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့ မနက်လင်းအားကြီး ၄ နာရီ ခန့် က လည်း ၈၃ လမ်းနှင့် ၃၁ လမ်းထောင့် တွင် ရှိနေသည့် ကိုစိုးမင်းထွေး ကို လူတစု က ရိုက်နှက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကိုမှု စုံစမ်းနေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ခရိုင်ရဲရုံးဒုတိယရဲမှူးကြီးဇော်ဝင်းအောင် က ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
141
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
174
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
585

“၂၆လမ်းဘက်မှာ လူစုလူဝေး နဲ့ လျှောက်လိုက်ပြီးတွေ့ရာ ပစ္စည်းတွေဖျက်ဆီးနေတဲ့ လူအုပ်ထဲက ၄ ဦးကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်၊ လူသေမှု ကိုလည်း စုံစမ်းပြီးတော့ ထိထိရောက်ရောက်အရေးယူမှာဖြစ်ပါတယ်”ဟု ဒုရဲမှူးကြီး ဇော်ဝင်းအောင် က မီဒီယာများကို ပြောသည်။

ဇူလိုင် ၂ ရက် ည ၁၁ နာရီမှ ယနေ့မနက် ၄ နာရီခွဲခန့်အထိ လူ ၂ ဦး သေဆုံးမှု အပါအဝင် လူထုအုံကြွမှု ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်သူ ၄ ဦးကို အမှတ် ၆ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန်ရှိသည့် ဆူပူအုံကြွမှုကို ဖြစ်စေ သူများကို ဖမ်းဆီးနိုင်ရန်အတွက် မျက်မြင်သက်သေများကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက “ပုဒ်မ ၁၄၄ ကိုတော့ ထုတ်ပြန်ဖို့မရှိပါဘူး၊ ဖြစ်တဲ့အချိန်တွေက ညဘက် စားသောက်ဆိုင်တွေ ဖွင့်ချိန်တွေဖြစ်နေတော့ ဆိုင်တွေမှာ သောက်စား ပြီးပြန်လာရာက လူစုလူဝေးထဲပါသွားတာမျိုးဖြစ်နိုင်တယ်၊ ဒါကြောင့် အစိုးရအဖွဲ့က ဆိုင်တွေကို တွေ့ဆုံပြီး ဆိုင်တွေကို စောစောပိတ်ဖို့ ဆွေးနွေးနေတယ်”ဟု ပြောသည်။

လက်ရှိတွင် ပဋိပက္ခ ပြဿနာ၏ မူလအစဖြစ်သော မုဒိန်းကျင့်ခံရသည်ဟုဆိုသည့် ကာယကံရှင် မစိုးစိုးထိုက် ကို ပျဉ်းမနား ရဲစခန်းတွင် ထိန်းသိမ်းထားပြီး တိမ်းရှောင်နေသည့် ကျူးလွန်သူဟု ယူဆရသူ ၂ ဦးကို ပုဒ် ၃၇၆ ဖြင့်အမှုဖွင့်ထားကြောင်း သိရှိရသည်။

ဆူပူအကြမ်းဖက်မှု၏ ဖြစ်စဉ်သည် လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွင် သတင်း ဖြန့်ဝေမှုမှ စတင်ခြင်းဖြစ်သည့်အတွက်  လူထု အနေဖြင့် ယင်းကဲ့သို့သော သတင်းများကိုဖတ်ရှုခြင်း၊ တဆင့်ဝေမျှခြင်းပြုလုပ်မည်ဆိုပါက စဉ်းစားရန် လိုအပ် ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားရန်အတွက် တာဝန်ရှိသူများက ထိန်းသိမ်းမည်ဖြစ်သလိုပြည်သူများလည်း ပါဝင်ရန် လိုအပ် သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများ က ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့ ညပိုင်း အဓိကရုဏ်းကြောင့် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့သည့် ၂၇ လမ်းနှင့် ၂၈ လမ်းထောင့်နှင့် အနီးတဝိုက်ရှိ ဆိုင်ခန်းအများစုမှာ ပိတ်ထားပြီး မြို့နေလူထုမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရှိရသည်။

“ဟိုနေရာဖြစ်မယ်၊ ဒီနေရာဖြစ်မယ်ဆိုတဲ့ ကောလဟလတွေရှိနေပြီး သွားကြည့်ရင် ဘာမှမဟုတ်ဘူး”ဟု မန္တလေးမြို့ခံ တဦးက ပြောပြသည်။

မန္တလေး အဓိကရုဏ်း ဒုတိယမြောက်နေ့ ဖြစ်ပွားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ခရိုင်ရဲရုံး တွင် ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တွင်အစိုးရတာဝန်ရှိသူများနှင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်သည့် အစည်းအဝေးများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Your Thoughts …
Tags: Mandalay
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

by ဧရာဝတီ
23 July 2024
1.5k

စစ်ရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အပြင် အချို့အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်မှုကို လက်မခံကြကြောင်း

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
12 October 2024
1.2k

မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

by ယဉ်မွန်
28 August 2024
1.1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
440

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ...

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

by ယဉ်မွန်
3 September 2024
435

မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက ဧရာဝတီကို အတည်ပြုပါတယ်။

Next Post
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် , ထိုင်း ဘုရင်မင်းမြတ် ဂုဏ်ထူး ဆောင် တော်ဝင် ဘွဲ့တံဆိပ်, NCPO

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်း ထိုင်းစစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

အလှမယ်, မေမြတ်နိုး, မလှနုထွန်း

မေမြတ်နိုးနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာတို့ အကြား သဘောထား ကွဲလွဲမှုများ ရှိနေသေး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate