သတင်းတို

မြန်မာနိုင်ငံ EITI အဖွဲ့ဝင် ဖြစ်ပြီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်ခံလိုက်ကြောင်း မက္ကဆီကိုနိုင်ငံတွင် ယမန်နေ့က ကျင်းပသည့် အဆိုပါ EITI ၏ ဘုတ်အဖွဲ့အစည်းအဝေးမှ ကြေညာလိုက်သည်။ ယင်းကြောင့် မြန်မာနိုင်ငံတွင် သယံဇာတ တူးဖော်ရေးမှ ရသည့် ဝင်ငွေနှင့် မည်သို့သုံးစွဲကြောင်း ထွက်ငွေကို နိုင်ငံတကာ အဆင့်မီ စာရင်းရှင်းပြရတော့မည် ဖြစ်သည်။ EITI ၏ ဥက္ကဋ္ဌ Clare Short က မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ခြင်းသည် သဘာဝသယံဇာတများ ထုတ်ယူရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စတင် ဖိတ်ခေါ်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် အချိန်ကောင်း ဖြစ်ကြောင်း ပြောဆိုသည်။ မြန်မာ့ ရေနံနှင့် ဂက်စ်၊ ရေအားလျပ်စစ်၊ သစ်၊ သယံဇာတ တူးဖော်ရေးလုပ်ငန်းများသည် တချိန်က စစ်တပ်နှင့် နီးစပ်သူများ၏ ကုမ္ပဏီ လက်တဆုပ်စာကသာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ယင်းသို့ သယံဇာတတူးဖော်ခြင်းမှ ရရှိသော ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာသည် နိုင်ငံတော်ငွေစာရင်းရှင်းတမ်းတွင် မပါဝင်ခဲ့ဘဲ စာရင်းပျောက် အင်းပျောက်ဖြစ်ခဲ့ရသည်။

Loading