• English
Thursday, September 28, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း Politics

          သွေးစွန်းသော လက်များကို လက်ထိတ်ခတ်ဖို့ လိုနေပါပြီ

          by ငြိမ်းချမ်းအေး
          4 July 2014
          in Politics
          Reading Time: 1 min read
          A A
          အင်တာနက်, အာဏာရှင်, မန္တလေး, အဓိကရုဏ်း, အမုန်းတရား

          သစ်ထူးလွင် သတင်းမှာ လူမျိုး၊ ဘာသာ အသားပေး ဖော်ပြပြီး ကျင့်ဝတ်မဲ့ အတို့အထောင် လုပ်ခဲ့မှုက စခဲ့တဲ့ နောက်ဆက်တွဲ ရလဒ် ဟာ လူသေတဲ့ အထိ ဖြစ်သွားခဲ့ပါပြီ (သရုပ်ဖော် - Kenneth Wong / kennethwongsf.blogspot.com)

          9.6k
          VIEWS
          Share on FacebookShare on Twitter

          ဒီမိုကရေစီ စနစ် လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ ရေးသား ဖြန့်ချိခွင့် မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ် စည်းကမ်း သီလနဲ့ တာဝန်ယူ၊ တာဝန်သိမှု မရှိမဖြစ်လိုကြောင်းကို မန္တလေး အဓိကရုဏ်း ဖြစ်စဉ်က သက်သေ ထပ်ပြုလိုက်တယ်။ သစ်ထူးလွင် အွန်လိုင်း မီဒီယာရဲ့ ရာဇဝတ်မှု သတင်းမှာ လူမျိုး၊ ဘာသာ အသားပေး ဖော်ပြပြီး ကျင့်ဝတ်မဲ့ အတို့အထောင် လုပ်ခဲ့မှုက စခဲ့တဲ့ နောက်ဆက်တွဲ ရလဒ် ဟာ လူသေတဲ့ အထိ ဖြစ်သွားခဲ့ပါပြီ။  အွန်လိုင်း ပယောဂ ကောလာဟလ အမုန်းတရားဖြန့်မှုဆိုးကျိုး ဟာ အင်တာနက် အလှမ်းမီရာ အချက်အချာ မြို့ကြီးများရဲ့ လူမျိုး/ဘာသာရေး ပဋိပက္ခတွေမှာ ပိုလို့ လျင်မြန် သက်ရောက်စေကြောင်းကိုလည်း မန္တလေးဖြစ်ရပ်က ပြနေတယ်။

          အွန်လိုင်းမှာ အမုန်းပွား အရိုးစည်းရိုးထိုး ကောင်းနေရင်း တန်းလန်း အဲ့ဒီဒဏ် အကျိုးဆက်က ချက်ချင်း ကိုယ့်အနားရောက်လာ၊ ကိုယ့်ရပ်ရွာ ပြာကျ အရိုးတောင်ပုံ ဖြစ်သွားနိုင်ကြောင်းကို လားရှိုး၊ မိတ္ထီလာ၊ အခု မန္တလေး အထိ ဆက်တိုက် တွေ့မြင်ခဲ့ရလည်းပဲ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုကတော့ ကင်းမဲ့နေဆဲပါ။  လူမှုကွန်ရက် စာမျက်နှာ အွန်လိုင်း မီဒီယာများမှာ တဦးချင်း အလိုက်၊ အဖွဲ့အစည်း အလိုက် အဓိကရုဏ်း ဖြစ်စေနိုင်တဲ့ မမှန်သတင်းများ ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေ သွေးထိုး အမုန်းတရား ပွားနေမှုများဟာ အတားအဆီးမဲ့ လုပ်ခွင့်သာနေဆဲ ဖြစ်တယ်။

          RelatedPosts

          ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

          ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

          28 September 2023
          440
          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          28 September 2023
          2.6k
          မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

          မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

          28 September 2023
          1.1k

          ဒီသဘောဆိုခြင်း ဟာ စစ်လော်ဘီ ကြားခံ Proxy များရဲ့ နာဂစ်စစ်ဖွဲ့စည်းပုံ အလံအသစ် ပုံ တင် (သို့မဟုတ်) ပဒေသရာဇ် စစ်ဘုရင်များနောက်ခံပုံ နဲ့ မျိုးချစ် (ဆိုတဲ့) စာမျက်နှာများ၊ အလံရှူး သတင်း စာမျက်နှာများကို ကြည့် ဆိုနေခြင်း မဟုတ်ပါ။  အာဏာ၊ အကျိုးစီးပွား အလို့ငှာ စနစ်တကျ နေ့ညမပြတ် ဆောက်ရွက်နေကြတဲ့ ပုဆိုးခြုံထဲက လက်သီးပုန်းပြ လှုံ့ဆော် ကြုံးဝါးနေကြသူ ဝါဒဖြန့်ချီရေး၊ စိတ်ဓာတ်စစ်ဆင်ရေး သမားများကို ကွက်ကြည့် ပြီး သုံးသပ်တာ မဟုတ်ပါ။  လူမျိုး/ဘာသာ ဆက်စပ်၊ အထူးသဖြင့် မွတ်ဆလင် အမုန်းပွားနေမှုဟာ နာမည် ထင်ရှားနဲ့ လူပုဂ္ဂိုလ် အစစ်အမှန်များလည်း ပါတယ်၊ တရားဝင် စာနယ်ဇင်းတချို့လည်း ပါတယ်၊ ဘာသာရေးခေါင်းဆောင် တချို့လည်း ပါပါတယ်။

          ဒီမိုကရေစီ အရေးကြောင့် စစ်အစိုးရ လက်ထက် ထောင်သွင်း အကျဉ်းချခံခဲ့ရသူ နာမည်ကျော် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးနဲ့ လယ်သမား အရေး တက်ကြွ လှုပ်ရှားသူ နိုင်ငံရေး သမား တယောက် ဆိုရင် မွတ်ဆလင် အပုပ်ချမှု တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်လွတ်စပယ် နေ့စဉ် လုပ်နေတာကို တွေ့ရတယ်။ ဒီလို နာမည် အမှန် ဒီမိုကရေစီသမား ဆိုသူ တချို့နဲ့ နာမည်ဝှက် စစ်အာဏာရှင် နောက်မြီးဆွဲများ မွတ်ဆလင် ခါးခါးသီးသီး မုန်းတီးရေးမှာ တလေသံတည်း လွတ်လွတ်လပ်လပ် ထွက်နေခွင့်ရနေခြင်းကို လူအများက ပေယျာလကန် ပြုထားသလို၊ စာနယ်ဇင်းကလည်း အလေးအနက်ထား ထောက်ပြမှု နည်းနေတယ်၊ ဒါ့အပြင် တာဝန်အရှိဆုံး ဖြစ်တဲ့ အစိုးရ ကလည်း အရေးယူမှု မလုပ်ပါဘူး။

          အခု အရေးပေါ်တဲ့ အချိန် မှာ မဖြစ်မနေ အရေးယူတော့လည်း ထုံးစံအတိုင်း ဖိနပ်မတော် ခြေထောက် ဖြတ် မူအတိုင်း မတော်တရော် အာဏာရှင်ဆန်ဆန်ပဲ Facebook သုံးခွင့်ပိတ်ဖို့ ကြံစည်တယ်။ ပြဿနာ တခုခု ဆိုရင် တယ်လီဖုန်းလိုင်း ဖြတ်၊ အင်တာနက်ဖြတ်ဆိုတဲ့ အာဏာရှင်အကျင့်အကြံက မပျောက်သေးဘူး။  နည်းပညာခေတ်ကြီးမှာ လွတ်လပ်မှုကို အမိန့်အာဏာနဲ့ တဖက်သတ် တားချင်လို့လည်း မရဘူး၊ ကျော်ခွသုံးနိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိနေတာပါပဲ။  တကယ်တော့ လွတ်လပ်မှုကို အလွဲသုံးစားလုပ် အွန်လိုင်းမှာ ကီးဘုတ်ကနေ ရန်တိုက်ပေး မမှန်သတင်း ဖြန့် အမုန်းတရားထားနေသူများကိုသာ နည်းပညာ အကူအညီယူ လိုက်ရှာ ထိထိရောက်ရောက် အရေးယူရမှာပါ။  မဆိုင်သူ လူအများ ရဲ့ လွတ်လပ်ခွင့်ကို ထိပါး တားဆီးရမှာမျိုး မဟုတ်ပါ။

          အစိုးရ တာဝန်ရှိသူ တချို့ က အမုန်းစကားများ အတွက် တိုင်တန်းနိုင်တယ် ပါးစပ်က ဆိုသော်လည်း ထိရောက်တဲ့ လက်တွေ့ အလုပ် အခုအချိန်အထိ မပါသေးတာကို တွေ့ရတယ်။  ဟိုအရင် စစ်အစိုးရ ဆန့်ကျင်တဲ့ လျှပ်စစ် စာပို့ စနစ် အီးမေး(လ်) တစောင် အတွက် ထောင်ဒဏ် နှစ်ပေါင်းများစွာ မတရား အပြစ်ပေးနိုင်ခဲ့တဲ့ နာမည်ကျော် အီလက်ထရောနစ် ဥပဒေ ဟာ တိုင်းပြည် ကို မီးလောင်တိုက်သွင်းနေတဲ့ အွန်လိုင်း အမုန်းတရား ပွားနေမှုတွေကိုတော့ လျစ်လျူ ရှုထားနေတယ်။

          နိုင်ငံတော် လုံခြုံရေးကို မထိခိုက်၊ အစိုးရ အကြည်ညို မပျက်စေဘဲ တိုင်းပြည် ဂုဏ်သိက္ခာသာ ကမ္ဘာ အလယ်မှာ ကျဆင်း၊ ပြည်သူ့ အိုးအိမ်၊ အသက် ဥစ္စာ စည်းစိမ်သာ ပျက်စီးဆုံးရှုံးစေတာကြောင့် ဖြစ်မယ် ထင်တယ်။  လူထု အာရုံ လွှဲ လူနည်းစု တရုတ်၊ အိန္ဒိယနွယ်များ ခေါင်းပေါ် ဓားဝဲ နေရင် အုပ်ချုပ်ရလွယ်၊ အာဏာမြဲစေတဲ့ ခေတ်အဆက်ဆက် သုံးနေကျ အာဏာအသက်ဆက် ဆေးနည်းကောင်း တဖုံကို ရေလဲ ဆက်သုံးလိုတာကြောင့်လည်း ပါတယ်။

          အခု နှစ်မှာ အမုန်းမပွားရေး တန်ပြန် ပညာပေး လှုံ့ဆော်မှု တွေ တာဝန်သိ လူငယ်များ ပြည်တွင်းမှာ အွန်လိုင်း/ပြင်ပ အင်တိုက်အားတိုက် လုပ်လာကြတာ ဝမ်းသာဖွယ် တွေ့ရပေမယ့် အွန်လိုင်း အမုန်းသမားများကိုတော့ မကျော်လွှားနိုင်ပါ။  ကျင့်ဝတ်၊ သိက္ခာ နဲ့ နေထိုင် ပြောဆို၊ ပြုမူ၊ ကျင့်ကြံ စောင့်ထိန်းခြင်း ဆိုတာ ဗမာ့ အွန်လိုင်းလောကမှာ မမျှော်မှန်းကောင်းစရာ ရခဲလှတဲ့ ဒုလ္လဘတရားကြီး ဖြစ်နေဆဲပါပဲ။  ဟိုတလောကတင် အစိုးရ ဒုဝန်ကြီး အဆင့် ရှိသူ ရဲ့ မိသားစု ဝင် ကိုယ်တိုင် မွတ်ဆလင် အလာဂျီ ပြက်ရယ်ပြု လုပ်ကြံပုံတပုံ လူမှုကွန်ရက်မှာ ထပ်ဆင့် ဖြန့်ခဲ့လို့ ဟိုးလေးတကျော်ဖြစ် နိုင်ငံတကာ မီဒီယာပေါ်တောင် ရောက်ခဲ့သေးတယ်။

          Islamophobia မွတ်ဆလင် အကြောက်ရောဂါ ဆက်စပ် အမုန်းပွားမှုဟာ ကမ္ဘာမှာလည်း ဖြစ်နေတာပါပဲ။  မမှန်သတင်း ဗြောင်ကျကျ လိမ်ဆင် တွေ သုံး မှိုင်းတိုက်တာမျိုးထက် အမှန်တဝက် အချက်အလက် ပုံဖျက် သတင်းတွေ၊ ကျိုးကြောင်း ဆက်စပ်ပြမှုတွေ သုံး လှုံ့ဆော်ခြင်းကြောင့် လူသာမန်အများကို ပိုယုံလွယ် လွှမ်းမိုးနိုင်တာကို တွေ့ရတယ်။  ဒီသဘောဟာ ကိုယ်ပိုင် ဆင်ခြင် အကြောင်းကို ရှာလိုမှု အားမပေးဘဲ အာဂုံဆောင်မှ အာဂလူ ဆိုကာ မျက်စိမှိတ် နှုတ်တိုက် အလွတ်ကျက် ကျက်ကျူကေးရှင်း ပညာရေး ရှင်သန်ရာ ဗမာပြည်မှာ ပိုလို့ သိသာတယ်။  ဒီလို သဘော ဆင်ခြင်တုံ တရား ကင်းမဲ့ အွန်လိုင်းက ဘာလာလာ ယုံလွယ်မှုကြောင့် ဗမာပြည်က ဘာမှ နောက်ခံ နိုင်ငံရေး အရောင်မရှိသူ လူငယ်ကလေးများ၊ ရဟန်း ရှင်လူများ ဟာ မွတ်ဆလင် အမုန်းပွားရေး အတွက် စနစ်တကျ ဖန်တီးထားတဲ့ ဝါဒဖြန့်ချီမှုတွေကို တကယ် ရိုးရိုးသားသား နှစ်နှစ်ကာကာ ယုံကြည် တုံ့ပြန် လိုတာကို မြင်တွေ့နေရတယ်။

          အမေရိကား နဲ့ ဥရောပ မှာ အလားတူ ပုံဖော်ထားတဲ့ မွတ်ဆလင် အမုန်းပွား အွန်လိုင်း ကွန်ရက်တွေ အနည်းအများ ရှိပေမယ့် သူတို့ ဆီမှာ သားမယား အဓမ္မ ပြုကျင့်မှုလို ရာဇဝတ်မှု တခုဖြစ်တိုင်း လူမျိုး၊ ဘာသာ အခြေပြု တရားလက်လွတ် မင်းမဲ့စရိုက် ပြန်လည် တုံ့ပြန်လိုမှု နည်းတယ်၊ အကြမ်းဖက် ပဋိပက္ခ လည်း မဖြစ်သလောက် ရှားတယ်။ အကြောင်းက သူတို့ ဆီမှာ ဘာသာ၊ လူမျိုး မကြည့် တရားဥပဒေ စိုးမိုး ကြိုတင်ကာကွယ် ထားနိုင်လို့ အပြင် လူ့အဖွဲ့အစည်းရဲ့ ယေဘုယျ အတွေးအခေါ်၊ အမြင်၊ ပညာ ရေချိန်က မြင့်ပြီးဖြစ်လို့ လူအများဟာ အမုန်းတရား ကို အရေးတယူ လုပ် အိမ်ဦးခန်း တင် ယုံကြည် ကိုးကွယ် မနေဘူး၊ နောက်ဖေး လမ်းကြားကို ပို့ထားတယ်။  အစွန်းရောက်သူ လူတချို့ ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုလည်း မထိပါး၊ လူ့အဖွဲ့အစည်းလည်း အဆိပ်အတောက် မဖြစ်အောင် အမုန်းစကား တွေကို တရားဥပဒေ အရ၊ ပညာပေးမှု အရ ဘက်ပေါင်းစုံက ထိန်းညှိ ကွပ်ကဲ ပေးထားတယ်။

          နိုင်ငံကြီးသားကောင်း အကျင့်အကြံ နည်းနေသေးတယ်လို့ ဆိုနိုင်တဲ့ ဘာသာ၊ လူမျိုးစုံ နေထိုင်ရာ စင်္ကာပူမှာကျ အမုန်းတရာ ကို အိမ်ရှေ့ခန်း မှာလည်း မထား၊ အိမ်နောက်လည်း မပို့ အနည်းအကျဉ်း အစွန်းအထင်း မခံ ဥပဒေ နဲ့ ပြင်းပြင်းထန်ထိန် နှိပ်ကွပ်ရင်း အိမ်ပေါ်က လုံးလုံးကန်ချထားပြီး လူ့အဖွဲ့အစည်း ငြိမ်းချမ်းတည်ငြိမ်မှုကို တည်ဆောက်ထားနိုင်တယ်။

          ဗမာပြည်မှာကျ ဘာသာ၊ လူမျိုး မတူညီသူကြား ခွဲခြားမှု သဘော အမြင် ပုံဖော်မှု တွေဟာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အစရှိတဲ့ လူထုကိုသက်ရောက်နိုင်မှုမြင့် ကြားခံပစ္စည်း မှာလည်း တင်းကျမ်းပြည့်နေ၊ ပညာရေး ကလည်း ထိန်းကျောင်းမှု မရှိ တဲ့အပြင် မြှောက်ပင့် သွေးထိုး အမုန်းတရား ပွားနေမှုတွေကို အွန်လိုင်း/ပြင်ပ နှစ်ခုစလုံးမှာ တရားဝင် အခွင့်ရသည့်အလား ပွဲလမ်းသဘင် အခမ်းအနားနဲ့ တကွ လုပ်ခွင့် ရနေတယ်။

          အခု မန္တလေး ဖြစ်စဉ်ကို ကြည့်ပါ။  မုဒိန်းမှု သတင်း ကို နာမည်ကြီး အွန်လိုင်း မီဒီယာ သစ်ထူးလွင် က စွပ်စွဲခံရသူရဲ့ လူမျိုး၊ ဘာသာကို ခေါင်းစဉ် တပ် သိက္ခာမဲ့ တင်တယ်။  မွတ်ဆလင် ဆိုရင် မယုံသင်္ကာ စိတ်အခံ နဲ့ လူသာမန် အများ လည်း ယုန်ထင်ကြောင်ထင် ယနမကင်း ဖြစ်ကုန်တယ်၊ သတင်းကို အဆင်ခြင်မဲ့ ထပ်ဆင့် ဖြန့်ဝေကြတယ်။  မွတ်ဆလင် အမုန်းတရား ပွားများလိုသူများ က ဆက်လှော်၊ ဆက်ညှော်၊ ဆက်ညှောင့် ပေးကြတယ်၊ ဘာသာရေးခေါင်းဆောင် တချို့ နာမည်ခံထားတဲ့ စာမျက်နှာများတောင် ပါတယ်။  ဒီလိုနဲ့ အကြမ်းဖက်လူသေတဲ့ အဆင့် ရောက်ခဲ့တယ်။

          မန္တလေးဆိုတာ မြို့တည် နန်းတည် ကတည်းက မွတ်ဆလင် အပါအဝင် လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် အခြေချ မှီတင်းခဲ့တဲ့ နေရာ၊ မန္တလေးက ဗဟုယဉ်ကျေးမှုဟာ အခုလို ၂၁ ရာစု ကမ္ဘာပတ်လည် ထိစပ် နီးကပ်နေတဲ့ခေတ်ကျမှ ထွန်းကားခဲ့တာ မဟုတ်ဘူး၊ လှေတတန်၊ ကုန်းတတန် ခရီးဆက်ရတဲ့ ကုန်းဘောင် ပဒေသရာဇ် ခေတ်ကတည်းက တည်ရှိခဲ့တာပါ။  မန္တလေး တချို့ရပ်ကွက် ဘုရားပွဲ များ ဆို ဒေသခံ ဗမာမွတ်ဆလင် များက ကြီးကြပ် ဦးဆောင် ကျင်းပပေးတဲ့ အစဉ်အလာ ရှိတယ် ဆိုတာ မန္တလေးသားများ အသိဆုံးပါ။  ဒါလည်း မွတ်ဆလင် မုန်းတီးရေး သွေးထိုးလို့ ရနေဆဲ ဆိုတာကို ကြည့်ရင် ဗမာပြည်မှာ အမုန်းတရား ဟာ အိမ်ဦးခန်း တက် မစင်စွန့်သည် အထိ လူပါးဝ ကြီးကျယ် နေရာရနေပြီဆိုတာ ကို သိနိုင်တယ်။

          ဒီ့အတွက် အစိုးရရဲ့အရေးယူမူကတော့ ဆိုခဲ့သလို ကင်းမဲ့နေဆဲပါပဲ။  အခုဖြစ်စဉ်မှာ အစိုးရဟာ သတင်းထုတ်ပြန်မှု ဆိုင်ရာ အတွက် အရင်ကထက် ပိုမို လျင်မြင် ထင်သာမြင်သာ ရှိလာတာ အကောင်း တခု အဖြစ် တွေ့ရတယ်။  ဒါပေမယ့် အကြမ်းဖက်သူများကို ထိထိရောက်ရောက် အချိန်မီ တားဆီး နှိမ်နှင်းမှုကတော့ လိုအပ်နေဆဲ၊ ရပ်ကြည့်နေဆဲ ဖြစ်တယ်။  လူသာမန်အများ ရဲ့ အသိမှာလည်း အွန်လိုင်း အမုန်းပွားမှုများ၊ တာဝန်ခံမှုကင်းမဲ့တဲ့ လူမှုကွန်ရက်မီဒီယာ များရဲ့ ဆိုးကျိုးကို ပိုမိုသိမြင် ထောက်ပြ ဆင်ခြင်လာကြတာကို တွေ့ရပေမယ် တကယ့် အတွင်းသဘော အမုန်းတရား ဟာ လူ့အဖွဲ့အစည်းမှာ ကျယ်ပြန့်နေပြီဆိုတာကို ဆန်းစစ် သုံးသပ်လိုစိတ် နည်းနေဆဲ ဖြစ်တယ်။

          ဒါတွေအားလုံး အတွက် လက်ငင်းအကြောင်း ရွေးကောက်ပွဲ နီးလာချိန် နိုင်ငံရေး အာရုံလွှဲမှု၊ စစ်အုပ်စု ရဲ့ လှည့်ကွက် အကြောင်း ကိုပဲ ထပ်ပြောနေကြတယ်။  ဒီသဘော ဟာ အတိုင်းအတာ တခုအထိ မှန်ပေမယ့် အကြောင်းရင်းကြီးခံ ဖြစ်တဲ့ အမုန်းတရား ဟာ ဗမာပြည်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဆိုတာကို မျက်မှောက်ပြု ရှေးရှု ပြဿနာ ကို ချဉ်းကပ်နိုင်မှ အလုံးစုံ တော်တည့်မှန်ကန် ပြီးမြောက် အလုပ်ဖြစ်တဲ့ ဖြေရှင်းမှု ရပါမယ်။  အရင်ဆုံး အမုန်းတရား ပွားနေသူများကိုပဲ ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းရပါမယ်။

          အခု မန္တလေး ဖြစ်စဉ် အတွက် ဆိုရင် စတင် သွေးထိုးသူ အွန်လိုင်းမီဒီယာ ဟာ အထင်ကရ နာမည် ရှိတယ်၊ အပုန်းအလျှိုး မဟုတ်ပါ။  တည်ထောင်သူ ပုဂ္ဂိုလ် ဆိုရင် တရားဝင် စာနယ်ဇင်းများ မှာ တွေ့ဆုံမေးမြန်းခန်းတွေ လုပ်ခဲ့ဖူးတယ်။  ဒီသတင်းကို လူမျိုးရေး အသားပေး ထပ်ဆင့် ဖြန့်ဝေကြသူများမှာလည်း ဘာသာရေး ခေါင်းဆောင် တချို့ အပါအဝင် လူပုဂ္ဂိုလ် တချို့ ဟာ အစစ်အမှန် တွေပါ။  တကယ် အရေးယူချင်ရင် ဒေါက်တာဆိတ်ဖွား လို သိလျက်နဲ့ မသိချင်ယောင်ဆောင် တကူးတက စုံစမ်းဖော်ထုတ် လိုက်နေစရာမလို၊ အစိုးရအနေနဲ့ ရှာဖွေ အရေးယူဖို့ အလွယ်ကလေးရယ်ပါ။  မွတ်ဆလင် အမုန်းရောဂါ ကုစားလိုစိတ်၊ မမှန်အချက်၊ အမှန်တဝက် အခြေခံ ချဲ့ကား အချက်တွေ နဲ့ လူအများကြား အမုန်းတရား ပွားအောင် သွေးထိုး မြှောက်ပင့် နေမှုတွေကို အမှန်တကယ် အရေးယူ ပပျောက်အောင် လုပ်ချင်စိတ် နဲ့ အာဏာ နိုင်ငံရေး အကျိုးအတွက် ဘာသာရေး မှိုင်းတိုက်လိုစိတ် မရှိဖို့သာ လိုပါတယ်။

          နိဂုံးချုပ်ရရင် လူသတ်မှု၊ မီးရှို့မှု၊ သူတပါး ပစ္စည်း အကြမ်းဖက် ဖျက်စီးမှုလို ရာဇဝတ် ပြစ်မှုကြီးတွေမှာ တရားဥပဒေ သဘောအရ ကြည့်ရင် လက်ရောက် ကျူးလွန်သူများ တင်မက ကူညီ အားပေး ပံ့ပိုးသူ များကိုလည်း အရေးယူနိုင်ပါတယ်။ အခု ဘာသာရေး ပဋိပက္ခ အကြမ်းဖက်မှုများမှာ မီးစတင် မွှေးပေးသူ၊ တို့မီးရှို့မီး လုပ်ပေးသူ၊ မီးလောင်ရာ လေပင့် လုပ်ပေးသူ များ နဲ့ အွန်လိုင်း/ပြင်ပ လူမျိုး၊ ဘာသာ အခြေပြု အမုန်းတရားဖြန့်ဖြူးနေသူများကို ကာယကံမြောက် ကျူးလွန်သူများနဲ့ ပူးတွဲ တရားခံစာရင်းသွင်း ပြင်းပြင်းထန်ထန် အရေးယူဖို့ မဖြစ်မနေလိုနေပါပြီ။  လူ့အဖွဲ့အစည်းကို မီးခိုးမှိုင်းတိုက် သွေးသံရဲရဲ ဖြစ်စေတဲ့ ကြံရာပါ သွေးစွန်းသော လက်များကို လက်ထိတ်ခတ်ဖို့ လိုနေပါပြီ၊ ဒီလို အရေးမယူရင် အစိုးရလည်း ကြံရာပါစာရင်းဝင် ဖြစ်နေလို့သာ ဖြစ်ကြောင်းပါ ခင်ဗျား။

          (ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)

          Your Thoughts …
          Tags: Mandalay
          ငြိမ်းချမ်းအေး

          ငြိမ်းချမ်းအေး

          Contributor

          Similar Picks:

          No Content Available
          Next Post
          ရှမ်းပြည်နယ်, SSPP/SSA , အစိုးရ စစ်တပ် , NCCT

          SSPP/SSA ထိန်းချုပ် ဒေသ၌ အစိုးရ တပ်အင်အား တိုးချဲ့

          Dateline Irrawaddy (ရုပ်/သံ)

          Dateline Irrawaddy (ရုပ်/သံ)

          Please login to join discussion
          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          3 days ago
          14.4k
          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          5 days ago
          6.4k

          Most Read

          • နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

            shares
            Share 0 Tweet 0
          • ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved