သတင်းတို

မန္တလေးတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင် ထပ်တိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တွင် ဇူလိုင်လ ၃ ရက်နေ့က မြို့နယ် ၆ ခုတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီး ယနေ့တွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းလိုက်ကြောင်း သိရသည်။ မန္တလေး ၆ မြို့နယ်တွင်  ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီး လူ ၅ ဦးထက် လူပို မစုစေရ ဆိုသော အမိန့်သည် ဇူလိုင်လ ၁ ရက်နေ့ ညနှင့် ၂ ရက်နေ့ညများတွင် မန္တလေးမြို့မှာ အဓိကရုဏ်းဖြစ်ခဲ့သည့် လူ ၂ ဦး သေဆုံးခဲ့ရမှုနှင့် ၁၄ ဦး ဒဏ်ရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ပထမပိုင်းက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည့် ၆ မြို့နယ်မှာ ချမ်းအေးသာဇံ ၊ ချမ်းအေးသာဇံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် ၊ အမရပူရမြို့နယ်တို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading