မန္တလေးမြို့တွင် ဇူလိုင်လ ၃ ရက်နေ့က မြို့နယ် ၆ ခုတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီး ယနေ့တွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းလိုက်ကြောင်း သိရသည်။ မန္တလေး ၆ မြို့နယ်တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီး လူ ၅ ဦးထက် လူပို မစုစေရ ဆိုသော အမိန့်သည် ဇူလိုင်လ ၁ ရက်နေ့ ညနှင့် ၂ ရက်နေ့ညများတွင် မန္တလေးမြို့မှာ အဓိကရုဏ်းဖြစ်ခဲ့သည့် လူ ၂ ဦး သေဆုံးခဲ့ရမှုနှင့် ၁၄ ဦး ဒဏ်ရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ပထမပိုင်းက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည့် ၆ မြို့နယ်မှာ ချမ်းအေးသာဇံ ၊ ချမ်းအေးသာဇံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် ၊ အမရပူရမြို့နယ်တို့ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။