သတင်းတို
မန္တလေးအဓိကရုဏ်း၌ ပါဝင်သူ ၁၆ ဦးကို အရေးယူ
This article has been converted from Zawgyi One to Unicode
မန္တလေး အဓိကရုဏ်းနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ ၁၆ ဦးကို အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း၊အခင်း ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၂ရက်နေ့မှ ၅ရက်နေ့အထိ လူသတ်မှု နှစ်မှုအပါအဝင် နာကျင်စေမှု၊ မီးရှို့မှုများ လည်းပါဝင်ကြောင်း မန္တလး တိုင်း ဒေသကြီး အစိုးရကို ကိုးကား၍ ယနေ့ထုတ် အစိုးရသတင်းများတွင်ဖော်ပြထားသည်။ ထိုသို့ အရေးယူ ဆောင်ရွက်မှု များရှိသည်ဆိုသော်လည်း လူသတ်တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးဟု သိရသည်။