သတင်းတို
မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့ မူလအတိုင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးအတွက် မြို့မိမြို့ဖများအပါအဝင် ဘာသာပေါင်းစုံမှ အကြီး အကဲများ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၂၃ဦးဖြင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီကို ယမန်နေ့က ဖွဲ့စည်းလိုက်သည်၊ ပဋိပက္ခကြောင့် မန္တလေး၏ မူလစရိုက်လက္ခဏာများ ပျက်ယွင်းကာ မြို့လူထုအနေဖြင့် ကြောက်ရွံထိပ်လန့်မှု သောကများဖြစ်ခဲ့ရကြောင်း၊ ထို့အတွက် စိုးရိမ်မှုများ လျော့ပါး သွားရေး၊ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန်ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဖွဲ့၏ သတင်းနှင့် ပြန်ကြားမှ တာဝန်ခံတဦးက ပြောသည်၊ ဤသို့ဖွဲ့စည်းရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို ဖိတ်ကြားသော်လည်း လာရောက်ခြင်းမရှိဟု သိရသည်။