• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

လူမျိုးရေး၊ ဘာသာရေးကိစ္စ လှုံ့ဆော်မှုများကြောင့် ဦးနေမျိုးဝေကို စစ်မေးခြင်းမဟုတ်ဟု ဆို

by စနေလင်း
8 July 2014
in Politics
A A
ဦးနေမျိုးဝေ, အဓိကရုဏ်း, လူမျိုးရေး, ဘာသာရေး, ရွေးကောက်ပွဲကော်မရှင်, လယ်ယာမြေ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ လက်ရှိဥက္ကဋ္ဌ ဦးနေမျိုးဝေ (ဓာတ်ပုံ - ဧရာဝတီ)

5.4k
VIEWS
Share on FacebookShare on Twitter

လူမှုကွန်ရက် facebook တွင် ပြန့်နှံ့နေသကဲ့သို့ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုများကြောင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ လက်ရှိ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူစစ်မေးရန် ပြင်ဆင်နေသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။

ဦးနေမျိုးဝေကို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူစစ်ဆေးရန် ပြင်ဆင်နေခြင်းမှာ လှည်းကူးမြို့နယ်အတွင်း လယ်ယာမြေများ မြေကွက်ရိုက်ပြီး လူနေအိမ်အဖြစ် ဆောင်ရွက်ထားခြင်း ကိစ္စရပ်အား မေးမြန်းစုံစမ်းရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
213
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
470
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

လူမှုကွန်ရက် facebook တွင် ပြန့်နှံ့နေသကဲ့သို့ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုများနှင့် ပက်သက်ပြီး စစ်ဆေးရန် မဟုတ်ကြောင်း၊ လှည်းကူးမြို့နယ် ကိစ္စကိုသာ တိုင်ကြားသူရှိသည့် အတွက်ကြောင့် ခေါ်ယူစစ်ဆေးရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လှည်းကူးကိစ္စကိုသာ တိုင်တာပါ။ လူမျိုးရေးကိစ္စက အခုချိန်အထိ ဘယ်သူကမှ တိုင်ကြားထားတာမရှိဘူး။ တိုင်တဲ့သူမရှိ တော့ အဲဒီ လူမျိုးရေးကိစ္စတွေက စစ်ဆေးဖို့ မလိုဘူးလေ။ တကယ်လို့ တိုင်တဲ့သူ ပေါ်လာမယ်ဆိုရင်လည်း ကျနော့် အနေနဲ့က ပြည်ထောင်စု ကော်မရှင်ကို တင်ပြသွားမှာပါ။ ကျနော်တို့ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ရဲ့ မှတ်တမ်းမှာလည်း ဒီလို လူမျိုးရေး ကိစ္စတွေနဲ့ ပက်သက်လို့ ဘယ်သူ့ကိုမှ တိုင်တန်းတာမျိုး အခုချိန်အထိမရှိသေးပါဘူး” ဟု ဦးကိုကိုက ရှင်းပြသည်။

လှည်းကူးမြို့နယ်၊ ဘားလား (တံတားကြီး) ကျေးရွာအနီးရှိ အခြားနည်းလမ်းဖြင့် အသုံးပြုခွင့် မရှိသည့် လယ်ယာမြေများ ပေါ်တွင် ကွန်ကရစ်လမ်းများ ဖောက်လုပ်ခြင်း၊ လူနေအိမ်ယာများ ဖော်ခြင်း စသဖြင့် ပါတီနာမည်ကို အသုံးပြုပြီး ဥပဒေနှင့် အညီ မပြုလုပ်ခြင်းတို့ကြောင့် ဦးနေမျိုးဝေအား မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စတင်တည်ထောင်စဉ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဦးညိုမင်းလွင်နှင့် ပါတီတည်ထောင်စဉ်တွင် ပါဝင်ခဲ့သူ ဦးတင်မောင်အေးတို့က တိုင်း ကော်မရှင်ထံသို့ ဇွန်လ ၁၇ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဦးတင်မောင်အေးနှင့် ဦးညိုမင်းလွင်တို့ကို လွန်ခဲ့သော ၃ လခန့်ကတည်းက ပါတီဗဟိုကော်မတီ အစည်း အဝေး ဆုံးဖြတ်ချက်အရ ပါတီမှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်း လက်ရှိပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပါတီလုပ်ငန်းများအတွက် နေရာပေးသော်လည်း မယူသည့်အပြင် မိမိ၏ လုပ်ငန်းများကိုပါ နှောင့်ယှက် နေသည့်အတွက် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ ကော်မရှင်မှ ခေါ်ယူစစ်ဆေးသည့် သတင်းနှင့် ပက်သက်ပြီး မေးမြန်းရာတွင် ဦးနေမျိုးဝေက “အဲဒါ နိုင်ငံရေးလား။ အဲဒါကို စိတ်ဝင်စားတယ်၊ ငါ့နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုရင် မင်းဟာက အလကားဂျာနယ်၊ လုံး၀ သုံးမရတဲ့ဂျာနယ်။ ငါလုပ်တဲ့ နိုင်ငံရေးတွေကို စိတ်ဝင်စားပြီး ဖော်ထုတ်ပေးရမှာပေါ့။ ငါက ဂျာနယ်တွေကလည်း သိအောင် လုပ်ချင်သေးတာ။ အဲဒီလို ဖော်ထုတ်တာမဟုတ်တဲ့ ဂျာနယ်ကို ငါက  အင်တာဗျူးမပေးဘူး” ဟု ဧရာဝတီသို့  ပြန်လည် ပြောဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးညိုမင်းလွင်နှင့် ဦးတင်မောင်အေးတို့ကို ထုတ်ပယ်လိုက်ခြင်းနှင့် ပက်သက်ပြီး အစည်းအဝေး မှတ်တမ်းကို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့ထားပြီးဖြစ်သည်ဟု တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကလည်း အတည်ပြုသည်။

လှည်းကူး ကိစ္စစစ်ဆေးရန်နှင့် ပက်သက်ပြီး  ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီးဖြစ်ခြင်း၊ ပါတီဝင်အဖြစ် ရှိနေသေးခြင်း စသည့် ကိစ္စများနှင့် မသက်ဆိုင်ဘဲ ပြည်သူ တဦးတယောက်က တိုင်လာလျှင်ပင် စစ်ဆေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် ဦးတင်မောင်အေးနှင့် ဦးညိုမင်းလွင်တို့ထံသို့ ထုတ်ပယ်ကြောင်း အကြောင်းကြားစာ ပေးပို့ထားခြင်းမရှိကြောင်း၊ မိမိတို့ ပါတီတွင်း၌လည်း အကွဲအပြဲများ ဖြစ်နေကြောင်း ဦးတင်မောင်အေးက ဧရာဝတီကို ပြောသည်။

“ပါတီက ထုတ်တယ်ဆိုရင် ဘယ်မှာလဲစာတွေ။ ကျနော်တို့ဆီ  ဒီနေ့အထိ မရောက်သေးဘူး။ သူ အခုလုပ်နေတာက ပါတီကို နာမည်ပျက်အောင်ကို လုပ်နေတာ။ ကိုညိုမင်းလွင်ဆိုရင် ပါတီ တည်ထောင်စကတည်းက ဥက္ကဋ္ဌ လုပ်ခဲ့တာ။ နောက်မှ သူက ပါတီအပေါ် အချိန်ပြည့် မလုပ်ပေးနိုင်လို့ ဥက္ကဋ္ဌမလုပ်တော့ဘဲ ပါတီဝင်အဖြစ်ပဲ ရပ်တည်တာ။ အခု အတွင်းရေးမှူးလို့ ခေါ်နေတဲ့ ဦးအောင်မျိုးဦးဆိုရင် တချိန်က စာနဲ့ကို ပါတီက ထုတ်ခဲ့တဲ့သူ။ အခု သူဘယ်လိုလုပ် ပါတီကို ပြန်ရောက်နေတာ လဲ” ဟု ဦးတင်မောင်အေးက ဆိုသည်။

ဦးနေမျိုးဝေ၏ facebook စာမျက်နှာတွင် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ ရေးသားထားသည်မှာ လိုအပ်သည်ထက် အနည်းငယ် လွန်လျှင် လွန်နိုင်မည် ဖြစ်သော်လည်း ယခုအချိန်ထိ ထိုကိစ္စနှင့် ပက်သက်ပြီး အစိုးရအကြီးအကဲများ ဘက်မှ မည်သည့် မှတ်ချက်တစုံတရာ ပြောကြားခြင်း မရှိသေးကြောင်း ပါတီ၏ ဗဟိုကော်မတီဝင်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် တာဝန်ခံ ဦးနေမျိုးဝေ၏ ဖခင်ဖြစ်သူ ဦးလှမြင့်က ဧရာဝတီသို့ ပြောသည်။

အစ္စလမ် ဘာသာ၏ ဘာသာရေးကျမ်းစာ ကုရ်အာန်ကျမ်းကို မြန်မာဘာသာပြန်ပြီး အစိုးရအဖွဲ့အကြီးအကဲများထံသို့ ပေးပို့ ထားသည်ဟု သိထားကြောင်း၊ အစိုးရအကြီးအကဲများနှင့် တွေ့ဆုံတိုင်းတွင်လည်း ထိုကိစ္စနှင့်ပက်သက်ပြီး သတိပေး ပြောကြားခြင်းမျိုး မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပါတီအနေနဲ့မပြောနဲ့၊ နိုင်ငံသားတယောက် အနေနဲ့ကို ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဒါက ပါတီရဲ့ သဘောထားလည်း ဟုတ်တယ်။ ကိုနေမျိုးဝေလုပ်နေတာကလည်း ပါတီရဲ့လုပ်ငန်းစဉ်ထဲက ပဲ။ ကိုနေမျိုးဝေကို ခေါ်စစ်တာမျိုးတော့ ဒီနေ့အထိ မကြားမိသေးဘူး။ တကယ် စစ်တယ်ဆိုရင် ကျနော်တို့လည်း သိရမှာပဲ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူးဖြစ်သူ ဦးအောင်မျိုးဦးက ဆိုသည်။

ဦးနေမျိုးဝေသည် လယ်သိမ်းခံ တောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ရာတွင် လယ်သမားများနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေတို့အကြား ဖြစ်ပွားခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုများနှင့် ပတ်သက်၍ လယ်သမားများကို ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။

သို့ရာတွင် အငြင်းပွားဖွယ်ရာ ဘာသာရေးဆိုင်ရာ ဟောပြောမှုများ၊ ဝေဖန်ချက်များကြောင့် ထောက်ခံသူ၊ ကန့်ကွက်သူများ လည်း ရှိခဲ့သည်။

Facebook လူမှုကွန်ရက် တွင် Nay Wai အမည်ဖြင့် လူမျိုးရေး၊ ဘာသာရေးအတွက် အငြင်းပွားဖွယ်ကောင်းသည့် အရေး အသားများကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌနေမျိုးဝေဟု ရေးသူအမည်တပ်၍ ဖော်ပြလေ့ရှိသည်။ Nay Wai အကောင့်သည် ဇူလိုင် ၆ ရက်မှစတင်ပြီး facebook ပေါ်တွင် ဝင်ရောက်ကြည့်ရှု၍ မရနိုင်သည့် အကောင့်တခုဖြစ်ခဲ့သည်။

အဆိုပါ အကောင့်တွင် ‘‘လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ရင် ဒေါ်စုကိုသတ်၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေချင်ရင် ကုရ်အာန်နဲ့ ရှရီအတ်ကိုပိတ်’’ ဟုလည်း ရေးသားခဲ့ဖူးသည်။

Your Thoughts …
Tags: Rule of Law
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ချင်းအမျိုးသမီး, အစိုးရစစ်တပ်, လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု, တရားမျှတမှု

အစိုးရစစ်တပ်၏ အဓမ္မပြုကျင့်မှုများ ရပ်တံ့ရန် ဆန္ဒထုတ်ဖော်သူ ချင်းအမျိုးသမီး ခေါင်းဆောင် ၄ ဦးကို တရားစွဲ

မန္တလေးမြို့, ပဋိပက္ခ, ရဲတပ်ဖွဲ့, ပုဒ်မ ၁၄၄, ဗုဒ္ဓဘာသာဝင်, အစ္စလမ် ဘာသာဝင်, လူစုလူဝေး, ပုဒ်မ ၄၃၆, ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့

ပဋိပက္ခ အလွန် မန္တလေး

Please login to join discussion
No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate