မြန်မာအစိုးရအနေဖြင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး သဘောတူကြေညာစာတမ်းကို လက်မှတ်ရေးထိုးကာ ၊ အရေးယူကိုင် တွယ် သွားမည်ဟု ဝန်ခံ ကတိပြုခဲ့သော်လည်း၊ တလကြာမြင့်သည့်အထိ အကောင်အထည်ဖော်ရန် ပျက်ကွက်နေကြောင်း ကြောင်း ဘားမား ကင်မ်ပိန်း(ယူကေ) က မနေ့က အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ထောက်ပြဝေဖန်လိုက်သည်၊ အဆိုပါ အစီရင်ခံစာ တွင် သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အကောင်အထည်ဖော်မည်ဟု ကတိများပေးထားသော်လည်း၊ ယင်းတို့ကို စံချိန်တင် ချိုးဖောက်နေသည်ဟုလည်း ပါရှိသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။