• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

၂၀၁၅ အနိုင်ရရှိရေး ကြံ့ခိုင်ရေးပါတီ ခြေလှမ်းပြင်ပြီ

by ထက်နိုင်ဇော်
9 July 2014
in Politics
A A
ကြံ့ခိုင်ရေးပါတီ, NLD , ၂၀၁၅ ရွေးကောက်ပွဲ, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, ဒေါ်အောင်ဆန်းစုကြည်, ဦးရွှွေမန်း , ဦးသိန်းစိန်

၂၀၁၂ ကြံ့ခိုင်ရေးညီလာခံမှ ခေါင်းဆောင်များ (ဓာတ်ပုံ - အောင်သက်ဝိုင်း / ဧရာဝတီ)

16.3k
VIEWS
Share on FacebookShare on Twitter

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ခေါင်း ဆောင် တွေကြားမှာ သဘောထား မတူညီမှု၊ ကွဲလွဲမှုတွေကို အသာဘေးချိတ်လို့ ရွေးကောက်ပွဲ အနိုင်ရရေးနဲ့ အနာဂတ် အစိုးရ သစ်အတွက် ပုံဖော်မယ့် မူဝါဒတွေ ချမှတ်လာပြီး ခေါင်းဆောင်တွေ အချင်းချင်း ကျောချင်းပြန်ကပ်လို့ စုစည်းမှု တွေ ရှိလာနေပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာ ပြီးတဲ့နောက် ပါတီခေါင်းဆောင်တွေကြားမှာ သဘောထားမတူညီမှု၊ ကွဲလွဲမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး အုပ်စုဖွဲ့ နိုင်ငံရေးကစားတဲ့ အသွင်ပုံစံရှိခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာချိန်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု လှုပ်ရှားမှုတွေ အရှိန်မြှင့်လာချိန်မှာတော့ သဘောထား ကွဲလွဲတယ်ဆိုတဲ့ ပါတီခေါင်းဆောင်တွေကြားမှာ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲအနိုင်ရရေးနဲ့ အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ ကြံ့ခိုင်ရေးပါတီကသာ ဆက်လက် ဦးဆောင်ရေးဆိုတဲ့ တူညီတဲ့အမြင်နဲ့ ပြန်လည်စုစည်း လာကြ ပါတယ်။

RelatedPosts

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

16 June 2025
54
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
227
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.1k

စစ်အစိုးရခေတ်မှာ တတိယခေါင်းဆောင်အဖြစ် အာဏာရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီမိုကရေစီကို စိတ်အားထက်သန်စွာ ဖော်ဆောင်လိုတဲ့ ပြုပြင်ပြောင်းလဲရေးသမား၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုသူ၊ စစ်တပ်ကို ဒီမိုကရေစီ လူ့ဘောင်အတွင်း ထည့်သွင်းလိုသူ၊ အရပ်သား အုပ်ချုပ်ရေး ယန္တရား ကို ပီပြင်စေလိုသူ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်စွာနီးကပ်တဲ့ ဆက်ဆံရေး ရှိပြီး အပြောင်းအလဲကို လိုလားသူ တဦး အဖြစ် ပြောဆိုနေထိုင်ပြုမူခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဌေးဦးနဲ့ ဦးအောင်သောင်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပုံဖော်ခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဆင်လိုသူ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုသူ၊ သဘောထားတင်း မာသူတွေအဖြစ် ရပ်တည်ခဲ့ကြပါ တယ်။

ဒါပေမယ့် ဇူလိုင် ၃ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံမှာ ဦးရွှေမန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့ ၃ ဦးက တကြိမ်တခါမှ မလုပ်ခဲ့ဖူးတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ တရပ်ကိုကျင်းပခဲ့ပြီး သူတို့ ၃ ဦးဟာ အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ ကြံ့ခိုင်ရေးပါတီကပဲ ဆက်လက်ဦးဆောင်ဖို့  ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဦးရွှေမန်း၊ ဦးအောင်သောင်းနှင့် ဦးဌေးဦးတို့ ၃ ဦးက အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေက လွှတ်တော်အပေါ် သက်ရောက်မှု မရှိဘဲ NLD က ဆန့်ကျင်နေတဲ့ အချိုးကျ ကိုယ်စားပြု PR  စနစ်ကို နိုင်ငံအတွက် အကျိုးရှိရင် အသုံးပြုရမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်က နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲရေး လုပ်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းက တဖက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုတဲ့ သမ္မတဦးသိန်းစိန်၊ ဦးအောင်သောင်း၊ ဦးဌေးဦး အပါအဝင် သဘောထား တင်းမာ သူတွေ က တဖက်ဆိုတဲ့ နိုင်ငံရေး ပြိုင်ဆိုင်ချက်ရှိတယ်ဆိုတဲ့ ယူဆချက်တွေကို အဆုံးသတ်စေခဲ့ပါပြီ။

ပြည်တွင်း နိုင်ငံရေးသမားတွေကတော့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေက ပြောင်မြောက်တဲ့ နိုင်ငံရေးဗျူဟာတွေကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ အသုံးချနိုင်ခဲ့တယ်လို့ သုံးသပ်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ဗျူဟာ တွေကြောင့်ပဲ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ခွဲ ထုတ်နိုင်ခဲ့ပြီး အတိုက်အခံတွေကြားမှာ ညီညွတ်မှုလည်း ပျက်သုဉ်း စေခဲ့တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဗျူဟာတွေလည်း အကောင်အထည်ပေါ်လာပြီး အတိုက်အခံတွေ အပြတ်အသတ် အနိုင်မရနိုင်မယ့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင်းပမယ့် အစီအစဉ်တွေကလည်း ရုပ်လုံး ပေါ်လာပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦး လည်းဖြစ်တဲ့ ဦးလှဆွေ ကတော့ ၂၀၁၅ ရွေးကောက် ပွဲမှာ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရပြီး သမ္မတရာထူး ရယူနိုင်မှသာလျှင် ဒီမိုကရေစီခရီးကို တည်တည် ငြိမ်ငြိမ်နဲ့ ခရီးဆက်နိုင်မယ်လို့ ဆိုပါတယ်။

“ကြံ့ခိုင်ရေးပါတီက ဦးသိန်းစိန်ပဲ ဆက်ပြီး သမ္မတလုပ်မလား။ ဒါမှမဟုတ် ဦးရွှေမန်းပဲ သမ္မတလုပ်မလား ကျနော်အပြတ် မပြောနိုင်ဘူး။ ဒါပေမယ့် ကျနော်တို့က ၂၀၁၅ မှာ ကြံ့ခိုင်ရေးက သမ္မတဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ အဲဒါကိုပဲ ကျနော်တို့က ရည်ရွယ်ချက်ထားတယ်။ သူတို့ ၂ ယောက်မှာ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမယ့် တခြားလူ လက်ထဲ ကိုတော့ ထိုးမထည့်နိုင်ဘူး။ ၂၀၁၅ မှာ ကြံ့ခိုင်ရေးပါတီကပဲ သမ္မတ ဖြစ်ပြီးတော့ တိုင်းပြည်ကို တည်တည် ငြိမ်ငြိမ်နဲ့ ရှေ့ဆက် နိုင်ဖို့ လုပ်ရမယ်” လို့ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီက တပ်မတော်သား  လွှတ်တော် ကိုယ်စားလှယ်  ၂၅  ရာခိုင်နှုန်းကို သူတို့ရဲ့ ဘက်တော်သားတွေအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ် အရေအတွက် ၂၅ ရာခိုင်နှုန်းကျော် ထပ်ပြီးအနိုင်ရတာနဲ့ လွှတ်တော်နဲ့ အစိုးရ အုပ်ချုပ်ရေးယန္တရား တခုလုံးကို ထိန်းချုပ်နိုင်မယ်ဆိုတဲ့ အနာဂတ် နိုင်ငံရေး လမ်းစဉ်တွေကို တွက်ချက် ပုံဖော်နေကြပါပြီ။

ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်လာတဲ့အဓိက ရုဏ်းတွေကြောင့် NLD  အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင် ရဖို့မလွယ်လောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ တွက်ဆမှုတွေလည်းရှိ နေတာမို့ ကြံ့ခိုင်ရေးပါတီအနေနဲ့ လွှတ် တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကျော်သာ အနိုင်ရရှိတာနဲ့ တကယ်ကို လွှတ်တော်နဲ့ အစိုးရကို ထိန်းချုပ်နိုင်ဖို့က သေချာ သလောက်ရှိနေပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “ PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ လွှတ်တော်မှာ အဆိုတင် ၊ အတည်ပြုတာဟာ လက်ရှိစနစ်အတိုင်း ကျင့်သုံးရင် ကြံ့ခိုင်ရေးဟာ ဒီချုပ်ကို မနိုင်နိုင်ဘူးဆိုတာ လက်ခံလာလို့ပါ။ အခြားပါတီက တင်တာကို ကြံ့ခိုင်ရေးက လိုလိုလားလား ထောက်ခံခဲ့တာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် မရှုံးဖို့အတွက်ပါ” လို့ သုံးသပ်ပါတယ်။

လိုတာထက် ပိုမိုရင်းနှီးဟန်ပြခဲ့တဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးကလည်း လက်ရှိမှာတော့ နိဂုံးချုပ်သွားပြီလို့ ဆိုနိုင်ပြီး သူရဦးရွှေမန်းအနေနဲ့ သူ့ရဲ့ အနာဂတ် နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ သမ္မတဖြစ်ရေးအတွက် ပြန်လည် ပြင်ဆင်လာနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်   အနေနဲ့ကတော့  “သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ယုံကြည်ပါတယ်” ၊ “နာယကကြီး (ဦးရွှေမန်း) က ဖြောင့်ဖြောင့်မတ်မတ်ပါပဲ” ဆိုပြီး ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကို ပုဂ္ဂိုလ်ရေးယုံကြည်မှု လွန်ခဲ့တဲ့ အတွက် နောက်ဆုံး သူရလိုက်တဲ့ ရလဒ်ကတော့ အတိုက်အခံတွေနဲ့ ပြည်သူတွေကြားမှာ ထောက်ခံမှု ကျဆင်းလာ တာပါပဲ။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီက ပုဒ်မ ၅၉(စ) မပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာမို့  NLD ရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေကလည်း အရာထင်ဖို့ သိပ်မလွယ်တော့ပါဘူး။

နိုင်ငံရေးအရ ဘယ်လိုပဲ သဘောထားကွဲလွဲကြပေမယ့် ပြည်သူ့ဘဏ္ဍာတွေကို သိမ်းယူရင်း ကြီးပွားလာတဲ့ ကိုယ်ကျိုး စီးပွားတွေ ဆက်နွယ်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ပြောဆိုသုံးနှုန်းခဲ့တဲ့  ဒီမိုကရေစီနဲ့ တရားမျှတမှုဆိုတဲ့ စကားလုံး တွေက နိုင်ငံတကာ အစိုးရတွေရဲ့ အသိအမှတ်ပြုမှုနဲ့ အကူအညီတွေ ရရှိစေခဲ့တာမို့ ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ဗျူဟာ တွေ အောင်မြင်တယ်လို့ ဆိုရမှာပါ။

Your Thoughts …
Tags: USDP
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

Next Post
ထိုင်းနယ်စပ်ရှိ အုန်းပြန့် ဒုက္ခသည် စခန်း လူဦးရေ စစ်ဆေးမှု ပြုလုပ်

ထိုင်းနယ်စပ်ရှိ အုန်းပြန့် ဒုက္ခသည် စခန်း လူဦးရေ စစ်ဆေးမှု ပြုလုပ်

မွန်းတည့်နေ, ကြားဖြတ်အစိုးရ, သတင်းလွတ်လပ်ခွင့်, သတင်းမီဒီယာ, ပုဒ်မ ၅ (ည),

မွန်းတည့်နေ အယ်ဒီတာ ၃ ဦးကို အရေးပေါ်ပုဒ်မ ၅ နှင့် ဖမ်းဆီးခြင်းဖြင့် မီဒီယာများကို ခြိမ်းခြောက်

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate