Crime

မလေးရှားမှာ ၁၀ ရက်အတွင်း မြန်မာ ၄ ဦး အသတ်ခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံမှာ ၁၀ ရက်အတွင်း မြန်မာနိုင်ငံသား ၄ ဦး တိုက်ခိုက်သတ်ဖြတ်ခြင်း ခံလိုက်ရတယ်လို့ သေဆုံးသူ မြန်မာနိုင်ငံ သား တွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးနေတဲ့ မလေးရှားနိုင်ငံ ကပုန်း မြို့နယ် အခြေစိုက် ခုနစ်ရက် သားသမီး နာရေးကူညီမှုအသင်း က ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကစပြီး ၉ ရက်နေ့အထိ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၄ ဦးလုံးဟာ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ ကြ တာ ခြင်းတူညီပြီး အုပ်စုတခုရဲ့ စုဖွဲ့တိုက်ခိုက်မှုမျိုးဖြစ်နေတယ်လို့ ခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောပါတယ်။

“သတ်တဲ့လူတွေ အားလုံးက ဆိုင်ကယ်တွေနဲ့လာကြပြီး ဓားနဲ့ ထိုးတာ၊ ခုတ်တာတွေ လုပ်ကြတာချင်း တူကြတယ်။ အခုဖြစ် သွားတဲ့ နေရာတိုင်းမှာ အဲဒီတော့ သူတို့ဟာ အဖွဲ့အစည်းတခု၊ ဂိုဏ်းဂဏတခု ရှိနိုင်တယ်။ နောက်ပြီးတော့ သေမယ့်လူရဲ့ သွားမယ့် လမ်း ကြောင်းကိုလည်း ကောင်းကောင်းသိထားတယ်။ အဲဒါကြောင့်မလို့ သေမယ့်လမ်းကြောင်းကို ကောင်းကောင်း အပိုင်စောင့်ပြီး တော့လုပ်တာ။ မနေ့က သေသွားတဲ့လူလဲ အဲဒီလိုပဲ အလုပ်ခံရတာ”လို့ ကိုဆန်းဝင်း က ပြောပါတယ်။

ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်ဟာ ဇူလိုင်လ ၉ ရက်နေ့ညနေမှာ ဆိုင်ကယ်စီး ဓားသမားအဖွဲ့တွေရဲ့ တိုက် ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း အလားတူပဲ ၇ ရက်နေ့ကလည်း အသက် ၄၄ နှစ်အရွယ် ကိုတိုနီ လည်း ပုံစံတူ အသတ်ခံခဲ့ရ တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမျိုးပိုင်နဲ့ ကိုတိုနီတို့ဟာ အသိမိတ်တွေတွေဖြစ်ကြသလို မလေးရှားနိုင်ငံကို တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ သားတွေကို အောက်လမ်းကနေ နေရပ်ရင်းပြန်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေသူတွေဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဦးမျိုးပိုင်ဟာ ဦးတိုနီရဲ့ နာရေးက အပြန်မှာ ထပ်ပြီး အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

နောက်ဆုံးသေဆုံးသွားတဲ့ ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်ဟာ အခြားပုဂ္ဂိုလ်တွေနဲ့ ရန်ငြိုးရန်စ မရှိသလို လူမှုရေး၊ ငွေကြေး အရှုပ်အရှင်းရှိသူမဟုတ်ဘူးလို့ အတူနေတဲ့ သားဖြစ်သူ ကိုရဲထွဋ်ပိုင်က ဧရာဝတီကို ပြောပါတယ်။

“မိသားစုကတော့ ဒီမှာ အဖေနဲ့အတူနေတာ ကျနာ်တယောက်ပဲ ရှိတယ်။ ကျန်တဲ့မိသားစုတွေကတော့ ရန်ကုန်မှာ၊ အဖေက လူမှုရေးကိစ္စ လုပ်တဲ့လူဆိုတော့ လူချစ်လူခင်ပေါတယ်။ ရန်ငြိုးရန်စ ရှိတဲ့လူမရှိဘူး။ အခုလိုဖြစ်သွားတာ ကျနော်လည်း မယုံနိုင်ဘူး”လို့ ကိုရဲထွဋ်ပိုင် က ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း ပီနန်မြို့မှာ အလုပ်က ပြန်လာတဲ့ မြန်မာအလုပ်သမားတဦး အသတ်ခံလိုက်ရသလို ၅ ရက်နေ့ မှာလည်း မလေးရှားနယ်စပ်မြို့ဖြစ်တဲ့ အလတ်စတားမြို့မှာလည်း အုပ်စုလိုက် ဓားသမားတွေရဲ့ တိုက်ခိုက် သတ်ဖြတ်မှုကို ခံခဲ့ရတယ် လို့ ဒေသဆိုင်ရာ နာရေးကူညီမှုအသင်းတွေဆီက ပေးပို့တဲ့ လူသေစာရင်းတွေကို ကိုးကားပြီး ကိုဆန်းဝင်းက ရှင်းပြပါတယ်။

ဒီလထဲမှာ မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ ဆက်တိုက်အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့မှာ ဖြစ်ပွားသွားတဲ့ ဘာသာရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေက ထင်မြင်ယူဆနေကြပြီး ထပ်မံဖြစ်ပွားမှာကိုလည်းစိုးရိမ်နေကြသလို ဒီလိုအသတ်ခံရတဲ့ သတင်းတွေဟာလည်း မလေးရောက် မြန်မာ အလုပ်သမားတွေကြားမှာ ခြောက်ခြား စရာတွေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“အစောပိုင်းက ကျနော်တို့ထင်တာကတော့ လူမှုရေးနဲ့၊ ငွေရေး၊ ကြေးရေး တွေကြောင့်လို့ ထင်တယ်လေ။ အခုနောက်ပိုင်းမှာတော့ မန္တလေးကိစ္စကြောင့်လို့ ဒီမှာရှိတဲ့ လူအများက ယူဆကြတယ်။ ဘာဖြစ်လို့လည်းဆိုရင် ပြီးခဲ့တဲ့နှစ်ကလည်း လားရှိုးနဲ့ မိတ္ထီလာမှာဖြစ်သွားတဲ့ ပဋိပက္ခတွေအပြီးမှာ ဒီမှာလည်း အဲလိုအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် အဲလိုပဲယူဆနေကြတယ်” လို့ ကိုဆန်းဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ ၂၀၁၃ ခုနှစ်အတွင်းက လားရှိုးနဲ့ မိတ္ထီလာ မြို့တွေမှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပြီး သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်ပွားမှုတွေနဲ့ တဆက်တည်းမှာပဲ မလေးရှားနိုင်ငံမှာ ရှိနေတဲ့ မြန်မာ အလုပ် သမား တွေ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး အဲဒိဖြစ်စဉ်မှာ မြန်မာ အလုပ်သမား ၉ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာလည်း နာရေးကူညီမှု အသင်းတွေက တရားဝင်သိရတဲ့ စာရင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရောက် မြန်မာအလုပ်သမားတွေက မြန်မာသံရုံး နဲ့ မလေးရှား အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီး မလေးရှား အစိုးရက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လည်း ပြီးခဲ့တဲ့နှစ်ထဲမှာ သတ်ဖြတ်ခံရသူတွေနဲ့ ဒဏ်ရာ ရရှိသူတွေနဲ့ ပတ်သက်တဲ့အမှုတွေကိုတော့ မလေးရှား ရဲတွေက အခုအချိန် အထိ တမှုမှ ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးဘူးလို့ နာရေးကူညီမှု အသင်းအဖွဲ့တွေက ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါဘူး။

မလေးရှားမှာ ရှိတဲ့ အလုပ်သမားတွေကလည်း သူတို့ အခက်အခဲ ကြုံတွေ့တဲ့ အခါတွေမှာ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ရာမှာ ခက် ခဲ သလို မြန်မာနိုင်ငံသားတွေရဲ့ အရေးကိစ္စတွေကို မြန်မာသံရုံးက လျစ်လျူရှု ထားတယ်လို့ အလုပ်သမားတွေနဲ့ နာရေးအသင်း အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading