ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၌ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA/ SSPP ) တပ်များစစ်ရေး လှုပ် ရှားမှုများကြောင့် စိုက်ရေးပျိုးရေးလုပ်ငန်းများ ရပ်တန့်ကာ၊ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေး၊ ကျန်းမာရေး အခက် အခဲ များရင်ဆိုင်နေရသည့်အတွက် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် အရေးကြီး အဆို ကို ယမန်နေ့က ပြည်သူလွှတ် တော် တွင် ဆွေးနွေးရာ၊ ကာကွယ်ရေးဝန်ကြီး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော် ညွန့်က တပ်မတော်နှင့် လက်နက်ကိုင် အုပ်စုများအကြား တိုက်ပွဲ များ ကြောင့် ဒေသခံပြည်သူများ မြေစာပင်ဖြစ်ရသည်ကို နားလည်ပါကြောင်း၊ SSA/ SSPP အနေဖြင့် အစိုးရနှင့် သဘောတူညီ ချက် များကို လိုက်နာခြင်းမရှိ၊ အကြိမ်ကြိမ် ချိုးဖောက်ကြောင်း၊ အလစ်အငိုက်တိုက်ခိုက်မှုများကို ပြုလုပ်ကြောင်း၊ တပ်မတော် အနေဖြင့် စစ်ရေးအရ တုံပြန်မှုမပြုလုပ်သေးပဲ၊ သတ်မှတ်ထားသည့်နေရာကို ဆုတ်ခွာရန် အကြောင်းကြားထားကြောင်း၊ တပ်မတော် အနေ ဖြင့် ဒေသခံပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်စားသောက်ပြီး၊ လူမှုဘဝမြှင့်တင်ရေးအတွက် သက်ဆိုင်ရာနှင့် ညှိနှိုင်းကာ ဆောင်ရွက် သွား မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။