သတင်းတို
ပုဒ်မ ၁၄၄ ကြောင့် မန္တလေးတွင် အရေးပေါ်လူနာများ ပို့ဆောင်ရာတွင် အခက်အခဲဖြစ်
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အတွက် ပရဟိတ လူမှုကူညီမှု အသင်းများအနေဖြင့် ညအချိန်အခါ အရေးပေါ် လူ နာများ ပို့ဆောင်ရာတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များထံ အဆင်ဆင့်သတင်းပို့နေရမှုများနှင့် လုံထိန်းတပ်ဖွဲ့များ၏ မခြေမငံ ဆက်ဆံမှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မန္တလေး ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကော်မတီ ပြန်ကြားရေးအဖွဲ့ကပြော သည်။ထိုအတွက် ပုဒ်မ ၁၄၄ ကိုရုပ်သိမ်းရန်သို့မဟုတ် အချိန်လျော့ပေါ့ပေးရန် လိုလားနေကြောင်းသိရသည်။