မြန်မာအစိုးရ တာဝန်ရှိသူများ၏ အပြုအမှုများသည် အာဏာရှင် နိုင်ငံ (Police State) နည်းနာများကို ကျင့်သုံးနေကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မာလင်နော့စကီးက ပြော ကြားလိုက်သည်။ လက်နက်စက်ရုံနှင့် ပတ်သက်၍ သတင်းရေးသားချက်ကြောင့် ယူနီတီ ဂျာနယ် သတင်းသမား ၅ ဦးကို အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးပြီးနောက် အမေရိကန်နိုင်ငံ၏ ထိပ်တန်း လူ့အခွင့်အရေး အရာရှိလည်း ဖြစ်သူ မစ္စတာ တွမ်မာလင်နောစကီးက အေပီ သတင်းဌာနနှင့် အင်တာဗျူး တခုတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။မစ္စတာ တွမ်မာလင်နော့စကီးသည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စစ်ဘက်၊အရပ်ဘက် ထိပ်တန်း အရာရှိများ ပါဝင်သည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံကို သွား ရောက်ခဲ့သူ လည်းဖြစ်ပြီး၊ မြန်မာ သတင်းသမား ၅ ဦးအား ကြီးလေးသည့် ထောင်ဒဏ်ချမှတ်လိုက်သည့် အတွက် မြန်မာနိုင်ငံကို စံနမူနာ ပြ၍ အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်ကြောင်း ကြွေးကြော်ခဲ့သည့် အိုဘားမား အစိုးရအား အခက်တွေ့စေခဲ့ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။