မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ လူသတ်မှု၊ မီးရှို့မှု၊ နာကျင်စေမှု၊ ဆူပူလှုံဆော်မှု၊ လက်နက်မှုတို့ဖြင့် လူပေါင်း ၄၂ ဦးကို ဖမ်းဆီး အမှုဖွင့် အရေးယူထားကြောင်း ယနေ့ထုတ်သတင်းစာများ တွင်ဖော်ပြထားသည်။ယခုအရေးယူခြင်းခံရသူများမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ ၊၂ရက်နေ့နှင့် ၄ရက်နေ့များ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။