• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဇာနည်နေ့ အခမ်းအနားများ လူထုပါဝင်မှုဖြင့် စည်ကားစွာ ပြန်လည် ကျင်းပခွင့်ရ

by စနေလင်း
19 July 2014
in သတင်း
A A
အာဇာနည်နေ့, ဗိုလ်ချုပ်အောင်ဆန်း, လူထု, တပ်မတော်, ဥသြဆွဲ

အာဇာနည်ဗိမာန်သို့ ဂါရဝပြုရန် လာရောက်စောင့်ဆိုင်းနေသည့် ကလေးငယ်များ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

5.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရသည့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများကို အစိုးရက စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခွင့်ပြုသည့်အပြင် အစိုးရပိုင် မြန်မာ့ ရုပ်မြင် သံကြားမှ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနှင့် ရုပ်သံဗီဒီယိုများကို စစ်အာဏာရှင်စနစ်အလွန် ပထမဦးဆုံး အကြိမ် အဖြစ် ပြန်လည်ထုတ်လွှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့ ကျရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသည် ယခင်စစ်အစိုးရလက်ထက်များနှင့် မတူဘဲ အစိုးရ ခေါင်းဆောင်များ၊ လွှတ်တော်နာယကနှင့်ဥက္ကဋ္ဌများ ကိုယ်တိုင် ပါဝင်လာခြင်း၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံး သည့် မနက် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံတဝန်း ဥသြဆွဲခြင်းများ ပြန်လည်ပြုလာခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနှင့် လွတ်လပ်ရေး တိုက်ပွဲအကြောင်း ပြန်လည် ထုတ်လွှင့်တင်ဆက်ခြင်း၊ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အဆင့် အဖြစ် ပြန်လည်ကျင်းပခြင်း၊ နိုင်ငံတဝန်း အာဇာနည်နေ့ အခမ်းအနားများကို စည်ကားစွာ ကျင်းပခွင့်ပြုခြင်းဖြင့် လွတ်လပ် ရေး ရပြီး ဒီမိုကရေစီခေတ်ဦးကာလ အာဇာနည်နေ့အခမ်းအနားကျင်းပပုံများအတိုင်း ပြန်လည် ကျင်းပလာကြောင်း သိရှိ ရသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
48
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
584
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
180

၆၇ နှစ်မြောက် အာဇာနည်နေ့ အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့ ပါဝင် တက်ရောက်ခဲ့ပြီး နေပြည် တော် တွင်မူ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အစိုးရ ဝန်ကြီး များ က အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ဆွမ်းကျွေးအမျှဝေမှုများပြုလုပ်ကြောင်း သိရှိရသည်။

အစိုးရပိုင် သတင်းမီဒီယာများတွင် အာဇာနည်နေ့ အကြောင်း ထုတ်လွှင့်မှုများရှိခဲ့ပြီး အစိုးရထိပ်တန်းခေါင်းဆောင်များ၏ သတင်း ကိုသာ မျက်နှာဖုံးဖော်ပြသော အစိုးရသတင်းစာများတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ဓာတ်ပုံကို မျက်နှာဖုံး တွင် တခမ်းတနားဖော်ပြပြီး မြန်မာ့ရုပ်မြင်သံကြား၊ ရေဒီယို၊ FM များတွင် ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများကို ထုတ်လွှင့် ခဲ့ကြောင်း၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံးသော မနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်မီးသတ်စခန်းများက ဥသြဆွဲ ခြင်း၊ မီးရထားများက ဥသြဆွဲခြင်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားများမှတဆင့် ဥသြဆွဲခြင်းများ တမိနစ်ကြာ ပြုလုပ်ခဲ့ပြီး ရန်ကုန် တမြို့လုံးရှိ ကားများက ဟွန်းသံရှည်ကြီးများ ထွက်ပေါ်ခြင်းဖြင့် နိုင်ငံတဝန်း အုန်းအုန်းကျွတ်ကျွတ် အာဇာနည်နေ့ ကို ဂုဏ်ပြု ခဲ့ကြကြောင်း သိရှိရသည်။

အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို အမှန်တကယ်ဆပ်ချင်လျှင် အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ သော စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးတခုဖြစ်အောင် တည်ထောင် သွားရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ အာဇာနည်နေ့မှာ မျက်ရည်ကျဖို့မဟုတ်ဘူး။ သန္နိဋ္ဌာန်ချဖို့ပဲလို့ စိတ်ထဲမှာ ထားပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီး များ မျှော်မှန်းခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးတခု ဖြစ်အောင် သွားကြမယ်လို့ သန္နိဋ္ဌာန် ချပါတယ်။ အခုချိန်က တကယ်ခိုင်မာတဲ့ ဒီမိုကရေစီ ပြည်ထောင်စု မဟုတ်သေးပါဘူး။ ဖြစ်အောင်လို့ လုပ်ဖို့ရာ တာဝန်တွေ အများ ကြီးရှိပါ တယ် ´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ ကျရောက်သော အာဇာနည်နေ့တွင် စစ်အစိုးရ ချိတ်ပိတ်ထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ဝန်ကြီးများရုံးကိုလည်း အများပြည်သူများ လာရောက်ကြည့်ရှုနိုင်စေရန် ပြတိုက် ဆောက်လုပ်ရေး တာဝန်ယူဆောင်ရွက်နေသော အနော်မာကုမ္ပဏီက ခေတ္တ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

မိုးများသည်းထန်စွာ ရွာသွန်းနေချိန် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် အနီးရှိ အာဇာနည်ဗိမာန်သို့ ပြည်သူသောင်းချီလာရောက် ဂါဝရပြုခဲ့ကြပြီး နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်သို့လည်း ပြည်သူထောင်ချီ သွားရောက် လေ့လာခဲ့ကြကြောင်း၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများအားလုံး ချီတက် လမ်းလျှောက် အလေးပြုမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

“အခုနောက်ပိုင်း နှစ်တိုင်းလာပြီး ဂါဝရပြုပါတယ်။ ဒီနှစ်လောက် လူတွေ စိတ်ထက်သန်သန်နဲ့ မိုးထဲမှာ လာပြီးတော့ဂါဝရ ပြု တာမျိုး မကြုံဖူးသေးဘူး။ ဗိုလ်ချုပ်ပြတိုက်မှာရော၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်မှာရော လူငယ်တွေ အများအပြားနဲ့ စည်စည်ကားကားဖြစ်ခဲ့တာ အရမ်းဝမ်းသာတယ်။ ဗိုလ်ချုပ်ရဲ့ သမိုင်းကို အရင်က ဘယ်လိုပဲဖျောက်ဖျက်ခဲ့ ပါစေဗျာ။ ကျနော်တို့ လူငယ်တွေရဲ့ စိတ်ထဲမှာ သူ့ကို ဘယ်တော့မှ မသေဆုံးဘူးဆိုတာ အထင်ကရပါပဲ´´ ဟု သန်လျင် စက်မှုတက္ကသိုလ်မှ ကျောင်းသားတဦးက ဧရာဝတီကို ပြောပြသည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါ တစုတို့၏ ပစ်ခတ် လုပ်ကြံမှုကြောင့်  ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို ၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး အပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရသည်။

Your Thoughts …
Tags: General Aung SanMartyrs Day
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်,

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၃)

by နေမင်း
18 July 2014
18k

တပ်မတော် အတွင်း အုပ်စုဖွဲ့ အာဏာ ချုပ်ကိုင်ရေး ပြဿနာသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမည့် အဓိက တွန်းအား ဖြစ်လာသည်။ ဒေါက်တာ မောင်မောင်နှင့် ဗိုလ်ကျော်ဇောတို့ ရေးသားသော စာအုပ်များ ယှဉ်တွဲ လေ့လာလျှင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (နိဂုံး)

by နေမင်း
23 July 2014
39.6k

ဦးနေ၀င်း အနေဖြင့် ၁၉၆၂ မှ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြုတ်ထုတ် ခံရသည့် အချိန်အတွင်း နိုင်ငံရေး လုပ်ကြံမှုများ တွင်သာ ဦးစီးခေါင်းဆောင် အဓိက တာဝန်ရှိသူ အဖြစ် သတ်မှတ်မည် ဆိုလျှင်...

ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၂)

by နေမင်း
17 July 2014
19.9k

ပဲခူးဘက်မှာ စောရန်နောင်ကို အလျင် လက်ဦးစွာ ဖမ်းမိ၍ ချုပ်နှောင် ခေါ်ဆောင်လာစဉ် ကားပေါ်မှ ထပ်မံထွက်ပြေး ပြန်သဖြင့် ပဲခူး ဆယ်မိုင်ကုန်း ထိပ်တွင် ပစ်သတ် လိုက်ရပါသည် ဟူသော ဇာတ်လမ်းနဲ့ နိဂုံးချုပ်သွား တယ်ကွာ။ ငါ...

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၄)

by နေမင်း
19 July 2014
22.6k

"ပြည့်သူ့ ရဲဘော်တပ်ဖွဲ့" ကို တပ်ပုံသဏ္ဍာန် ဖွဲ့စည်းထားပြီး ပါတီလည်း မဟုတ်သဖြင့် အချိန်မရွေး ဦးအောင်ဆန်း၏ ကိုယ်ပိုင်တပ် ဖြစ်လာနိုင်သော အခြေအနေသည် လွတ်လပ်ရေး ရခါနီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထင်ရှားပေါ်ပေါက် ခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။

Next Post
ယူကရိန်း၊ အိုဗားမား၊ BUK ၊ MH 17၊ ရုရှား

မလေးရှားလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရကြောင်း သမ္မတ အိုဗားမားပြော

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း - ၅)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate