• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

မြန်မာပြည် မြောက်ပိုင်းမှာ စစ်ပွဲတွေ ထပ်ဖြစ်လာနိုင်လား

by ကျော်ခ
22 July 2014
in Ethnic Issues
A A
မြန်မာပြည် မြောက်ပိုင်းမှာ စစ်ပွဲတွေ ထပ်ဖြစ်လာနိုင်လား

ကချင်ပြည်နယ်ရှိ စစ်ရေးတင်းမာနိုင်သည့် နေရာ

4.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေမှာ လတ်တလောနှစ်ဖက်တပ်တွေအကြား စစ်ပြင်မှု အရှိန်မြင့်လာနေတာကြောင့် ဒီအခြေအနေတွေဟာ ဒေသခံပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ဆန်၊ မိုးမိတ်စတဲ့ဒေသတွေရဲ့ ရှေ့တန်းနေရာတွေမှာ အစိုးရစစ်တပ်က လက်နက်ခဲယမ်းနဲ့ စစ်သည်အင်အားတွေ ထပ်မံတိုးချဲ့ဖြန့်ချပြီး စစ်ပြင်ဆင်မှုတွေလုပ်လာတဲ့အတွက် မဟာမိတ်တပ်ဖွဲ့တွေ ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
83
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.1k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
367

တိုက်ပွဲတွေ လက်ရှိအခြေအနေထက် အရှိန်ပိုမြင့်လာရင်ဒေသခံတွေအတွက် စစ်ပွဲရဲ့ရိုက်ခတ်မှု ဒဏ်တွေပိုပြီး အရှိန်မြင့်တက်လာနိုင်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားထဲမှာ ဒေသခံ ကျေးရွာတွေထဲကို လက်နက်ကြီးကျမှန် ပေါက်ကွဲတာ၊ ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေး ပုန်းရှောင်နေရတာ၊ ရွာထဲဝင်ပြီး သူပုန် လက်ခံထားလားဆိုပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေလည်း ရှိနေတဲ့အတွက် စစ်ပွဲတွေ အရှိန်မြင့်လာရင် ဒီရိုက်ခတ်မှုတွေကို ဒေသခံတွေပိုပြီးခံရနိုင်တယ်လို့ ဆိုကြပါတယ်။

TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က “အစိုးရ စစ်တပ်တွေအနေနဲ့ လက်ရှိအနေ အထားအတိုင်း စစ်အင်အားတွေဖြည့်တင်းပြီး တိုက်ဖို့ ဖိအားပေးနေမယ်ဆိုရင်တော့ တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာမယ့် သဘောရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း တိုက်ပွဲက မဖြစ်လို့မရနိုင်တဲ့ အနေအထား ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှိတဲ့ တောထဲစခန်းတွေ တော်တော်များများကို သူတို့က ဝန်းရံပိတ်ဆို့ထားတော့ တိုက်ပွဲကမရှိလို့ကိုမရနိုင်တဲ့အနေအထား ဖြစ်နေတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဆွေးနွေးမှုတွေ ရှိနေပေမယ့်နှစ်ဖက်အကြား ရပ်တည်ချက်ကွဲလွဲမှုတွေ ရှိနေတဲ့အပေါ် အစိုးရ စစ်တပ်ဘက်က လိုက်လျောဆွေးနွေးလိုတဲ့ ဆန္ဒမရှိဘဲ အစိုးရဘက်က ချမှတ်ထားတဲ့ ဘောင်အတွင်းမှာ သဘောတူရေးရဖို့ စစ်ရေးအရ ဖိအားပေးနေတာဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်အချို့က မြင်ကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရစစ်တပ်က ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် မိုင်းဘုန်းကျော်က “ကျနော်တို့ကို စစ်ရေးအရ တော်တော်လေးကို ဖိအားပေးတယ်လို့ပဲ ယေဘုယျ သုံးသပ်လို့ရပါတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု တိုးတက်ဖို့ အခြေအနေက တဖက်နဲ့တဖက် ရှေ့တိုးဖို့ အတော်လေးကို ခက်နေတဲ့သဘောဖြစ်နေတယ်။ အဲဒါကို စစ်ရေးအရ ဖိအားပေးတယ်လို့ ကျနော်တို့ မြင်တယ်လေ” လို့ သူ့အမြင်ကို ရှင်းပြပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလှုပ်ရှားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ဆန်၊ မိုးမိတ်စတဲ့ နေရာတွေမှာ အစိုးရစစ်တပ် တပ်မ ၇၇၊ တပ်မ ၈၈ တို့ရဲ့ လက်အောက်ခံ တပ်ရင်းတွေအပါအဝင်အခြား တပ်မတွေအောက်က တပ်ရင်းပေါင်း ၆၀ လောက်ဟာ အလုံးအရင်းလိုက် သိသိသာသာ ဝင်ပြီးနေရာယူထားကြပြီလို့ သူကပြောပါတယ်။

ဒီမြို့နယ်တွေမှာ အဓိကလှုပ်ရှားနေတာက TNLA တပ်ဖွဲ့ဖြစ်ပြီး သူတို့နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့တွေ ပူးပေါင်းလှုပ်ရှား နေကြတာဖြစ်ပြီး လက်ရှိအချိန်မှာ ဒီပူးပေါင်းတပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြားမှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း အခြေအနေ

ကချင်ပြည်နယ် KIO ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ လိုင်ဇာဒေသအပါအဝင် ကချစ်စစ်တပ်တွေ လှုပ်ရှားရာ ဒေသတိုင်းမှာလို အစိုးရစစ်တပ်က စစ်သည်အင်အား၊ လက်နက်နဲ့ ရိက္ခာအင်အားဖြည့်တင်းမှုတွေ အဆက်မပြတ်လုပ်နေသလို KIA ကလည်း လူစုဆောင်းတာ ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်ရေး ပြင်ဆင်တာတွေ ရှိနေတယ်လို့ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ မျက်မြင်တွေက ပြောဆိုကြပါတယ်။

“ပြီးခဲ့တဲ့လတွေနဲ့မတူဘူး အခုဒီမှာ အစိုးရစစ်တပ်ကလည်း လက်နက်ကြီးတွေ သယ်နေတာတွေ၊ စစ်ကားတွေ တက်လာတာတွေ များလာတယ်။ KIA ကလည်း လူသစ်တွေ စုဆောင်းတာတွေ ခုရက်ပိုင်း လုပ်နေတယ်။ ဒီဘက်က လူတွေကတော့ တိုက်ပွဲတွေထပ်ဖြစ်တော့မလားဆိုပြီး စိုးရိမ်နေကြတယ်” လို့ မိုင်ဂျာယန် ဒေသခံတဦးက ပြောပါတယ်။

KIA နဲ့ အစိုးရစစ်တပ်တို့ဟာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားရာက ၂၀၁၁ ဇွန်လ ၉ ရက်ကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်က တိုက်ပွဲတွေရပ်ဖို့ ပြောခဲ့ပေမယ့် အစိုးရကို စစ်တပ်က ဂရုမစိုက်ဘဲ မြေပြင်ထိုးစစ်တွေတင်မကဘဲ တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ ထိုးစစ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ခုနစ်သောင်းကျော် တရုတ်-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ လက်ရှိအချိန်မှာလည်း အစိုးရစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို ဒုက္ခသည်တွေလည်း နေရပ်ရင်း မပြန်နိုင်သေးပါဘူး။ အကယ်၍ နောက်ထပ်စစ်ပွဲကြီးတွေသာ ဆက်ဖြစ်လာဦးမယ်ဆိုရင် နောက်ထပ် ဒုက္ခသည်တွေ ထပ်တိုးလာဖွယ် ရှိနေပါတယ်။

ပြည်ပခရီးစဉ် ရောက်ရှိနေတဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ကချင်ပြည်နယ်ထဲက တပ်ပိုင်းဆိုင်ရာ လက်ရှိနောက်ဆုံးအခြေအနေတွေ မသိရှိသေးပေမယ့် အစိုးရစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရထားတာ မဟုတ်သေးတဲ့ KIA အနေနဲ့ တဖက်က စစ်ပြင်လို့ ပြင်ဆင်တယ် ဆိုတာက စစ်တပ်ရဲ့ သဘောသဘာဝသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ထဲနှစ်ဖက်တပ်ဖွဲ့တွေအကြား စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်ဆိုတာကို ဒေသခံ တွေဆီကတဆင့် ကြားသိနေရတယ်လို့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောပါတယ်။

ဦးခက်ထိန်နန်က “ကျနော်တို့ကတော့ ပြည်သူတွေဆီကနေ ကြားရတာပေါ့နော်။ အဲဒီနေရာတွေဟာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေအကြား နေရာသတ်မှတ်ထားတဲ့နေရာတွေ ဟုတ်သလား မဟုတ်ဘူးလားတော့ မသိဘူး။ အဲဒီမှာ စစ်ကြောင်းတွေ သွားလာတယ်။ နေရာယူတယ်ဆိုတဲ့ အသံတွေ ကြားနေရတာပေါ့” လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ထဲမှာ အစိုးရစစ်တပ်တွေရဲ့ စစ်ရေးပြင်ဆင်မှုတွေက ဆက်တိုက်ရှိနေပြီး လက်ရှိ အခြေအနေအရ အပစ်အခတ်ရပ်စဲထားတဲ့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာမို့ တိုင်းရင်းသား တပ်တွေဘက်က သတိနဲ့နေရတဲ့အခြေအနေ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအဖြေရှာရေး အလုပ်အဖွဲ့ Technical Advisory Team နဲ့ KIA မဟာဗျူဟာ လေ့လာရေးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဒေါင်ခါးက ပြောပါတယ်။

“ဒီကချင်ပြည်နယ်ထဲမှာ သူတို့ (အစိုးရစစ်တပ်) တပ်ပိုင်းဆိုင်ရာတွေက မဆုတ်တမ်း ခံစစ်အနေ အထားမျိုးကို ပြင်နေကြတယ်။ တပ်သားစုဆောင်းရေးကိုလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စသဖြင့်ပေါ့ သူတို့လည်း တီဗီမှာ ကြော်ညာတဲ့အဆင့်ကို လုပ်နေတာပဲ။ အဲဒါကို ကြည့်ရင်တော့သူတို့လည်း တပ်အင်အားတွေ အများကြီး ထပ်စုဆောင်းနေတဲ့ပုံစံပဲ။ ကျနော်တို့ဘက်ကလည်း NCCT ရဲ့ သဘောတူညီ ချက်ဆုံးဖြတ်ချက် မကျသရွေ့တော့ KIO တင် မဟုတ်ဘူး။ အားလုံးက သူ့ဟာနဲ့သူ သတိနဲ့ နေရမှာကိုး။ ဘာဖြစ်လို့လဲဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့ ၁၄ ဖွဲ့နေရာတွေမှာလည်း ပဋိပက္ခတွေက ဆက်ရှိ နေဆဲပဲလေ” လို့ ဦးဒေါင်ခါးက ဆိုပါတယ်။

KIA၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေနဲ့ အစိုးရစစ်တပ်တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီအခြေအနေတွေက အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတာကြောင့် ဖြစ်ရတယ်လို့  မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ရဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုနဲ့ အကောင်အထည်ဖော်မှုဌာနက ဌာနမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“ရှမ်းပြည် မြောက်ပိုင်းကတော့ အဓိကကတော့ Ceasefire (အပစ်အခတ် ရပ်စဲရေး) မရှိတဲ့ ပြဿနာ၊ Ceasefire မရှိဘူးဗျာ၊ ရှမ်းပြည် မြောက်ပိုင်းမှာ အထူးသဖြင့် TNLA ရှိတယ်၊ KIA တချို့တပ်တွေ လှုပ်ရှားတာ ရှိတယ်ပေါ့နော်။ အဲဒီတော့ Ceasefire မရှိတဲ့အပေါ်မှာ တိုက်ပွဲတွေက ဆက်ဖြစ်တယ်ပေါ့ဗျာ” လို့ ဒေါက်တာမင်းဇော်ဦးက ရှင်းပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အခြေအနေ

အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်တဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရတပ် တွေကြားမှာလည်း သဘောတူညီမှု ရရှိပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ရာနဲ့ချီပြီး ဖြစ်ခဲ့သလို SSPP/SSA ရဲ့ ဝမ့်ဟိုင်းဌာနချုပ် တဝိုက်က အရေးပါတဲ့ တပ်စခန်း ၄၀ ကျော်ကို အစိုးရစစ်တပ်က အင်အားသုံးပြီး တိုက်ခိုက်သိမ်းယူထားတယ်လို့ သိရပါတယ်။ နှစ်ဖက်တပ်တွေ အကြားမှာလည်း ထိစပ်နယ်မြေတွေမှာ ကြိုကြားတိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်ရှိ စစ်ရေးတင်းမာနိုင်သည့် နေရာများ
ရှမ်းပြည်နယ်ရှိ စစ်ရေးတင်းမာနိုင်သည့် နေရာများ

လတ်တလော  SSPP/SSA ထိန်းချုပ်ရာ ဒေသအတွင်းမှာ အစိုးရစစ်တပ်တွေ အလုံးအရင်းနဲ့ တိုးချဲ့လာကြောင်း၊ လက်ရှိအခြေအနေမှာ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေ မရှိသေးပေမယ့် အစိုးရစစ်တပ်က ရန်စတိုက်ခိုက်မှုတွေ များနေတဲ့အတွက် ကျီးလန့်စာစား အခြေအနေဖြစ်နေပြီး အကယ်လို့ အင်အားသုံး တိုက်ခိုက်လာရင် ပြန်လည်ခုခံတိုက်ခိုက်မယ်လို့ SSPP/SSA အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်က ဆိုပါတယ်။

အထွေထွေ  အတွင်းရေးမှူး စဝ်ခွန်ဆိုင်က  “ကျနော်တို့ နယ်မြေထဲကို ဇွန်တလတည်းမှာပဲ တပ်ရင်းတွေ ၇ ခုလောက် တိုးချလာတယ်၊ ၁၂၀ မမလိုမျိုး လက်နက်ကြီးတွေတပ်ဆင်လာတယ်၊ ဘာကြောင့်ဆိုတာ စဉ်းစားမရဘူး၊ ဒီလိုမလုပ်ဖို့ တားဆီးပေးပါလို့ ဦးအောင်မင်းဆီစာရေးအကြောင်းကြားရင်လည်း သမ္မတဆီတင်ပြပေးမယ်ပဲ ပြောနေတယ်” လို့ ပြောပါတယ်။

အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲသွားနိုင်ဖို့ ကြိုးစားနေကြတဲ့ ကြားကာလမှာ အစိုးရ တပ်မတော်က SSPP/SSA အပေါ် အကြောင်းမရှိ အကြောင်းရှာပြီး အကြိမ်ပေါင်းများစွာ ဝင်ရောက်တိုက်ခိုက်နေမှုတွေဟာ နှစ်ပေါင်း ၆၀ ကျော်အကြာ တဦးနဲ့တဦး မယုံကြည်မှုတွေကို မပြေငြိမ်းစေတဲ့ အပြင်သံသယတွေ ပိုတိုးပွားလာပြီး ယုံကြည်မှုတည် ဆောက်ရေးကို ထိခိုက်စေတယ်လို့ ဇွန်လ ၂၄ ရက် မှ ဇူလိုင် ၄ ရက် အထိ ဝမ့်ဟိုင်းဗဟိုဌာနချုပ်မှ SSPP/SSA နာယကကြီး စဝ်ဆေထင် ဦးစီးကျင်းပခဲ့တဲ့ ၆ လပတ် အစည်းအဝေးအပြီး ထုတ်ပြန်ထားတဲ့ သဘောထားကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယုံကြည်မှု တည်ဆောက်ရေးကာလမှာ အစိုးရစစ်တပ်အနေနဲ့ အတိတ်က ခါးသီးတဲ့သင်ခန်းစာတွေကို ယူပြီး တဦးနဲ့တဦး ပြဿနာရှာရေးကို ထိပ်တန်းမတင်ဘဲ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာရေးကို  ပူးပေါင်းကြိုးစားသွားသင့်ပြီး SSPP/SSA အနေနဲ့လည်း အတတ်နိုင်ဆုံး လိုက်ပါဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ရှမ်းပြည် တောင်ပိုင်းမှာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရရှိပြီးသား ဖြစ်တဲ့ ရှမ်းပြည် တောင်ပိုင်းတပ်မတော် (ျွဃှ။ှဗ) နဲ့ အစိုးရ စစ်တပ်တွေအကြား သဘောတူညီ မှု လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်း နှစ်ဖက်ထိစပ် နယ်မြေတွေမှာ တိုက်ပွဲပေါင်း ၁၀ဝ ကျော် ဖြစ်ပွား ခဲ့တဲ့အတွက် ယုံကြည်မှု တည်ဆောက်နေဆဲကာလမှာ အစိုးရစစ်တပ် လုပ်ဆောင်နေမှုတွေက သံသယ ဖြစ်စေတယ်ဆိုပြီး RCSS/SSA ခေါင်းဆောင်တွေက မကြာခဏ ထုတ်ဖော်ပြောနေကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့တို့ဟာ ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိထားပြီး ဖြစ်ပေမယ့် နှစ်ဖက်တပ်တွေအကြား နယ်မြေသတ်မှတ်ရေးအဆင့်ကို မလုပ်နိုင်သေးတာ ကြောင့် တိုက်ပွဲတွေ ဖြစ်နေရတာဖြစ်ပြီး နယ်မြေသတ်မှတ်ရေး ထိထိရောက်ရောက် လုပ်ပြီးသွားရင်တော့ တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားလိမ့်မယ်လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

“ရှမ်းတောင်ပိုင်းမှာ တပ်နေရာချမှတ်ရေးကိစ္စတွေ ကွဲကွဲပြားပြား အခုချိန်အထိ မလုပ်နိုင်သေးတော့ တဖက်နဲ့တဖက် စွပ်စွဲတာတွေတော့ ရှိတာပေါ့။ တဘက်ကလည်း နေရာနယ်မြေချဲ့တယ် ဆိုပြီး စွပ်စွဲတာတွေ ရှိတယ်။ အဲဒီအပေါ်မှာအခြေခံပြီး တချို့ ပြဿနာဖြစ်တာတွေ ရှိတာပေါ့။ နောက်ပိုင်း တပ်နေရာသတ်မှတ်တဲ့ကိစ္စတွေကို ပီပီပြင်ပြင်လုပ်နိုင်တယ်ဆိုရင်တော့ Ceasefire လက်မှတ်ထိုးထား ပြီးသား အဖွဲ့တွေ ကြားထဲမှာတော့ ဒီပြဿနာတွေကတော့ ပြေလည်သွားမယ်ထင်တာပဲလေ” လို့ ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အခြေအနေ

အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ ၁၄ ဖွဲ့ အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ အပစ်ရပ်ရေး သဘောတူညီမှုရရှိပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေ မရှိသလောက် နည်းသွားခဲ့ပေမယ့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှာ နှစ်ဖက်ထိစပ်နယ်မြေတချို့အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မွန်ပြည်သစ်ပါတီ (NMSP) နဲ့ အစိုးရ စစ်တပ်အကြား ဒီနှစ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ အခြေအနေ

ပြုပြင်ပြောင်းလဲရေးသမားလို့ အမွှမ်းတင် ပြောဆိုနေကြတဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တနိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိဖို့ ကြိမ်ဖန်များစွာတွေ့ဆုံ ဆွေးနွေးနေကြ ပြီး ဒီဆွေးနွေးပွဲတွေကနေ လက်ဆုပ်လက်ကိုင် အကောင်အထည် ဖော်နိုင်မယ့် ရလဒ်တခုမှ ရေရေရာရာမရှိသေးသလို တိုက်ပွဲတွေလည်း ရပ်တန့်နိုင်ခြင်း မရှိပါဘူး။

မြို့ပြတွေမှာအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက စားပွဲဝိုင်းပေါ်မှာ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် လက်ရှိကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် စစ်ဖြစ်ပွား နေတဲ့နေရာတွေက ဒေသခံတွေနဲ့ စစ်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေကတော့ သံသယဝင်နေကြဆဲပါပဲ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံက ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တဲ့ ညီလာခံတရပ် ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပဖို့ရှိပါတယ်။ အဲဒီညီလာခံ ကျင်းပမယ့်နေရာကိုတော့ လောလောဆယ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့မှာ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲဒီညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား သဘောတူညီချက်မရသေးဘဲကွဲ လွဲနေတဲ့ အချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက မျက်နှာချင်းဆိုင်  ဆွေးနွေးကြမယ့် အရေးကြီးတဲ့ညီလာခံကြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ပထမမူကြမ်း အဆင့်ဆွေးနွေးပြီးလို့ ဒုတိယမူကြမ်းအဆင့်ဆွေးနွေး နေကြတဲ့အဆင့် ဖြစ်ပါတယ်။ ဒါကို သဘောတူညီချက်တွေရပြီဆိုရင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဆင့်ကို သွားနိုင်မှာဖြစ်တယ်လို့ ဆိုကြပါတယ်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် အရေးကြီးတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ အနာဂတ်မှာ တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး စတဲ့အချက်တွေအပါအဝင် တချို့အချက်တွေမှာ အစိုးရစစ်တပ် ဘက်က သဘောမတူတာကြောင့် ရှေ့ဆက်ဖို့ ခက်နေတယ်လို့ သိရပါတယ်။

NCCT ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက “ကျနော်တို့ဘက်က ဖက်ဒရယ်ဆိုတာကိုရှောင်ပြီး တင်ပေမယ့်လည်း သူတို့ဘက်က တင်းပြည့်ကျပ်ပြည့် လက်မခံနိုင်သေးဘူး ဖြစ်နေတယ်။ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ တပ်မတော်ကို ဒီပုံစံအဟောင်းအတိုင်းပဲ ရှိမနေစေချင်တော့ဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဆန်ဆန်ပေါ့ဗျာ၊ ဖက်ဒရယ်ပုံစံနဲ့ နိုင်ငံနဲ့ ကိုက်ညီတဲ့ပုံစံမျိုးကို ကျနော်တို့က ပြင်ချင်တယ်။ အစိုးရဘက်က ဒါကိုမပြင်ချင်ဘူး” လို့ ပြောပါတယ်။

သူကဆက်လက်ပြီး “သူတို့ဘက်က တင်တာကတော့ လက်ရှိတပ်မတော်ထဲမှာ လူမျိုးပေါင်းစုံ ပါဝင်နေတယ်။ ဒီလို ပါဝင်နေခြင်းအားဖြင့် ဒါဟာလည်း ပြည်ထောင်စု တပ်မတော်ပါပဲဆိုပြီးတော့ သူတို့ကတော့ တင်းခံတဲ့သဘော။ ဒါတင် မကသေးဘူး။ သူတို့က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးကို နိုင်ငံတခုရဲ့ တခုတည်းသောတပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာသူတို့က ထားချင်တယ်။ ဒါသူတို့ရဲ့ ဦးတည်ချက်ပေါ့ဗျာ။ ဒါဟာ ကျနော်တို့နဲ့ အမြင်တွေ မတူဘူး။ တော်တော်လေး ခဲယဉ်းနေတဲ့ကိစ္စ” လို့ ဆိုပါတယ်။

ဒီလကုန်မှာ ဆွေးနွေးကြမယ့် ညီလာခံကနေ သဘောတူညီနိုင်မယ့် ရလဒ်တွေ ထွက်ပေါ်မလာ ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်သလား ဆိုပြီး စိုးရိမ်ပူပန်နေကြသလို အထူးသဖြင့် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးတဲ့ KIA နဲ့ TNLA တို့ လှုပ်ရှားနေကြတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတာဟာ စိုးရိမ် ဖွယ်ရာ အခြေအနေလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Your Thoughts …
Tags: War
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

ပထမ ကမ္ဘာစစ်

ပထမ ကမ္ဘာစစ် နှစ် ၁၀ဝ ပြည့်တော့

by ညီစောလွင်
22 August 2014
4.2k

တရုတ်အင်အား ကြီးထွားလာတာ၊ ဘော်လကန်စစ်ပွဲ၊ ၂၀ဝ၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု၊ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ ၂၀ဝ၈ ကမ္ဘာ့စီးပွားရေး ပျက်ကပ်၊ အာရပ်နွေဦး၊ ဆီးရီးယား ပြည်တွင်းစစ် အားလုံးဟာ ဖူကူယားမားရဲ့ "သမိုင်းနိဂုံး ချုပ်ပြီ"...

MNDA, ကိုးကန့်, ဗမာပြည်ကွန်မြူနစ်ပါတီ

ကိုးကန့် MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းနှင့် အင်တာဗျူး

by ဧရာဝတီ
10 February 2015
17.1k

အစိုးရ စစ်တပ်က ၀င်တိုက်တာပါ၊ ကျနော်တို့က အင်အား နည်းနည်းလေးနဲ့ ဘယ်လိုလုပ် ၀င်စီးနိုင်မလဲ။ ကျနော်တို့ အင်အားက ၁ ထောင်လောက် ရှိပါတယ်၊ ဒါပေမယ့် တနေရာ တည်းမှာပဲ စုဖွဲ့နေတာ မဟုတ်ပါဘူး၊

အာဏာရှင်တွေ တဝင်းဝင်း၊ ဒီမိုကရေစီတွေ တဖြုတ်ဖြုတ်

အာဏာရှင်တွေ တဝင်းဝင်း၊ ဒီမိုကရေစီတွေ တဖြုတ်ဖြုတ်

by ညီစောလွင်
14 September 2013
4.4k

ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အာဏာရှင်ကို ဖြုတ်ချဖို့ လိုတာ မှန်ပါတယ်။ ဒါပေမယ့် အာဏာရှင်ကို ဖြုတ်ချနိုင် တိုင်းလည်း ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒုတိယ တဆင့် ဒီမိုကရေစီ တည်ဆောက်ရေးမှာ အာရပ်နိုင်ငံတွေ အားလုံး ၀ရုန်းသုန်းကား...

ကိုးကန့်, အစိုးရ တပ်မတော် , MNDAA

ဖုန်ကြားရှင်၏ ကိုးကန့်တပ်နှင့် အစိုးရ တပ်မတော် တိုက်ပွဲများ ဆက်လက်ပြင်းထန်

by ကျော်မျိုးထွန်း
21 March 2015
8.4k

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသ၌ အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူအသေ အပျောက် ရှိကြောင်း သတင်း ရရှိသည်။

KIA နှင့် အစိုးရ ဒု စစ်ဦးစီးချုပ်များ တွေ့မည်

KIA နှင့် အစိုးရ ဒု စစ်ဦးစီးချုပ်များ တွေ့မည်

by သန်းထိုက်ဦး
4 July 2012
7k

နှစ်ဘက်တပ်တွေ ဖယ်ရှားပေးရမယ့် ကဏ္ဍတွေ၊ နှစ်ဘက်တပ်တွေ နီးနီးကပ်ကပ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ အစိုးရဘက်က တိုးချဲ့ထားတဲ့ တပ်မတွေ ပြန်ရုပ်ဖို့

Next Post
TNLA, စစ်ရှောင် ဒုက္ခသည်များ, တိုက်ပွဲများ

အစိုးရစစ်တပ်နှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံ နှစ်ဦးသေဆုံး

စိစစ်ရေး

“ကျမတို့ရဲ့ အတွေးတွေက စိစစ်ရေးကြောင့် ပြောင်းလဲ သွားခဲ့ရတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate