သတင်းတို
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မစ္စတာ ဂျိုကို ဝီဒိုဒို အနိုင်ရ
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ဂျာကာတာမြို့တော်ဝန် မစ္စတာ ဂျိုကို ဝီဒိုဒို ကအနိုင်ရရှိခဲပြီး၊ လာမည့် အောက်တိုဘာလမှစတင်ကာ သမ္မတ တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်သည့် အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် မဲပေးသူပေါင်း သန်း ၁၃၀ ခန့်ရှိရာ၊ မစ္စတာ ဂျိုကို ဝီဒိုဒို သည် မဲ မဲ ၅၃ ရာခိုင်နှုန်းနှင့် အနိုင်ရရှိခြင်းဖြစ်ပြီး၊ သူ၏ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုမှာ ၄၇ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရသည်။