သတင်းတို

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့်ဆွေးနွေး

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ရန်းဟီးလ်လီသည် ယမန်နေ့က မန္တလေးမြို့သို့ ရောက်ရှိလာပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်း ရေး ကော်မတီနှင့် ၁နာရီခန့် ဆွေးနွေး ခဲ့ကြောင်း၊ ဆွေးနွေးမှုများကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိသော်လည်း ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်အနေဖြင့် မန္တလေး ငြိမ်းချမ်းမှု ဆွေးနွေးမှု ကော်မတီနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ပြီး၊ ဆွေးနွေးပွဲရလာဒ် ကိုလည်း နိုင်ငံတကာ မိသားစု များအား ပြန်လည်ပြောပြမည်ဖြစ်ပြီး၊ အစိုးရကိုလည်း မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ တရားမျှတမှုဖြစ်စေရန် တိုက်တွန်းသွားမည်ဟု မန္တလေး ငြိမ်းချမ်းရေးနှင့် ထိန်းသိမ်းရေး ကော်မတီက သတင်းထုတ်ပြန်သည်။

Loading