• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

မော်ဒယ်လ်က အိမ်အကူ မိန်းကလေးကို နှိပ်စက်သည့် အမှု ၅ လကြာအထိ ထူးခြားမှုမရှိ

by နန်းဆိုင်နွမ်
24 July 2014
in Crime
A A
မော်ဒယ်လ်က အိမ်အကူ မိန်းကလေးကို နှိပ်စက်သည့် အမှု ၅ လကြာအထိ ထူးခြားမှုမရှိ

မထက်ထက်နှင့် သူ၏ မိခင် (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)

17.8k
VIEWS
Share on FacebookShare on Twitter

အိမ်အကူ မိန်းကလေးကို နှိပ်စက်သည့် ဗီဒီယိုသရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူကို ကလေးငယ်၏ မိဘများက ယခုနှစ် မတ်လပိုင်းတွင် အမှုဖွင့်တရားစွဲဆိုထားသော်လည်း ၅ လကြာသည့်တိုင် သက်ဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

အသက် ၁၅ နှစ်အရွယ် မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ဝဲဒေါင့် ကျေးရွာမှ  ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
50
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
82
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
298

အိမ်ရှင်၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများရရှိခဲ့ကာ ဘယ်လက်ချောင်းများ အကြောသေသွားကြောင်း၊ လက်ရှိတွင် ကလေးငယ်သည် စိတ်ဒဏ်ရာရရှိနေကြောင်း မထက်ထက်၏မိခင် ဒေါ်နော်မိချိုက ဧရာဝတီသို့ပြောသည်။

“ကျမတို့က မတ်လ လောက်ကစပြီး ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုထားပေမယ့် ပုသိမ်ရဲစခန်းက သူတို့နဲ့မဆိုင်ဘူး၊ ရန်ကုန် ဗဟန်းမှာဖြစ်တာ အဲဒီမှာ ဖွင့်ရမှာဆိုပြီး ဗဟန်းရဲစခန်းကို လွှဲပေးလိုက်တယ်။ ဒါပေမယ့် အခုထိ အမှုဖွင့်တာပဲ ရှိသေးတယ်၊ တရားရုံးကနေ ခေါ်တာတွေ ဘာတွေမရှိသေးဘူး” ဟု ဒေါ်နော်မိချိုက ဆိုသည်။

မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချို၏ တိုင်တန်းချက် အရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် ၃၀ တွင် နေထိုင်သည့် ဗီဒီယို သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့အား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုနံပါတ် ၅၁/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/ ၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားခဲ့ကြောင်း သိရသည်။

ထိုအမှုကို ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းမှ ဗဟန်းရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း၊ လက်ရှိအမှုကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဗဟန်းရဲစခန်းမှ ထိုအမှုကို လက်ခံခဲ့သည့် ရဲမှူး ဦးထွန်းမွှေးက ဧရာဝတီသို့ ပြောသည်။

အိမ်အကူ မထက်ထက်သည် အသက်မပြည့်သေးသည့် ကလေး တဦးဖြစ်ပြီး အမျိုးသမီးတဦးလည်း ဖြစ်သည့်အတွက် မွေးရာပါ လူ့အခွင့်အရေး ဆုံးရှုံးနေကြောင်း၊ ထိုကလေးအမှုကို တရားစီရင်ရာတွင် တရားမျှတမှု ရှိ မရှိ စောင့်ကြည့် သွားမည် ဖြစ်ပြီး မိန်းကလေး အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသမီးရေးရာ ကိစ္စများကို ကူညီဆောင်ရွက်နေသည့် Cultural Impact Studies Club မှ မငြိမ်းချမ်းမေ က ဧရာဝတီကို ရှင်းပြသည်။

ဆက်လက်ပြီး မထက်ထက်ကို လိုက်လံကူညီပေးနေသည့် ဒေါ်နော်မေလန်ကလည်း “ရဲမှာ အမှုဖွင့်တာကြာပြီ။ ၅ လလောက် ရှိနေပြီ။ တရားခံက ဘယ်သူဆိုတာလည်း သိနေတာပဲ။ ဘာလို့ ဖမ်းဆီးမှုတွေ၊ ဝရမ်းထုတ်တာတွေ မလုပ်တာလဲ” ဟု မေးခွန်းထုတ်သည်။

“ကလေးမက လူတွေကို တော်တော်ကြောက်သွားပြီ။ ဘယ်မှကို မသွားရဲတော့တဲ့စိတ်၊ လူတွေနဲ့ မတွေ့ရဲတော့တဲ့ စိတ် ဒဏ်ရာ ဖြစ်နေတယ်။ ရန်ကုန်ကိုတောင် သူမလာရဲတော့ဘူး။ သူ့ရဲ့ ဘဝ ပြန်လည်ထူထောင်ရေး အတွက် ကျမတို့က လုပ်ဆောင်သွားမှာပါ” ဟု မငြိမ်းချမ်းမေက ဆိုသည်။

မထက်ထက်ကလည်း “သမီး သူတို့အိမ်ကို စရောက်ရောက်ချင်း တလကတော့ ဘာမှမလုပ်ဘူး။ သူတို့အိမ်မှာ သုံးလ လောက်ပဲ လုပ်ပါတယ်။ နှစ်လမြောက်မှာ သမီးဘာလုပ်လုပ် ရိုက်တာတွေ၊ လက်သီးနဲ့ထိုးတာတွေ လုပ်တယ်။ ပြီးတော့ သမီးကို ခေါင်းကွဲအောင်လုပ်ပြီး အခန်းထဲ လေးရက်လောက် ပိတ်ထားတယ်၊ ခွေးကျွေးတဲ့ အစားအသောက်တွေကို သမီးကို ကျွေးတယ်။ နောက်ဆုံး ဝက်သားဟင်းအိုး တူးလို့ဆိုပြီး လက်ကို ဆီပူထဲထည့်တယ်” ဟု ဧရာဝတီသို့ ပြောပြသည်။

နှိပ်စက်မှုများကြောင့် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများနှင့် အပူလောင် ဒဏ်ရာများ ရရှိထားသူ မထက်ထက်အား သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူတို့က ရန်ကုန်မြို့၌ ဆေးကုသ မပေးဘဲ သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ နေထိုင်ရာ ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် မထက်ထက်အား ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသ ပေးရာတွင် ထိုဆေးခန်းက ရဲမှုခင်း ဖြစ်နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခဲ့ခြင်း ဖြစ်သည်။

“ကလေးကို ပုသိမ်ဆေးရုံမှာ လာပစ်သွားတယ်။ ဘယ်သူ့ကိုမှလည်း အကြောင်းမကြားဘူး၊ ဆေးလည်း မကုပေးဘူး။ တရားရုံးကလည်း ဘာမှ အကြောင်းမထူးဘူး။ တရားဥပဒေအတိုင်း ကျမကတော့ ဆက်လုပ်သွားမှာပါ။ သမီးကို လုပ်သွားတဲ့ တရားခံတွေကလည်း ထွက်ပြေးနေတယ်လို့ ကြားတယ်။ သူတို့ အိမ်ကလည်း သော့ခတ်ထားတယ်” ဟု ဒေါ်နော်မိချိုက ဆိုသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

Your Thoughts …
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အကယ်ဒမီ ချစ်စနိုးဦးရဲ့ အနုပညာနဲ့ လူမှုရေး အကြောင်း တစေ့တစောင်း

အကယ်ဒမီ ချစ်စနိုးဦးရဲ့ အနုပညာနဲ့ လူမှုရေး အကြောင်း တစေ့တစောင်း

မြန်မာ နေရှင်နယ်လိဂ် ရှေ့ခရီး

မြန်မာ နေရှင်နယ်လိဂ် ရှေ့ခရီး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate