သရုပ်ဆောင်၊ အဆိုတော် ချစ်စနိုးဦးဟာ သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးခဲ့တဲ့ ရင်ကွဲနာ ရုပ်ရှင် ဇာတ်ကားကြီးမှာ မောင်နှမ မေတ္တာကိုပုံဖော်ပြီး အစ်ကိုရဲ့ အဟြေအဆိုခံ ညီမတယောက် အဖြစ် ၂၀၁၁ ခုနှစ်အတွက် ဇာတ်ပို့ အကယ်ဒမီဆုရှင် ဖြစ်ခဲ့ပြီး အဆိုပိုင်းမှာလည်း ခိုနားခွင့်ပေးပါ တကိုယ်တော် တေးစီးရီး စီဒီထွက်ရှိထားသလို ဗီစီဒီကိုလည်း ပရိသတ် လက်ထဲအရောက်ပို့နိုင်ဖို့ ပုံဖော်ကြိုးစားနေပါတယ်။ ဒါကြောင့် သူ့ကိုသူ သဲလို့ ပြောတတ်တဲ့ အကယ်ဒမီ ချစ်စနိုးဦးနဲ့ တွေ့ဆုံပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေ၊ သူ့ရဲ့သီချင်းခွေအကြောင်း၊ သူ့ရဲ့လူမှုရေးကအစ၊ သူ့အချစ်ရေးအဆုံးမကျန် ပွင့်ပွင့်လင်းလင်း အကုန်မေးပြီး ဧရာဝတီ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ပါတယ်။
မေး။ ။ ခိုနားခွင့်ပေးပါ စီးရီး အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ အခု ဗီစီဒီရိုက်တာ အမှန်အတိုင်းဟြေရရင် နှစ်ပုဒ်နဲ့ တစ်နေတယ်။ ပွဲရာသီဖြစ်နေတော့ သီချင်းလေးဆိုလိုက် ပြန်လာလိုက်၊ ဒါရိုက်တာနဲ့ညှိလိုက် မအားလိုက်နဲ့၊ မလုပ်ဖြစ်လိုက် သီချင်းပြန်ဆိုလိုက်နဲ့ပဲ သံသရာလည်နေတာလေ။ သေချာတော့ ရိုက်ရက် ယူပြီးတော့ ပြန်တော့ရိုက်ရမယ်။ နာမည်ကြီးတဲ့ ဒါရိုက်တာတွေကလည်း ရိုက်ရက်တွေ ပြည့်နေတော့ မအားဘူး ဖြစ်နေကြလို့ပါ။ ဒီနှစ်ကုန်လောက်တော့ Target လုပ်ထားတော့ မရရအောင်တော့ လုပ်ဖြစ်မှာပါ။
မေး။ ။ စီဒီအခြေအနေနဲ့ ပရိသတ် တုန့်ပြန်မှုကရော။
ဖြေ။ ။ အမှန်တိုင်းဟြေရရင် မြန်မာပြည်ကလူတွေက စီဒီထက် ဗီစီဒီကိုကြည့်ချင် ကြတာလေ။ နယ်က လူတွေကလည်း သူတို့ကအရုပ်ရော၊ အသံရော ကြည့်ချင်ကြတာလေ။ စီဒီက သုံးထောင် ထုတ်ထားတာ၊ ဟိုတနေ့က သွားမေးတာတော့ ငါးရာလောက်တော့ ကျန်သေးတယ်လို့ဟြေတယ်။
မေး။ ။ ငွေကြေးအနေနဲ့ရော။
ဖြေ။ ။ ကိုယ်ကငွေကြေးအနေနဲ့ မျှော်လင့်ထားတာ မဟုတ်တော့ နှစ်ထောင့်ငါးရာလေး ပရိသတ်လက်ထဲ ရောက်သွားလည်း ဝမ်းသာရတာပေါ့လေ။
မေး။ ။ နယ်ရှိုးတွေမှာရော ဘယ်သီချင်းတွေဆိုဖြစ်လဲ။
ဖြေ။ ။ ခုခွေထဲက Dictionary နဲ့ “ဆွဲငင်အား” တို့ကို ဆိုဖြစ်တယ်၊ သီချင်းဟောင်းလေးဖြစ်တဲ့ လက်ကလေးဆွဲထား သီချင်းလည်း ဆိုဖြစ်ပါတယ်။ အဆင်ပြေသလို ညှပ်ဆိုရတာပေါ့လေ။
မေး။ ။ လက်ကလေးဆွဲထား သီချင်းက မဆိုမဖြစ်ပေါ့၊ ဟုတ်လား။
ဖြေ။ ။ ဟုတ်တယ်။ အဲဒီသီချင်းလေးကတော့ တကယ့်ကို မဆိုမဖြစ်ပါပဲ။ သဲရဲ့ဂီတမှတ်တိုင်လေးလို့တောင် ဟြေလို့ရပါတယ်။
မေး။ ။ Dictionary သီချင်းလေးကို ပရိသတ်ကြိုက်နေတယ်ဆို၊ ဘယ်လိုခံစားမှုတွေပါလို့လဲ။
ဖြေ။ ။ ဒီသီချင်းလေးက ဦးရွှေဂျော်ဂျော် ရေးပေးတာပါ။ စပေးကတည်းက ကြိုက်တယ်။ ခေတ်ပုံစံ သီချင်းလေးလည်း ဖြစ်နေတယ်။ အခုခွေထဲမှာ အဲဒီသီချင်းလေးကို တော်တော်များများ ကြိုက်ကြတယ်လို့ Feedback လာတော့ ဝမ်းသာရပါတယ်။
မေး။ ။ ကိုယ့်အသံက ရော့ခ်နဲ့ လိုက်တယ်ထင်လို့ ရော့ခ်သီချင်းတွေပဲ ဆိုဖြစ်တာလား။
ဖြေ။ ။ ဟြေရရင် ပထမဆုံးအခွေလည်း ဖြစ်တော့ နည်းနည်း ယောင်သွားတာလည်း ပါတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ ဟိုဟာဆိုကြည့်၊ ဒီဟာဆိုကြည့်ပေါ့။ အခုဆိုရင် ဒီအခွေ “ခိုနားလှည့်ပါ” ထွက်လိုက်တဲ့အတွက် ကိုယ် နောက်ဆိုရင် ဘယ်လိုသီချင်းမျိုး ဆိုရမလဲဆိုတာ သိသွားပြီလေ။ ပထမဆုံး အခွေဆိုတော့လည်း အမှားပါသွားတာပေါ့။ အဲလိုမျိုးလေးပါ။ ရော့ခ်ကြမ်းကြမ်း ပုံစံမျိုးလေးတွေ ပါတယ်။ တကယ်တမ်းကျတော့ ကိုယ်နဲ့ ရော့ခ်ကြမ်းကြမ်းပုံစံ၊ ယောကျာ်ဆန်တဲ့ပုံစံတွေနဲ့ မလိုက်ဘူးဆိုတာ သိလိုက်ရတယ်။ နောက်အခွေကျရင်တော့ ကိုယ့်နဲ့ လိုက်မယ့် ပုံစံအသစ်မျိုးလေးတွေပဲ လုပ်တော့မှာပါ။
မေး။ ။ ချစ်စနိုးဦးရဲ့ အသံက အပြင်မှာ စကားပြောရင်တော့ အေးအေးနဲ့ အသံလုံး သေးသေးလေးနော်။ သီချင်းဆိုရင်တော့ သြရှရှအသံဖြစ်သွားတယ်။
ဖြေ။ ။ တချို့တွေက ဟြေတယ်၊ သဲကိုလုပ်ဆိုတာလားပေါ့။ လုပ်ဆိုတာမဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း သီချင်း စဆိုကတည်းက ရော့ခ်သီချင်းတွေ ဆိုတာများတဲ့အတွက် အဲဒီလိုဖြစ်သွားလားပဲ မဟြေတတ်တော့ပါဘူး၊။
မေး။ ။ ဒါဆို ဒီအခွေလုပ်တုန်းက ဘယ်သူနဲ့မှ မတိုင်ပင်ဘူးလား။
ဖြေ။ ။ ဒီအခွေလုပ်တုန်းက ကိုမိချောက စီစဉ်တာပါ။ သဲကတော့ ဂီတနဲ့ပတ်သက်ရင် နကန်းတလုံးမှ နားမလည်တော့ စီစဉ်သူအဖြစ် ငှားလိုက်တယ်။ ကိုမိချောစီစဉ်တဲ့အတိုင်း လုပ်ခဲ့တာပါပဲ၊။
မေး။ ။ ညီမ ဘာစိတ်ကူးနဲ့ ဒီအခွေ “ခိုနားလှည့်ပါ” ကို လုပ်ခဲ့တာလဲ။
ဖြေ။ ။ အမှန်တိုင်းဟြေရရင် လက်ကလေးဆွဲထား သီချင်းလေးကို ပရိသတ်က ကြိုက်ကြတယ်ဆိုတော့ သီချင်းလေး အောင်မြင်ကတည်းက ပရိသတ်တွေက အစ်မရေ သီချင်းခွေလေးလုပ်ပါ၊ ဒီသီချင်းတပုဒ်နဲ့ပဲ ရပ်မနေပါနဲ့၊ အသံ ကောင်းတယ် ထပ်ကြားချင်ပါတယ် ဆိုတာနဲ့ ကဲ- ဒါဆိုလည်း ဆိုမယ်ဆိုပြီး သီချင်းတွေအပ်ပြီး စလုပ်ခဲ့တာပါ။
မေး။ ။ ပိုက်ဆံပြန်ရတာရော၊ သီချင်းခွေရဲ့ကုန်ကျစရိတ်က ကာမိရဲ့လား။
ဖြေ။ ။ မကာမိပါဘူး။ ကုန်ကျစရိတ်က ရေထဲပစ်ချရင်တောင် ပလုံလို့ အသံမြည်သေးတယ်။ ဒါကတော့ ဘာအသံမှမမြည်ဘဲ ပျောက်သွားတာပါ။ ဘာမှ ပြန်ရချင်တဲ့စိတ်လည်း မရှိပါဘူး။ ပရိသတ်ကြိုက်တယ်၊ လက်ခံတယ်ဆိုရင်ပဲ ဒါလေးကို အနုပညာအနေနဲ့ ပီတိစားရမှာပေါ့။
မေး။ ။ ဒါဆို သရုပ်ဆောင်လို့ရတဲ့ငွေတွေနဲ့ သီချင်းအခွေကို ပြန်ထုတ်တာလား။
ဖြေ။ ။ အင်းပေါ့နော်။ သီချင်းသွားဆိုလိုက်၊ ရတဲ့ဟာလေးနဲ့ တပုဒ်သွင်းလိုက်နဲ့ပေါ့။ အခုလိုဆိုတော့ အကောင်းဆုံး တော့ ကိုယ့်ဘက်က ပြန်မျှော်လင့်တာပေါ့နော်။
မေး။ ။ ဗီစီဒီကိုရော ဘယ်လိုပုံစံရိုက်မယ် စိတ်ကူးထားလဲ။
ဖြေ။ ။ သီချင်းလေးတွေနဲ့ လိုက်မယ့်ပုံစံလေးတွေပေါ့နော်။ ဒါရိုက်တာတွေနဲ့လည်း တိုင်ပင်ထားပါတယ်။
မေး။ ။ ကိုယ်တိုင်သရုပ်ဆောင်မှာလား။
ဖြေ။ ။ ကိုယ်တိုင် သရုပ်ဆောင်ဖို့ များပါတယ်။ တခွေလုံး ကိုယ်ချည်းပဲလည်း မဟုတ်ပါဘူး။ သူများတွေလည်း ထည့်မှာပေါ့နော်။ MTV ပုံစံရော၊ Story ပုံစံပါ ရိုက်မှာပါ။
မေး။ ။ သရုပ်ဆောင်တာနဲ့ သီချင်းဆိုတာ၊ ခံစားမှုချင်း ဘယ်လိုကွာလဲ။
ဖြေ။ ။ မတူဘူး။ သရုပ်ဆောင်တာက ပရိသတ် နောက်ကွယ်မှာ လုပ်ရတာ။ အကောင်းဆုံး လုပ်ပြီးတော့မှ ပရိသတ် ရှေ့ကို ချပြရတာလေ။ သီချင်းဆိုတာကျတော့ ပရိသတ်ရှေ့မှာ တိုက်ရိုက်ဆိုရတာလေ။ ကြိုက်တာမကြိုက်တာကို ချက်ချင်း တုန့်ပြန်တယ်။ အဲဒီတော့လည်း ရင်တုန်ရတာပေါ့။ ကြိုက်ကြပါ့မလားပေါ့။ တကယ်ဆိုတိုင်းလည်း ပရိသတ်က အားပေးကြပါတယ်။ ခံစားမှုချင်း မတူဘူးပေါ့နော်။
မေး။ ။ နယ်ရှိုးတွေမှာ ပရိသတ်နဲ့ထိတွေ့ရတဲ့ ဖီလင်ကရော။
ဖြေ။ ။ အမှန်အတိုင်း ဟြေရရင် ရိုးရိုးအဆိုတော်ထက် သရုပ်ဆောင်အဆိုတော်ဖြစ်တဲ့အတွက် သရုပ်ဆောင်တယောက် အနေနဲ့မြင်ပြီး အားပေးတဲ့အတွက် တပန်းသာပါတယ်။
မေး။ ။ ဗီစီဒီရိုက်ရင်ရော ပရိသတ်စိတ်ကျေနပ်မှုရှိအောင် လုပ်ပေးမှာလား။
ဖြေ။ ။ ဟုတ်ကဲ့။ သဲ အတတ်နိုင်ဆုံးတော့ လုပ်သွားမှာပါ၊ ကိုယ်လည်း ပိုက်ဆံပေါလွန်းလို့ ထုတ်တာမဟုတ်ပါဘူး၊ အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီး ပရိသတ် လက်ခံအောင် လုပ်သွားမှာပါ။
မေး။ ။ ဘာကြောင့် အကယ်ဒမီရခဲ့တယ်လို့ ထင်လဲ။
ဖြေ။ ။ သဲ အနုပညာ သက်တမ်း ကိုးနှစ်ကြာမှ အကယ်ဒမီရခဲ့တာပါ၊ အရင်ကတည်းက သဲ အနုပညာအပေါ် ရိုးရိုးသားသားနဲ့ ကြိုးစားခဲ့တယ်။ စိတ်ကူးတော့ ယဉ်ခဲ့တာပေါ့၊ အကယ်ဒမီရဖို့ကို။ ဒါပေမယ့် အနုပညာ သက်တမ်း ကြာနေပြီဆိုတော့ အကယ်ဒမီရဖို့ မဖြစ်နိုင်လောက်တော့ဘူးပဲ ထင်ထားတာ၊ တကယ်ကို အရိုးသားဆုံးနဲ့ အကောင်းဆုံး လုပ်ခဲ့တဲ့အတွက် ဘုရားက အခွင့်အရေးတခု ပြန်ပေးတယ်။ ကြိုးစားခဲ့တယ်။ ရသွားတယ်။ အဲဒီအတွက် အရမ်း ဝမ်းသာခဲ့ရပါတယ်။ သဲ အတွက် မှတ်တိုင်တခု ထူနိုင်ခဲ့တာပါ။
မေး။ ။ ချစ်စနိုးဦး အနေနဲ့ အနုပညာနဲ့ ပတ်သက်ရင် ငွေရေးကြေးရေး တွက်ချက်တဲ့သူ မျိုးထဲမှာပါလား။
ဖြေ။ ။ အမှန်အတိုင်း ဟြေရရင်တော့ ငွေရေးကြေးရေး တွက်ချက်တဲ့သူမျိုးထဲမှာ သဲမပါပါဘူး။ ကိုယ့်မှာ ပေးနိုင်တာ အနုပညာ တခုပဲရှိတယ်။ သဲက ရတဲ့အခွင့်အရေးလေးကိုပဲ ကြိုးစားပြီး ရိုးသားစွာလုပ်ခဲ့တယ်။ အဲဒီ တုန့်ပြန်မှုလေးကို ခံစားရတယ်လို့ ထင်ပါတယ်။
မေး။ ။ ချစ်စနိုးဦးက ကြည့်လိုက်ရင်အမြဲ အေးချမ်းပြုံးရွှင်နေတဲ့ မင်းသမီးတလက်လို့ ပြောတဲ့သူတွေရှိတယ်။ ဘယ်လို စိတ်ထားမျိုး ထားတာလဲ။
ဖြေ။ ။ နေရတာ လူ့လောကကြီးက သက်တမ်း တိုတိုလေးပါ၊ အကုန်လုံးနဲ့လည်း အဆင်ပြေအောင် နေချင်တယ်၊ အကုန်လုံးနဲ့လည်း တည့်ချင်တယ်၊ အမုန်းလည်း မပွားချင်ဘူး၊ ပြိုင်လည်း မပြိုင်ချင်ဘူး။ ကိုယ့်မျက်နှာ မြင်ရင် အားလုံးကို ပျော်စေချင်တယ်။ စိတ်ညစ်စရာဆိုလည်း စိတ်ထဲမှာ မထားတတ်ဘူး။ အဲဒါကြောင့်သဲက ဒီလိုမျိုးဖြစ်နေတာ ထင်ပါတယ်။
မေး။ ။ အဆိုတော် ဖိုးသားနဲ့ ချစ်စနိုးဦး ဘယ်တော့ အိမ်ထောင်ပြုကြမှာလဲ။ ဘာကြောင့် သူ့ကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ အိမ်ထောင်ပြုဖို့က လိုပါသေးတယ်။ ကိုယ့်ကိုချစ်လို့၊ ကိုယ့်ကို အနုပညာသမား အချင်းချင်း နားလည်ပေးနိုင်လို့ သူ့ကို ရွေးချယ်ခဲ့တာပါ။
မေး။ ။ မင်္ဂလာပွဲကို မျှော်လင့်နေတဲ့ ပရိသတ်ကို ဘာဟြေချင်လဲ။
ဖြေ။ ။ လိုပါသေးတယ်လို့၊ အချိန်တန်ရင်တော့ အိမ်ထောင်တော့ပြုမှာပါ၊ ဒါပေမယ့် လိုပါသေးတယ်လို့ပဲ ဟြေပါရစေ။ ပရိသတ်ကြီးကိုတော့ အခုချိန်အထိ အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့၊ သဲလည်း ထပ်ကြိုးစားမှာပါ၊ ထပ်ပြီးတော့ အားပေးကြပါဦးလို့ ဟြေပါရစေ။ ။