သတင်းတို
ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ် လုံခြုံရေး ကြည်း၊ရေ၊လေ စီမံချက်ဖြင့် ဆောင်ရွက်နေ
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် ရခိုင်ပြည်နယ်၌ လုံခြုံရေး စည်းများ ကျိုးပေါက်ခဲ့ရမှုနှင့် ပတ်သက်၍ ယမန်နေ့က အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါက်တာအေးမောင်ကတင်ပြ ဆွေးနွေးရာ၊ နှစ်နိုင်ငံနယ်စပ်တွင် ကာကွယ်ရေး ခံစစ်စခန်းများကို နယ်ခံ တပ်ရင်းများဖြင့် တည်ဆောက်ထားသလို၊ တပ်မတော်(ရေ) ကလည်း သီးသန့်စီး ပွားရေးဇုန်နှင့် နယ်နိမိတ်မျဉ်းတလျှောက် ကာကွယ်ရေးနှင့် လုံခြုံရေး စနစ်ချထားကြောင်း၊ အလားတူ တပ်မတော်(လေ) ကလည်း လေကြောင်းရန်ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ Air Defence Systemကို ကြိုတင်စီမံထားကြောင်း၊ ပြည်သူစစ်များဖွဲ့စည်းကာ ဆောင်ရွက်နေကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။