လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ဒေသခံရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား နွားကျောင်းရာမှ အစပြု၍ လေးခွများ၊ ခဲများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ရာ၊ သေနတ် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း၊ ထိုတိုက်ခိုက်မှုအတွင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရသွားသည့်အတွက် အမှုဖွင့်ထားသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်၊ ဒေသခံရွာသားများ ဒဏ်ရာရရှိခြင်း ရှိမရှိကိုမူ ဖော်ပြထားခြင်း မရှိပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။