မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ယိုတတာခဲဒါတို့ ယမန်နေ့နံနက်က နေပြည်တော်တွင် တွေ့ဆုံကာ အာရှ- ပစ္စဖိတ်ဒေသ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ဘာသာစကားသင်ကြားပို့ချရေး အပါအဝင် ပညာတော်သင်စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ် ပူးပေါင်းကာကွယ် တားဆီးရေး၊ နှစ်နိုင်ငံတပ်မတော်အကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။