Miss Universe Myanmar 2014 Winner ဆုရှင် သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံခြင်း
This article has been converted from Zawgyi One to Unicode
Miss Universe Myanmar 2014 အပြီးသတ် ပြိုင်ပွဲကြီးကို ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်းများစွာက အလှမယ်များစွာ ပါဝင်ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမယ့် အလှမယ်ကို ရွေးချယ်ခဲ့ပါတယ်။ သူကတော့ သျှားထွဋ်အိန္ဒြာလို့ အမည်ရပြီး Camp သွင်း ရွေးချယ်ထားတဲ့အလှမယ် ၂၀ ထဲကနေ Miss Universe Myanmar 2014 Winner ဆုကြီးကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံပြီး ဧရာဝတီက သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ပရိသတ်သိစေဖို့ မေးမြန်း ခဲ့ပါတယ်။
မေး။ ။ ညီမရဲ့မိသားစုအကြောင်း အရင်ဟြေပြပေးပါ။
ဖြေ။ ။ ညီမမှာ မိသားစုလေးယောက် ရှိပါတယ်၊ ညီမရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီမရဲ့ ညီမလေးရယ်ပါ။
မေး။ ။ ပညာအရည်အချင်း ကရော …။
ဖြေ။ ။ ဟုတ်ကဲ့ ညီမအခု Second Year Philosophy တက်နေပါတယ်၊ ဒဂုံတက္ကသိုလ်မှာပါ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှာလည်း Marketing Management ပညာရပ် တက်နေပါတယ်ရှင့်။
မေး။ ။ အခုလို Winner ဆုရခဲ့တဲ့ အတွက် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ လုံး၀ မမျှော်မှန်းထားခဲ့ပါဘူး၊ အခုလိုရတဲ့ အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ အမှန်အတိုင်းဝန်ခံတာပါ၊ ဒါပေမဲ့ ညီမကြိုးစားတယ်၊ အတတ်နိုင်ဆုံး ညီမကိုယ်ညီမ ယုံကြည်ချက်အပြည့်အ၀ ထည့်ထားတယ်။
ညီမမိသားစုရဲ့ အားပေးမှု၊ Organization ရဲ့အားပေးမှု၊ အားလုံးရဲ့ အားပေးမှုကြောင့် ဒီလို ယုံကြည်မှုတွေရခဲ့တာပါ။
မေး။ ။ ညီမမှာ ဘယ်လိုမျိုး အားသာချက်တွေကြောင့် ဒီလို ရွေးချယ်ခံခဲ့ရတာလို့ ထင်လဲ။
ဖြေ။ ။ ညီမမှာ အားသာချက်က ညီမက လုံး၀ စိတ်မဆိုးတတ်ဘူး၊ ညီမမျက်နှာမှာ စိတ်ဆိုးတဲ့ အမူအရာဆိုတာ မရှိခဲ့ဘူး၊ အမြဲတမ်း ပြုံးရွှင်နေနိုင်တယ်ပေါ့နော်။ အဲ့ဒါကို Organization ကလည်း ဟြေတယ်၊ ဖူးခက်က ဆရာတွေကလည်း အဲဒီတခုကို အရမ်းသဘောကျ ကြတယ်ရှင့်။
မေး။ ။ Miss တယောက်က စိတ်ဓာတ်ရော၊ အရည်အချင်းရော အားလုံး ကောင်းမွန် ပြည့်စုံနေရမှာဆိုတော့ ညီမ အဲဒီအချက်တွေ အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ။
ဖြေ။ ။ ညီမရဲ့ စိတ်ဓာတ်ကို ဟြေပြချင်တာက ညီမမှာ မနာလိုတဲ့ စိတ်မျိုး လုံးဝမရှိပါဘူး၊ နောက်တခုက ညီမ စိတ်မဆိုးတတ်ဘူး။ တကယ်လို့ ဒီဆုကို ညီမမရဘဲ တခြားညီအစ်မ တယောက် ရသွားမယ်ဆိုရင်လည်း ညီမ မုဒိတာပွားပြီး လက်ခုပ်တီးပြီး အားပေးမှာပါ။ သူလိုအပ်တာကို ညီမ နောက်ကနေပြီး ပံ့ပိုးပေးမယ်။ နောက်ပြီး အလှအပနဲ့ ပတ်သက်လို့ ညီမ Perfect မဖြစ်သေးဘူး၊ ဒါပေမယ့် တခြားနိုင်ငံက အလှမယ်တွေနဲ့ ယှဉ်ပြီ ညီမ အစစ အရာရာ အဆင်ပြေအောင် ကြိုးစားသွားမှာပါ။
မေး။ ။ Organization အပေါ်မှာရော ညီမ ဘယ်လိုစိတ်မျိုးထားလဲ။
ဖြေ။ ။ Organization က ညီမရဲ့ ကျေးဇူးရှင်တွေပါ၊ ညီမ အတတ်နိုင်ဆုံး ကျေးဇူး ဆပ်သွားမှာပါ။
မေး။ ။ Miss Universe ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ကိုရော ဘယ်လိုတွေ စဉ်းစားထားလဲ။
ဖြေ။ ။ ညီမတို့မြန်မာနိုင်ငံရဲ့ သယံဇာတတွေ၊ Traditional Dance တွေ၊ ညီမတို့ နိုင်ငံက ဘယ်လောက်အထိ ယဉ်ကျေးမှု ထွန်းကားတယ်ဆိုတာကို သူများနိုင်ငံတွေထက် လုပ်ပြသွားမယ်လို့ ညီမကတိပေးပါတယ်။
ညီမ တကယ်ကို ဒီမှာ ကြိုးကြိုးစားစား ပြင်ဆင်သွားပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားကျ ကျေနပ်နိုင်တဲ့ အနေအထား တခုအထိ ကြိုးစားသွားပါ့မယ်ရှင့်။

မေး။ ။ နိုင်ငံအများကြီးက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ယုံကြည်ချက် ထားထားလဲ။
ဖြေ။ ။ ညီမဆီမှာ ယုံကြည်ချက်ကတော့ အပြည့်အဝရှိပါတယ်။ ဘာလို့လဲဆိုတော့ ညီမကို အားပေးကြတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ နောက်ပြီး ညီမရဲ့ Organization က အားပေးကြတဲ့အတွက် ယုံကြည်ချက် အပြည့်အ၀ ထည့်ထားပါတယ်။
မေး။ ။ အခုညီမက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အလှမယ်တယောက် ဖြစ်သွားပြီဆိုတော့ ဘယ်လို စံပြဖြစ်အောင် နေထိုင်သွားမှာလဲ။
ဖြေ။ ။ ညီမ အခုလက်ရှိ အခြေအနေထက်ကို ဆင်ဆင်ခြင်ခြင် နေသွားပါ့မယ်၊ ညီမဟြေပုံဆိုပုံ၊ နေပုံထိုင်ပုံကအစ အစစအရာရာ ဆင်ခြင်ပြီး နေသွားပါ့မယ်ရှင့်။
မေး။ ။ Miss တယောက်ဖြစ်လာရင် ပရဟိတတွေ လုပ်လာကြတယ်ဆိုတော့ ညီမက ဘယ်လို ပရဟိတမျိုး လုပ်ရတာ စိတ်ဝင်စားလဲ။
ဖြေ။ ။ ညီမက ပရဟိတကို ဒီ Miss ရမှ လုပ်တာမဟုတ်ပါဘူး၊ ဒီဆုမရခင်ကလည်း ပရဟိတ အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ အခုဒီလို Miss တယောက်ဖြစ်လာတော့ ဒီနေရာနဲ့ ထိုက်တန်တဲ့ ပရဟိတ လုပ်ငန်းတွေ ပိုလုပ်သွားမှာပါ။
ပရဟိတဆိုတာ အများကြီးရှိပါတယ်။ လိုအပ်တဲ့နေရာတွေ အများကြီးမှာ ဖြည့်ဆည်း ပေးချင်ပါတယ်။
မေး။ ။ အခုအချိန်မှာ ညီမရဲ့ အားနည်းချက်က ဘာဖြစ်မယ်လို့ ထင်လဲ။
ဖြေ။ ။ လူတိုင်းမှာတော့ အားနည်းချက်က ရှိကြပါတယ်၊ ညီမမှာလည်း အားနည်းချက်တွေ အများကြီးရှိပါတယ်၊ ညီမရဲ့ အားနည်းချက်တွေကိုတော့ ဟိုနိုင်ငံအထိ မပါသွားအောင်တော့ ညီမ ဂရုစိုက်ပါ့မယ်။
မေး။ ။ ညီမကို Miss Universe ပွဲကြီးမှာ အားပေးကြတော့မယ့် ပြည်သူလူထု ပရိသတ်တွေကို ဘာဟြေချင်လဲ။
ဖြေ။ ။ ညီမကို အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ညီမ ဒီလိုစင်ပေါ်ကို ယုံယုံကြည်ကြည် တက်လှမ်းလာနိုင်တာ ပရိသတ်တွေ အားလုံးရဲ့ အားပေးမှုတွေလည်း ပါတယ်၊ ညီမကို ဆက်ပြီးတော့လည်း အားပေးကြပါ၊ ဝေဖန်အကဲဖြတ်ပေးကြပါ။ ညီမဘက်ကလည်း ပြန်ပြီးတော့ ပရိသတ်တွေ လက်ခံနိုင်တဲ့ Miss တယောက်အဖြစ် ရပ်တည်သွားပါ့မယ်လို့ ကတိပေးပါတယ်ရှင့်။