All Nippon Airways (ANA) က မြန်မာပြည်မှ လေကြောင်းလိုင်းတခုဖြစ်သော Asia Wings Airways တွင် အမေရိကန် ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံရန် ၂၀၁၃ ခုနှစ်က သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်းက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူရန် သဘောတူထားသော ANA က မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းသစ်နှင့် လိုင်းဟောင်းများ ယှဉ်ပြိုင်မှု ပြင်းထန်ခြင်း၊ အပြောင်း အလဲများ မြန်ဆန်ခြင်း စသည်တို့ကြောင့် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ဆိုသည်။ Asia Wings Airways တွင် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်ဆိုင်မှုများ ပါဝင်သည်ဟုဆိုကာ သတင်းများ ထွက်ပေါ်ခဲ့ပြီး Asia Wings Airways ကလည်း ငြင်းဆိုခဲ့သည်။
ဆက်စပ်သတင်းများ