မြန်မာနိုင်ငံကို ARF အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကွန်ဂ ရက် လွှတ်တော် အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁ဝ ရက်နေ့ ကျင်းပမယ့် ASEAN Regional Forum – ARF အစည်းအဝေးတက်ဖို့သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် ကွန်ဂရက် အမတ် ၇ဝ ကျော်က ဂျွန်ကယ်ရီဆီ ပေးပို့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေ အနေဟာ အဆိုးဘက်ကို နောက်ပြန်ဆုတ်သွားနေတာကြောင်၊့ မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက် စီးစေတယ်ဆိုတာ မြန်မာအစိုးရကို သတိပေးဖို့ ဝန်ကြီး ဂျွန်ကယ်ရီကို တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်က အစပြုကာ မြန်မာနိုင်ငံ အနှံ့အပြား လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ၊ အထူးသဖြင့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုအကြမ်းဖက်မှုတွေ ဖြစ်တာ၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေနဲ့ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာအပါအဝင်၊ မြန်မာသတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတာတွေဟာ အခြေအနေဆိုးတွေဖြစ်တယ်လို့ ကွန်ဂရက်အမတ်တွေက ထောက်ပြထားပါတယ်။
ဒါအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ ပျက်ကွက်နေပြီး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်အခဲဆုံးနဲ့အဟန့် အတား ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စတွေ အရာမထင်သေးတာတွေလည်း ထောက်ပြထားပါတယ်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အရေးအပါဆုံး ခြေလှမ်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာဟာ မှေးမှိန်နေဆဲဖြစ်တဲ့ အပြင်၊ လာမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စတွေမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ချုပ် ချယ်မှုတွေ လုပ်ဖို့ ကြိုးစားလာတာကိုလည်း ကွန်ဂရက်အမတ်တွေက ထောက်ပြပါတယ်။
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအကောင်အထည်ဖော်နေပေမယ့် အခု ထိ အာမခံချက်ရှိတဲ့ အခြေအနေတခုကို မရောက်သေးတဲ့ အပြင်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာ စစ်တပ် က အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ လုပ်ရပ်တွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေသေး တာကို လည်း ထောက်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို နိုင်ငံရေးအကျဉ်းသားအားလုံးကို လုံးဝ ခြွင်းချက်မရှိ လွှတ်ပေး မယ် လို့ ကတိပေးထားပေမယ်၊့ အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက်ကျန်ရှိနေသေးတာလည်း ကွန်ဂရက်အမတ်တွေက ထောက်ပြပါတယ်။
ယခု စာကို လက်မှတ်ရေးထိုး ထောက်ခံတဲ့ ကွန်ဂရက်လွှတ်တော် အမတ် ၇ဝ ကျော်ဟာ ဒီမိုကရက်ပါတီရော၊ ရီပတ်ဗလီကန်ပါတီတွေက ထင်ရှားသူတွေ လည်း ပါဝင်ပါတယ်။
အထက်ကဖော်ပြထားသလို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင် စုက အရင်က ပိတ်ပင်ကန့်သတ်ထားချက်တွေကို နောက်ထပ် ဖြေလျှော့ပေးဖို့ စဉ်းစားချက်တွေကို ပြန်သုံးသပ်ပြီး ရပ်ဆိုင်း ထားဖို့ ကွန်ဂရက်အမတ်တွေက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံက အပြစ်မဲ့ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်သူတွေကိုလည်း ထိရောက်တဲ့အရေးယူမှုတွေကို အမေရိကန်ရဲ့ လုပ်ပိုင်ခွင့်အပြည့်အဝသုံးပြီး အရေးယူဒဏ်ခတ်ဖို့လည်း ကွန်ဂရက်အမတ်တွေက တိုက်တွန်းပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကို သွားရောက်တဲ့ အခါမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေရှိနေတာကို မြန်မာ အစိုးရနဲ့ အလေးအနက် ဆွေးနွေးတိုက်တွန်းဖို့လည်း အမေရိကန် အခြေစိုက်တဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသင်း အဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီးတောင်းဆိုခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးဟာ သိသာတဲ့ မြန်မာပြည် အပြောင်းအလဲတွေ ကြောင့်၊ ကောင်းမွန်တဲ့အနေအထားရှိခဲ့ပေမယ့် အခုလို ပြုပြင်ပြောင်းလဲရေးကို သွေဖီတဲ့ ဖြစ်ရပ်တွေကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ပါ ထိခိုက်တာဖြစ်တယ်လို့ အမေရိကန် အမတ်တွေက ဆိုကြပါတယ်။