နေပြည်တော်၌ ကျင်းပမည့် အမေရိကန်- အာဆီယံအဖွ့ဲအစည်း အဝေး တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် သြဂုတ်လ ၉ ရက်နေ့ တွင်ရောက်ရှိမည်ဖြစ်ပြီး၊ ထိုနေ့မှာပင် မြန်မာအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝန်ကြီး ဂျွန်ကယ်ရီသည် သြဂုတ်လ ၉ရက် နေ့နှင့် ၁၀ရက်နေ့တွင် ကျင်းပမည့် မဲခေါင်မြစ်ဝှမ်း မိတ်ဆွေနိုင်ငံများနှင့် သက်ဆိုင်သည့် အစည်းအဝေး၊ အမေရိကန်- အာဆီယံ အစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ် ARF အစည်းဝေးနှင့် အရှေ့ အာရှ ထိပ်သီးအစည်းအဝေးများကို တက်ရောက်မည်ဖြစ် ပြီး၊ ထိုနောက် သြစတြေးလျ၊ ဆော်လမွန် ကျွန်းနှင့် ဟာဝိုင်ယီကို သွားရောက်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။