ပြီးခဲ့သည့် ဇူလိုင်လဆန်းက မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည် ပဋိပက္ခ၌ လီဆယ် တိုင်တန်းမှု နဲ့ အရေးယူခံရသော ကတုံးမ (ခ)မဖြူဖြူမင်း အပါအဝင် ၄ ဦး ကို ပျဉ်းမနား တရားရုံးတွင် ယနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးကြောင်း သတင်းရသည်။ ထိုသို့ လီဆယ်တိုင်တန်းမှုမှ စတင်ကာ ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း လူနှစ်ဦးသေဆုံးခဲ့ရပြီး၊ လူသတ်မှု၊ မီးရှို့မှု၊ နာကျင်စေမှု၊ ဆူပူလှုံဆော်မှု၊ လက်နက်မှုတို့ဖြင့် လူပေါင်း ၄၂ ဦးကို ဖမ်းဆီး အမှုဖွင့် အရေးယူထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။