သတင်းတို
ပဲခူးမြစ်ရေလျှံလို့ ကဝမြို့နယ်မှာ ပျိုးစိုက်ပြီးလယ်တွေ ဧက ထောင်ချီဆုံးရှုံးမှုဖြစ်
This article has been converted from Zawgyi One to Unicode
ပဲခူးတိုင်း အရှေ့ပိုင်း ကဝမြို့နယ်မှာ ပဲခူးမြစ်ရေလျှံနေတာ တပတ်လောက်ရှိနေပြီဖြစ်ပြီး ပျိုးစိုက်ပြီးသား လယ်ဧက ထောင်နဲ့ချီ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ ပင်လယ်ပြင်ကြီးလိုဖြစ်နေတဲ့ ရေကြီးမှုဟာ မိုးခိုင်၊ ကျားတက်၊ နိဗ္ဗာန်၊ ပိုင်ကျုံ၊ အုန်းနှဲ၊ ဝေသာလီ၊ ဖလေး၊ ကင်းပိုင်ခြုံနဲ့ ကမာကလဲ စတဲ့ကျေးရွာတွေလည်း ရေမြှုပ်နေတဲ့အတွက်ကြောင့် တချို့ရွာတွေဆိုရင် ရွာထဲမှာဘဲ လှေနဲ့သွားလာ နေကြ ရပါတယ်။ ဒါ့အပြင်ကျေးရွာဆက်လမ်းတွေလည်း ရေကြီးမှုကြောင့် ပျက်စီးမှုတွေဖြစ်ပေါ်နေပြီး ဒေသခံတွေ သွားလာရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။