သတင်းတို

ဖမ်းဆီးထားတဲ့ Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာကို ပြန်လွှတ်ပေး

This article has been converted from Zawgyi One to Unicode

ဖမ်းဆီးထားတဲ့ Bi မွန်းတည့်နေဂျာနယ် က အယ်ဒီတာ ကိုရဲမင်းအောင်ကို သြဂုတ်လ ၄ ရက်နေ့ က ပန်ပဲတန်းတရားရုံး ရုံးထုတ်ချိန်မှာဘဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သူနဲ့အတူဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၅ ဦးကိုတော့ ပြန်မလွတ်ပါဘူး။ ဒါပေမယ့် အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ ပုဒ်မ ၅ (ည) တို့နဲ့ မူလက တရားစွဲဆိုထားတာကနေ ပြစ်ဒဏ် သက်သာတဲ့ ပုဒ်မတွေ အဖြစ်ပြောင်းလဲ စွဲဆိုခဲ့တယ်လို့သိရပါတယ်။ Bi မွန်းတည့်နေ သတင်းသမား ၆ ဦးကို အာဏာပိုင်တွေက ဒါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်တခုကို သတင်းရေးသား ဖော်ပြခဲ့မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Loading