• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံ တဝန်း မိုးကြီးရေလျှံ၍ ပျက်စီးဆုံးရှုံးမှုများ ရှိ

by မေစစ်ပိုင်
5 August 2014
in သတင်း
A A
သဘာဝဘေး, ရေကြီးရေလျှံ, ကူညီကယ်ဆယ်ရေး

လှည်းကူးမြို့နယ်ရှိ ဘားလားကျေးရွာတွင် ရေကြီးနေသည်ကို သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတဝှမ်းရှိ ဒေသအများစုတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များနှင့် လယ်ယာမြေများ ရေနစ်မြုပ်ခြင်း၊ ကားအသွားအလာများ ယာယီပိတ်ဆို့နေခြင်းများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
27
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
26
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
387

ပဲခူးတိုင်းဒေသကြီး အတွင်း ပြည်မြို့နယ်၊ ဝက်ထီးကန် တိုက်နယ်၊ မြွေရိုးအုပ်စုအတွင်းရှိ ရွာများ၊ ကဝမြို့နယ်ရှိ ပိုင်ကျုံ၊ သရက်ပင်ခေါက်၊ သံတံခါးနှင့် ဇွဲဘာ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ နီးစပ်ရာဘုန်းကြီးကျောင်းများသို့ ယာယီရွှေ့ပြောင်းနေထိုင်နေကြသည်။

“ရေကြီးနေတာတော့ တပတ်လောက်ရှိပြီ၊ အိမ်ကြမ်းခင်းလောက်အထိ မြုပ်လာတယ်၊ တချို့တွေကတော့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေကြတယ်၊ ကျန်တဲ့မြို့နယ်တွေတော့ ဒီလောက်ဆိုးတယ် မကြားသေးဘူး” ဟု ကဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောပြသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရေကြီးရေလျှံမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဧရာဝတီက  ဖုန်းဆက်မေးမြန်းရာတွင် ဆောင်ရွက်ရန် များစွာရှိကြောင်း၊ အသေးစိတ် သိရှိလိုပါက အစိုးရအဖွဲ့ရုံးသို့ ကိုယ်တိုင် လာရောက်မေးမြန်းရန် ပြောကြားသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း လတ်တလော ဖြေကြားနိုင်ခြင်း မရှိပေ။

ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ ဘားလား (တံတားကြီး) ကျေးရွာ၊ ရေကျော်ရွာ၊ စစ်ပင်ရွာနှင့် ငွေနံ့သာကျေးရွာ တို့တွင်လည်း ရေကြီးရေလျှံနေသည်မှာ ၁၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်၊ နေအိမ်ရေမြုပ်နေသည့် ဒေသခံများမှာ ရေလွတ်ရာ နီးစပ်ရာအိမ်များတွင် ခေတ္တနေထိုင်ကြပြီး နွားတင်းကုပ်များကိုလည်း လူသွားလမ်းမကြီးပေါ်တွင် ပြောင်းရွေ့ထားရသည်ဟု ဒေသခံများထံမှ သိရသည်။

“ရေကြီးတော့ စားစရာနဲ့ ရေ အခက်အခဲတော့ ဖြစ်သွားတယ်၊ အဓိက ကတော့ ရေ မလုံလောက်တာပေါ့။ ရေက မကျဘဲ တက်တက်လာတော့ ခြေတံအမြင့် ဆောက်ထားတဲ့အိမ်တွေကတော့ ရေသိပ်မမြုပ်ဘူးပေါ့။ အိမ်အနိမ့်လေးတွေကတော့ မြုပ်တဲ့အိမ်မြုပ်၊ တချို့အိမ်တွေလည်း အိမ်တဝက်လောက်အထိ ရေမြုပ်နေလို့ ထပ်ခိုးတွေ တထပ်ပြီးတထပ် ထိုးနေကြရတယ်၊ ရေကြီးတော့ ပိုးထိတာတွေ ဘာတွေတော့ ရှိတယ်။ မြွေတွွေက ဒိုက်တွေနဲ့ မျောလာတယ် ထင်တာပဲ” ဟု ဘားလားကျေးရွာမှ ဆရာတော် ဦးကေသဝက ဧရာဝတီသို့ မိန့်သည်။

စိုက်ပျိုးပြီးစ စပါးခင်းများလည်း ရေဖုံးလွှမ်း ပျက်စီးသွားပြီး လယ်ဧကပေါင်းများစွာ ရေနစ်မြုပ်ဆဲဖြစ်ကာ ယနေ့အထိ ရေတက်နေဆဲဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသ မြို့ကြီးများဖြစ်သည့် မော်လမြိုင်နှင့် ဘားအံမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများကြောင့် ကားအသွားအလာတချို့ ရပ်နားထားရသည်ဟု သိရသည်။

သထုံ-မော်လမြိုင် ကားလမ်း မိုင်တိုင် ၁၃၁ မိုင်မှ ၁၃၉ မိုင်အကြားတွင် ကားလမ်းပေါ်သို့ အမြင့် ၅ ပေခန့် ရေကျော်နေသည့်အတွက် ကားအစီး ၃၀ မှ ၄၀ ကြား ပိတ်မိနေပြီး ကားအသွားအလာ ယာယီရပ်ဆိုင်းထားသည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

“အရေးပေါ်ဖြစ်လာရင် ကူညီကယ်ဆယ်ဖို့ မြို့နယ်တိုင်းမှာ ကော်မတီတွေ ဖွဲ့ထားပါတယ်။ လက်ရှိတော့ ကားလမ်းပေါ် ရေတက်နေတာပဲ ဖြစ်သေးတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

သထုံခရိုင်အတွင်းရှိ သက္က ဘေးမဲ့တောရကျောင်းအနီးတွင်လည်း ရေကြီးရေလျှံမှုရှိပြီး တောင်ပြိုနေသည်ဟုလည်း သထုံဒေသခံတဦးက ဧရာဝတီသို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

ဘားအံမြို့နယ်တွင် သာမန် ရေလျှံမှုသာ ရှိသေးသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ မလိုသေးဟု ဒေသခံများ ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းနှင့် ငါးသိုင်းချောင်း တို့တွင်လည်း ရေကြီးနေသည့်အတွက် ဒေသခံတချို့ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဟု သိရှိရသည်။

လက်ရှိတွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၆ လက်မခန့် မြင့်တက်နေပြီး ရေကြည်မြို့နယ်ရှိ မိသားစု ၃၅ စု၊ လူဦးရေ ၈၆ ဦးမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်နေကြသည်ဟု သိရသည်။

“အင်္ဂပူ ကွင်းကောက် ကျေးရွာဘက်မှာ ကားလမ်းတွေပေါ် ရေလျှံနေလို့ ကားကြီးတွေ သွားလို့မရဘူး။ ဗွက်အရှေ့၊ အနောက်နဲ့ အလယ်ရွာတွေမှာလည်း အိမ်တွေရေဝင်လို့ ခေတ္တ ပြောင်းနေကြရတယ်လို့ ကြားတယ်” ဟု ဧရာဝတီ တိုင်းဒေသကြီး ဒေသခံတဦးဖြစ်သူ ကိုသန့်စင်က ပြောသည်။

သြဂုတ်လ ၂ ရက်နေ့က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာထိပ်တွင် တည်ထားသော ဉာဏ်တော် ၉ တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်လည်း ကမ်းပါးပြိုကျရာတွင် ပါသွားခဲ့ပြီး ယနေ့ နံနက် ၆ နာရီခွဲတွင် မြစ်အတွင်း နစ်မြုပ်သွားသည်ဟု ရဲတပ်ဖွဲ့၏ ရဲဇာနည်ဖေ့ဘုတ်စ်ကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

သြဂုတ်လ ၅ ရက်နေ့ နာဆာဂြိုဟ်တု တိုင်းတာချက်အရ  ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီအရှေ့ပိုင်း၊ ရန်ကုန်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် လာမည့် ၃ လအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး တောင်ပိုင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်း၊ မန္တလေးတောင်ပိုင်းစွန်း၊ ရှမ်းပြည်နယ် အနောက်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မြောက်ပိုင်းတို့တွင် ရွာသွန်းနေကျ မိုးရေချိန်ထက် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ပိုနိုင်သည်ဟု ၎င်းက သုံးသပ်ထားသည်။

လက်ရှိတွင် သံလွင်မြစ်ရေနှင့် ငဝန်မြစ်ရေတို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်နေပြီး ယင်းရေမှတ်အတိုင်း ဆက်လက် ရှိနိုင်ကြောင်း၊ ပဲခူးမြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေတို့မှာ စိုးရိမ်ရေမှတ်အောက်တွင် ရှိနေသော်လည်း စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Your Thoughts …
Tags: Flood
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၂၀၀ ကျော် ရေဘေးဒုက္ခရောက်နေ

by သန့်စင်ငြိမ်းချမ်း
14 August 2012
2.3k

မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအ၀င် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း, ကောလင်း, ဘုတလင်, ရေကြီးရေလျှံ

စစ်ကိုင်းတိုင်း ၇ မြို့နယ် ရေကြီးရေလျှံဖြစ်ပွားမှု အိမ်ခြေ ၁၀၀၀၀ ကျော် ရေဝင်ပျက်စီး

by တင်ထက်ပိုင်
20 July 2015
14.5k

စစ်ကိုင်းတိုင်း မြို့နယ် ၇ မြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် အိမ် ၂၄ လုံး ရေထဲမျောပါသွားပြီး အိမ်ခြေ ၁၃,၀၀၀ သည် ရေ ဝင် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ...

ရေဘေး, ရေကြီးရေလျှံ, မြေပြိုမှု

မြန်မာ့ရေဘေး ရတက်မအေး

by ထက်နိုင်ဇော်
6 August 2015
9.3k

အစိုးရရဲ့ သဘာဝဘေး အန္တရယ်ကယ်ဆယ်ရေး ဗဟိုကော်မတီ ဆိုတာ အမည်သာရှိပြီး ဘာမှအလုပ် မဖြစ်တဲ့ အဲဒီအဖွဲ့ဟာ သဘာဝဘေး အန္တရယ် တခုခု ထဖြစ်မှ အစည်းအဝေး ထခေါ်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဧရာဝတီ, မြစ်ရေ, သွားလာခွင့်ပိတ်

မြစ်ရေတိုးမှုကြောင့် ဧရာဝတီတံတား အောက်မှ သင်္ဘောများ သွားလာခွင့်ပိတ်ပင်

by မန်းသားလေး
18 September 2013
2.7k

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် တည်ရှိနေပြီး ဧရာဝတီမြစ်ရေ နှင့် ဧရာဝတီမြစ်ကူး တံတား ထိစပ်ရန် ၃၆ ပေသာ ကွာဟမှုရှိတော့သဖြင့် သင်္ဘောသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်

ရေကြီး ရေလျှံ, မုန်တိုင်း

ရေကြီး ရေလျှံမှုများကြောင့် သေဆုံးသူ လူ ၂၀ အထိ ရှိလာ

by သူဇာ
28 July 2015
7.6k

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းအပါအ၀င် နိုင်ငံတဝန်း နီးပါး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုး မှုများကြောင့် ဒေသတချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ ဇူလိုင်၂၇ ရက် စာရင်းအရ သေဆုံးသူ လူ...

ဝေဠုကျော်, ရေဘေး, ရေကြီးရေလျှံ

အပျော်လုပ်နေတာ မဟုတ်ဘူးဆိုတဲ့ ဝေဠုကျော်နှင့်

by ဧရာဝတီ
7 August 2015
36.4k

ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကိုဝေဠုကျော်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။

Next Post
အမျိုးသမီး

မြန်မာ အမျိုးသမီး စီးပွားရေး စွန့်ဦးတီထွင်လိုသူများကို ကူညီနေသူ Allison Morris နှင့်တွေ့ဆုံခြင်း

PR , ဆန္ဒပြ , ၂၀၁၅ ရွေးကောက်ပွဲ

PR စနစ် လက်မခံကြောင်း ရန်ကုန်တွင်လည်း ဆန္ဒပြ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate