သတင်းတို

ရခိုင်တွင် အီဘိုလာရောဂါ ဖြစ်နေသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း အစိုးရပြော

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ အသက် ၆ နှစ် ကလေးငယ်တဦး အီဘိုလာရောဂါ ဖြစ်ပွား နေသည်ဟု အင်တာနက်တွင် ရေးသားဖော်ပြ နေသည်မှာ မဟုတ်မှန်ကြောင်း၊ ယင်း ကလေးငယ်၏ ရောဂါမှာ ဆာလဖာ ဆေးနှင့် မတည့်၍ ဖြစ်ပေါ်လာသော Stevens- Johnson Syndrome ရောဂါသာ ဖြစ်ပြီး၊ စစ်တွေဆေးရုံမှ ဆရာဝန်ကြီးများ ပြုစုကုသနေရာ လက်ရှိ အခြေအနေမှာ ကောင်းမွန်နေပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောဆို ချက်ကို ကိုးကား၍ ယနေ့ထုတ် အစိုးရ သတင်းစာ တွင် ဖော်ပြထားသည်။

Loading