သတင်းတို
စစ်တွေ ကယ်ဆယ်ရေး စခန်းတွင် ရုန်ရင်းဆန်ခတ်ဖြစ်ပွားရာ လူတဦးသေဆုံး
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် စစ်တွေမြို့ မှန်စီ ကယ်ဆယ်ရေး စခန်းတွင် ပြီးခဲ့သည့် ဗုဒဟူးနေ့ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားရာ ရဲက ပစ်ခတ်နှိမ်နင်းသဖြင့် လူတဦးသေဆုံးသွားကြောင်း၊ ဖြစ်ပွားပုံမှာ ကယ်ဆယ်ရေးစခန်းရှိ ကွမ်းယာဆိုင်တွင် ဈေးဝယ်နေသည့် အလူလာလုံ( ၂၃ နှစ်)နှင့် လာဘာဟူစွန်း (၁၃နှစ်) တို့ကို စခန်းတွင်းရှိ လူ တစုက ဖမ်းဆီး သတ်ဖြတ်ရန် ကြိုးစားရာ ရဲတပ်ဖွဲ့ဝင်များက လူစုခွဲခြင်းကို ရန်ပြုလာသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။