သတင်းတို
၄၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေး နေပြည်တော်တွင် စတင်
This article has been converted from Zawgyi One to Unicode
၄၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေးကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ ထားသော သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းက နေပြည် တော်၌ ဖွင့်လှစ်ပေးလိုက်ပြီး၊ အာဆီယံလူ့အဖွဲ့အစည်း၏ ဦးစားပေးလုပ် ဆောင်ရမည့်ကဏ္ဍများတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကျိုးအမြတ်များကို မျှဝေသွားသင့်ပြီး အာဆီယံ အဖွဲ့ကြီး၏ အဓိက ရည်မှန်းချက်များဖြစ်သည့် အာဆီယံ ပြည်သူများအား လူနေမှု အဆင့် အတန်းမြင့်မားရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးများကို ဖော်ဆောင်နိုင်ရေးအပြင် လူ့ဂုဏ်သိက္ခာမြင့်မားလာစေရေး တို့အား အားသွန်ခွန်စိုက်ကြိုးစားသွားရေးကို မမေ့လျော့သင့်ကြောင်း သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောဆို သည်။