Crime

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုဖြင့် မြန်မာ ၄ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၄ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

အသက်မပြည့်သည့် အမျိုးသမီးငယ်တဦး အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်း ရရှိသည့်အတွက် ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဌာန(လဝက)၊ ရဲ တပ်ဖွဲ့နှင့် စစ်တပ်တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ပ ရပ်ကွက် ပန်ဆဝန် ဟိုတယ်၌ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် ရောင်းချမှုများ ရှိနေသည်ဟု သတင်းရရှိ၍ စီမံချက်ချ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု တာ့ခ်ခရိုင် ရဲမှူးကြီး ဖုန်နခွန် နခွန်ဆန်က ယမန်နေ့က ကျင်း ပ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုကြောင်း ယင်းသတင်းတွင် ပါရှိသည်။

ထိုင်း လဝက၊ ရဲများနှင့် စစ်သားများသည် ဧည့်သည် အယောင်ဆောင်၍ ပြည့်တန်ဆာများနှင့် ပျော်ပါးရန် ဆက်သွယ်ခဲ့ပြီး နောက် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သည့် မြန်မာအမျိုးသား ၄ ဦးကို ယမန်နေ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟုလည်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

ထိုင်းရဲများက ပန်ဆဝန် ဟိုတယ်၏ မြန်မာ အမျိုးသား ဝန်ထမ်းတဦးအား ဟိုတယ်၌ အမျိုးသမီးများနှင့် ပျော်ပါးရန် စီစဉ် ခိုင်းရာမှ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည့် မြန်မာအမျိုးသား ၂ ဦးက အသက် ၁၆ နှစ်အရွယ် မြန်မာ အမျိုးသမီးငယ် တဦး အပါအဝင် မြန်မာအမျိုးသမီး ၃ ဦးကို ဆိုင်ကယ်ဖြင့် ဟိုတယ်သို့ ခေါ်လာစဉ် သက်သေနှင့်တကွ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖော်ထုတ် စစ်ဆေးမှုများအရ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ မြန်မာအမျိုးသား ၄ ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသည့် အတွက် ဥပဒေအရ အရေးယူသွားနိုင်ရန် မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ထိုင်းရဲမှူး တဦးကို ကိုး ကား ပြီး ထိုင်းနိုင်ငံထုတ် မန်နေဂျာ အွန်လိုင်း သတင်းတွင်လည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား ၃ သိန်းကျော်ရှိပြီး တရားမဝင် မြန်မာအလုပ်သမားများ အပါအဝင် မြန်မာ နိုင်ငံ ရှိ တိုင်းနှင့် ပြည်နယ် အသီးသီးမှ လာရောက် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများစွာ ရှိနေသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ မဲဆောက်မြို့သည် တရားမဝင် လူမှောင်ခိုကူးသည့် လုပ်ငန်းများ အထူးရှိနေသည့်မြို့အဖြစ် နာမည်ကြီးသည်ဟုလည်း သိရသည်။

တခြားသော ထိုင်းသတင်းများတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး နှစ်နိုင်ငံ နယ်စပ်များတွင် လူမှောင်ခိုကူးမှု တိုက်ဖျက် ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိရာ အောင်မြင်မှုများ ရရှိနေသည်ဟု ဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading